ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ရှက်ဖီးကို အိမ်ကွင်းမှာ ဧည့်ခံတဲ့ပွဲမှာ လီဗာပူးက ၂-၁ နဲ့ အနိုင်ရခဲ့ကာ အဲဗာတန်တို့ရဲ့ ပွဲမတိုင်ခင် ရမှတ်တူဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ခ့တယ်။

လီဗာပူးက တိုက်စစ်သမား လေးဦးလုံးကို ထုတ်သုံးလာသလို အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂိုးသမားအဖြစ် အယ်လီဆန် တာဝန်ယူနေခြင်းကြောင့် ယုံကြည်မှုရှိနေဟန်ရှိတယ်။ ပွဲစကတည်းက မြန်ဆန် သွက်လက်တဲ့ ကစားဟန်နဲ့အတူ ပွဲကို ဦးဆောင်ကစားခဲ့တယ်။ ပေးတွေ မြန်ဆန်ပြီး တိုက်စစ်ဆင်လိုစိတ် ရှိသလို ဖန်တီးမှုအတွက် အခွင့်အရေးတွေကို ဆက်တိုက် ရှာဖွေခဲ့တယ်။

ဒါပေမယ့် အသင်းရဲ့ ပွဲရှိန်ကို သတ်လိုက်တာကတော့ ဖာဘင်ညိုရဲ့ လှပတဲ့ ရှင်းထုတ်မှုကို ဒိုင်တွေက ပင်နယ်တီအဖြစ် ဆုံးဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ဖာဘင်ညိုရဲ့ ကာကွယ်မှုက တော်တော်လေးကို ကောင်းခဲ့တာပါ။ ရှက်ဖီးရဲ့ ကန်ချက် ထွက်လာမယ့်ဘောကို ပိတ်ကာခဲ့ပြီး ဘောလုံးနဲ့လည်း ထိခဲ့တယ်။ ဒါပေမယ့် VAR ကတော့ အံ့သြသင့်ဖွယ်ကောင်းအောင် ပင်နယ်တီအဖြစ် သက်မှတ်ပေးခဲ့ပါတယ်။

ဖာဘင်ညိုရဲ့ ဖြတ်ထုတ်မှုကို VAR က ပင်နယ်တီ ပေးရာမှာ ဖြစ်ရပ်က အတွင်းမှာဖြစ်ခဲ့သလား အပြင်မှာ ဖြစ်ခဲ့သလားကိုပဲ စစ်ခဲ့တယ်။ ပြစ်ဒဏ်ဘော ကျူးလွန်သလား မကျူးလွန်သလားကို မစစ်ခဲ့ပါဘူး။ အမှန်တကယ်က ဘောလုံးကို ရှင်းထုတ်ရာမှာ ပင်နယ်တီစည်းထဲတောင် မရောက်ခဲ့သလို ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့ ကိစ္စဖြစ်တယ်။

ရှက်ဖီးဘက်က ရုပ်ပိုင်းဆိုင်ရာကို အားပြုပြီး လီဗာပူးအသင်းသားတွေကို ဒေါသထွက်အောင် ဆွကစားမှုတွေ လုပ်လာခဲ့တယ်။ ရော်ဘတ်ဆန် လက်ထိတာကတော့ ဒီရာသီရဲ့ ပင်နယ်တီ စည်းမျဉ်းအရ သူ့ခန္ဓာကိုယ်ဟာ natural ပုံစံမှာ ရှိနေတာကြောင့် ပင်နယ်တီ မပေးခဲ့ရပါဘူး။ ရှက်ဖီး ကစားသမားတွေက မြင့်မားတဲ့ အရပ်အမောင်းတွေကို အားပြုပြီး ပင်နယ်တီ ဧရိယာထဲ လဲကျခြင်းတွေနဲ့ ဖိအားပေးခဲ့ကြတယ်။

၂၅ မိနစ်နောက်ပိုင်း ကစားကွက် ပြန်မိလာတဲ့ လီဗာပူးအတွက် ခြေပဂိုးကတော့ ဟန်ဒါဆန်ရဲ့ ခုတ်တင်ပေးမှုကို မာနေး အပိုင် ခေါင်းတိုက်ရာက ပြန်ကျလာတဲ့ ဘောလုံးကိုပဲ ဖာမင်နိုက ပိတ်သွင်းယူခြင်းဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘယ်အစွန်လူ ရော်ဘတ်ဆန် အတော်လေး ကြိုးစား ကစားခဲ့သလို ထရန့်ကလည်း အရင်ပွဲတွေကထက် တိုက်စစ် ခံစစ် ပိုမို ဟန်ချက်ညီခဲ့တယ်။

ကွင်းလယ်က ဟန်ဒါဆန်ရဲ့ ဘောလုံးဖြန့်မှုတွေအပြင် မာနေးရဲ့ တိုးအားတွေက လီဗာပူးအတွက် အထောက်အကူဖြစ်ပါတယ်။ ပထမပိုင်းကတော့ ၁-၁ ရလဒ်နဲ့ပဲ ပြီးခဲ့တယ်။

ဒုတိယပိုင်းမှာ လီဗာပူးက ပွဲကို ဦးဆောင်နိုင်ဖို့ ဘောလုံးကို ခပ်မြန်မြန်ပေးမှုတွေ ခပ်သွက်သွက်ကစားမှုတွေ လုပ်လာခဲ့တယ်။ ပွဲကို လွှမ်းမိုးလာခဲ့ပြီး အတော်လေး ကစားလာနိုင်တယ်။ ပထမပိုင်းမှာ သိပ်အတွဲမမိတဲ့ ဂျိုတာက ဒုတိယပိုင်းမှာတော့ ပြေးထွက်မှုကောင်းတွေ၊ ဆွဲပြေးမှုကောင်းတွေနဲ့ အတော်လေး လှုပ်ကစားလာနိုင်ခဲ့တယ်။

ဦးဆောင်ဂိုးကတော့ ပြေးထွက်မှုတွေကို ကောင်းမွန်စွာ လုပ်နေတဲ့ ဆာလက် အလှပဆုံး ပိတ်သွင်းပေမယ့် VAR က လူကျွံဘောအဖြစ် သက်မှတ်ခဲ့တယ်။ အနှေးပြကွက်တွေမှာလည်း ဆာလက် လူအနည်းငယ် ကျွံနေခဲ့တာကို မြင်ခဲ့ရတယ်။ ၂ မိနစ်လောက် အကြာမှာပဲ မာနေးရဲ့ ဖြတ်တင်ဘောကို ဂျိုတာ ခေါင်းတိုက် သွင်းယူပြီး ဦးဆောင်ဂိုး စယူပေးပါတယ်။

ဒုတိယပိုင်းမှာ ဂိုးမက်စ်ရဲ့ ဧရိယာဘောက်အတွင်း ခံစစ်ကာကွယ်မှုက ပိုမို ထက်မြက်လာတယ်။ ဂိုးမက်စ်ဟာ အစောပိုင်းမှာ နှေးကွေးမှုတွေနဲ့ ဘောလုံးဆွဲပြေးမှု မသေသပ်မှုတွေ ရှိခဲ့ပေမယ့် ခံစစ်က ဖိအားကြီးတွေ ရင်ဆိုင်လာရချိန်မှာ သူ့ရဲ့ ရှင်းထုတ်မှုတွေက အကူအညီဖြစ်ခဲ့တယ်။ တကယ်ကို အသိအမှတ်ပြုစရာ ကြိုးစားမှုတွေကို သူ့ထံက မြင်ခဲ့ရပါတယ်။

အပြန်အလှန် ကစားလာကြရင်း ပွဲကို အဆုံးသတ်စေမယ့် အခွင့်အရေးကောင်းအဖြစ် ဆာလက် အကောင်းဆုံး ထိုးဖောက်ပြီး အဆုံးသတ်ခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးက တိုင်ထိခဲ့တာကလည်း နစ်နာလှတယ်။ ပွဲက မြန်နှုန်းနဲ့ ကြံ့ခိုင်မှု အားပြိုင်တဲ့ပွဲအဖြစ် ပြောင်းလဲလာခဲ့ပြီး ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်တို့ နေရာလွတ်တွေအတွက်ကော အသင်းဖော်တွေ ကစားခွင့်ရနိုင်ဖို့ပါ အတော်လေး ကြိုးစား ကစားခဲ့ကြရတယ်။

ဒီပွဲဟာ လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်း မာကျောမှုကို မြင်ခဲ့ရတဲ့ပွဲဖြစ်ပြီး ဟန်ဒါဆန် အနည်းငယ် နာကျင်နေခဲ့ပုံရကာ ဂျိုတာရဲ့ ခြေထောက်မှာလည်း ရေခဲကပ်ထားတာကြောင့် သူတို့ နှစ်ဦး အသေးစား ဒဏ်ရာတွေ ရှိခဲ့သလား စိတ်ပူစရာ ရှိခဲ့ပါတယ်။

ရှက်ဖီးကို ၂-၁ နဲ့ အနိုင်ရခဲ့ရာမှာ ချန်ပီယံခြေစွမ်းလို့ မပြောနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ အတော်လေး ကြိုးစားခဲ့ရပါတယ်။ ဒါ့အပြင် နောက်ဆုံး ၂ ပွဲမှာ ၇မှတ် ၁ မှတ်ပဲ ရထားတဲ့ အနေအထားကို တုန့်ပြန်ပြနိုင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်တဲ့ အသင်းရဲ့ အနေအထားအတွက် ကျေနပ်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ပြဲစဥ္ ၆ အျဖစ္ ရွက္ဖီးကို အိမ္ကြင္းမွာ ဧည့္ခံတဲ့ပြဲမွာ လီဗာပူးက ၂-၁ နဲ႔ အႏုိင္ရခဲ့ကာ အဲဗာတန္တို႔ရဲ႕ ပြဲမတိုင္ခင္ ရမွတ္တူျဖင့္ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ခ့တယ္။

လီဗာပူးက တိုက္စစ္သမား ေလးဦးလံုးကို ထုတ္သံုးလာသလို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ ဂိုးသမားအျဖစ္ အယ္လီဆန္ တာဝန္ယူေနျခင္းေၾကာင့္ ယံုၾကည္မႈရွိေနဟန္ရွိတယ္။ ပြဲစကတည္းက ျမန္ဆန္ သြက္လက္တဲ့ ကစားဟန္နဲ႔အတူ ပြဲကို ဦးေဆာင္ကစားခဲ့တယ္။ ေပးေတြ ျမန္ဆန္ျပီး တိုက္စစ္ဆင္လိုစိတ္ ရွိသလို ဖန္တီးမႈအတြက္ အခြင့္အေရးေတြကို ဆက္တိုက္ ရွာေဖြခဲ့တယ္။

ဒါေပမယ့္ အသင္းရဲ႕ ပြဲရွိန္ကို သတ္လိုက္တာကေတာ့ ဖာဘင္ညိဳရဲ႕ လွပတဲ့ ရွင္းထုတ္မႈကို ဒိုင္ေတြက ပင္နယ္တီအျဖစ္ ဆံုးျဖတ္ျခင္းပဲ ျဖစ္ပါတယ္။ ဖာဘင္ညိဳရဲ႕ ကာကြယ္မႈက ေတာ္ေတာ္ေလးကို ေကာင္းခဲ့တာပါ။ ရွက္ဖီးရဲ႕ ကန္ခ်က္ ထြက္လာမယ့္ေဘာကို ပိတ္ကာခဲ့ျပီး ေဘာလံုးနဲ႔လည္း ထိခဲ့တယ္။ ဒါေပမယ့္ VAR ကေတာ့ အံ့ၾသသင့္ဖြယ္ေကာင္းေအာင္ ပင္နယ္တီအျဖစ္ သက္မွတ္ေပးခဲ့ပါတယ္။

ဖာဘင္ညိဳရဲ႕ ျဖတ္ထုတ္မႈကို VAR က ပင္နယ္တီ ေပးရာမွာ ျဖစ္ရပ္က အတြင္းမွာျဖစ္ခဲ့သလား အျပင္မွာ ျဖစ္ခဲ့သလားကိုပဲ စစ္ခဲ့တယ္။ ျပစ္ဒဏ္ေဘာ က်ဴးလြန္သလား မက်ဴးလြန္သလားကို မစစ္ခဲ့ပါဘူး။ အမွန္တကယ္က ေဘာလံုးကို ရွင္းထုတ္ရာမွာ ပင္နယ္တီစည္းထဲေတာင္ မေရာက္ခဲ့သလို ျပစ္ဒဏ္ေဘာေတာင္ မေပးသင့္တဲ့ ကိစၥျဖစ္တယ္။

ရွက္ဖီးဘက္က ရုပ္ပိုင္းဆိုင္ရာကို အားျပဳျပီး လီဗာပူးအသင္းသားေတြကို ေဒါသထြက္ေအာင္ ဆြကစားမႈေတြ လုပ္လာခဲ့တယ္။ ေရာ္ဘတ္ဆန္ လက္ထိတာကေတာ့ ဒီရာသီရဲ႕ ပင္နယ္တီ စည္းမ်ဥ္းအရ သူ႔ခႏၶာကိုယ္ဟာ natural ပံုစံမွာ ရွိေနတာေၾကာင့္ ပင္နယ္တီ မေပးခဲ့ရပါဘူး။ ရွက္ဖီး ကစားသမားေတြက ျမင့္မားတ့ဲ အရပ္အေမာင္းေတြကို အားျပဳျပီး ပင္နယ္တီ ဧရိယာထဲ လဲက်ျခင္းေတြနဲ႔ ဖိအားေပးခဲ့ၾကတယ္။

၂၅ မိနစ္ေနာက္ပိုင္း ကစားကြက္ ျပန္မိလာတဲ့ လီဗာပူးအတြက္ ေျခပဂိုးကေတာ့ ဟန္ဒါဆန္ရဲ႕ ခုတ္တင္ေပးမႈကို မာေနး အပိုင္ ေခါင္းတိုက္ရာက ျပန္က်လာတဲ့ ေဘာလံုးကိုပဲ ဖာမင္ႏိုက ပိတ္သြင္းယူျခင္းျဖစ္ပါတယ္။ ပထမပိုင္းမွာ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ အေတာ္ေလး ၾကိဳးစား ကစားခဲ့သလို ထရန္႔ကလည္း အရင္ပြဲေတြကထက္ တိုက္စစ္ ခံစစ္ ပိုမို ဟန္ခ်က္ညီခဲ့တယ္။

ကြင္းလယ္က ဟန္ဒါဆန္ရဲ႕ ေဘာလံုးျဖန္႔မႈေတြအျပင္ မာေနးရဲ႕ တိုးအားေတြက လီဗာပူးအတြက္ အေထာက္အကူျဖစ္ပါတယ္။ ပထမပိုင္းကေတာ့ ၁-၁ ရလဒ္နဲ႔ပဲ ျပီးခဲ့တယ္။

ဒုတိယပိုင္းမွာ လီဗာပူးက ပြဲကို ဦးေဆာင္ႏုိင္ဖို႔ ေဘာလံုးကို ခပ္ျမန္ျမန္ေပးမႈေတြ ခပ္သြက္သြက္ကစားမႈေတြ လုပ္လာခဲ့တယ္။ ပြဲကို လႊမ္းမိုးလာခ့ဲျပီး အေတာ္ေလး ကစားလာႏိုင္တယ္။ ပထမပိုင္းမွာ သိပ္အတြဲမမိတဲ့ ဂ်ိဳတာက ဒုတိယပိုင္းမွာေတာ့ ေျပးထြက္မႈေကာင္းေတြ၊ ဆြဲေျပးမႈေကာင္းေတြနဲ႔ အေတာ္ေလး လႈပ္ကစားလာႏုိင္ခဲ့တယ္။

ဦးေဆာင္ဂိုးကေတာ့ ေျပးထြက္မႈေတြကို ေကာင္းမြန္စြာ လုပ္ေနတဲ့ ဆာလက္ အလွပဆံုး ပိတ္သြင္းေပမယ့္ VAR က လူကၽြံေဘာအျဖစ္ သက္မွတ္ခဲ့တယ္။ အေႏွးျပကြက္ေတြမွာလည္း ဆာလက္ လူအနည္းငယ္ ကၽြံေနခဲ့တာကို ျမင္ခဲ့ရတယ္။ ၂ မိနစ္ေလာက္ အၾကာမွာပဲ မာေနးရဲ႕ ျဖတ္တင္ေဘာကို ဂ်ိဳတာ ေခါင္းတိုက္ သြင္းယူျပီး ဦးေဆာင္ဂိုး စယူေပးပါတယ္။

ဒုတိယပိုင္းမွာ ဂိုးမက္စ္ရဲ႕ ဧရိယာေဘာက္အတြင္း ခံစစ္ကာကြယ္မႈက ပိုမို ထက္ျမက္လာတယ္။ ဂိုးမက္စ္ဟာ အေစာပိုင္းမွာ ေႏွးေကြးမႈေတြနဲ႔ ေဘာလံုးဆြဲေျပးမႈ မေသသပ္မႈေတြ ရွိခဲ့ေပမယ့္ ခံစစ္က ဖိအားၾကီးေတြ ရင္ဆိုင္လာရခ်ိန္မွာ သူ႔ရဲ႕ ရွင္းထုတ္မႈေတြက အကူအညီျဖစ္ခဲ့တယ္။ တကယ္ကို အသိအမွတ္ျပဳစရာ ၾကိဳးစားမႈေတြကို သူ႔ထံက ျမင္ခဲ့ရပါတယ္။

အျပန္အလွန္ ကစားလာၾကရင္း ပြဲကို အဆံုးသတ္ေစမယ့္ အခြင့္အေရးေကာင္းအျဖစ္ ဆာလက္ အေကာင္းဆံုး ထိုးေဖာက္ျပီး အဆံုးသတ္ခဲ့ေပမယ့္ သူ႔ရဲ႕ သြင္းဂိုးက တိုင္ထိခဲ့တာကလည္း နစ္နာလွတယ္။ ပြဲက ျမန္ႏႈန္းနဲ႔ ၾကံ႕ခိုင္မႈ အားျပိဳင္တဲ့ပြဲအျဖစ္ ေျပာင္းလဲလာခဲ့ျပီး ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္တို႔ ေနရာလြတ္ေတြအတြက္ေကာ အသင္းေဖာ္ေတြ ကစားခြင့္ရႏုိင္ဖို႔ပါ အေတာ္ေလး ၾကိဳးစား ကစားခဲ့ၾကရတယ္။

ဒီပြဲဟာ လီဗာပူးရဲ႕ စိတ္ဓါတ္ပိုင္း မာေက်ာမႈကို ျမင္ခဲ့ရတဲ့ပြဲျဖစ္ျပီး ဟန္ဒါဆန္ အနည္းငယ္ နာက်င္ေနခဲ့ပံုရကာ ဂ်ိဳတာရဲ႕ ေျခေထာက္မွာလည္း ေရခဲကပ္ထားတာေၾကာင့္ သူတို႔ ႏွစ္ဦး အေသးစား ဒဏ္ရာေတြ ရွိခဲ့သလား စိတ္ပူစရာ ရွိခဲ့ပါတယ္။

ရွက္ဖီးကို ၂-၁ နဲ႔ အႏုိင္ရခဲ့ရာမွာ ခ်န္ပီယံေျခစြမ္းလို႔ မေျပာႏုိင္ေပမယ့္ ရုပ္ပိုင္းဆိုင္ရာ အေတာ္ေလး ၾကိဳးစားခဲ့ရပါတယ္။ ဒါ့အျပင္ ေနာက္ဆံုး ၂ ပြဲမွာ ၇မွတ္ ၁ မွတ္ပဲ ရထားတဲ့ အေနအထားကို တုန္႔ျပန္ျပႏုိင္ခဲ့တာျဖစ္ျပီး ၾကံ႕ခိုင္တဲ့ အသင္းရဲ႕ အေနအထားအတြက္ ေက်နပ္ရမွာ ျဖစ္ပါတယ္။