လီဗာပူးက ရှက်ဖီးကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ အငြင်းပွားစရာ VAR ဆုံးဖြတ်ချက်အဖြစ် ဖာဘင်ညိုရဲ့ ရှင်းထုတ်မှုကို ကွင်းလယ်ဒိုင်က VAR စစ်ဆေးချက်အရ ပင်နယ်တီ ပေးခဲ့ပါတယ်။

ရှက်ဖီးအသင်းသားက ဧရိယာထိပ်ကနေ ပိတ်သွင်းမှုကို ဖာဘင်ညိုက ဘောလုံးလမ်း ပြေးပိတ်ခဲ့တာဖြစ်တယ်။ ဖာဘင်ညိုက ဘောလုံးကို ထိခဲ့သလို ပြိုင်ဘက် တိုက်စစ်သမားကိုလည်း ထိမိခဲ့တယ်။ ဘောလုံးထိမိတဲ့ ဧရိယာက ပင်နယ်တီစည်းရဲ့ ထိပ်နားမှာဖြစ်ပါတယ်။

အနှေးပြကွက်တွေအရ ဧရိယာထိပ်က စည်းကို ကျော်နေခဲ့ကာ ဖာဘင်ညို ဘောလုံးကို ထိခဲ့တယ်ဆိုတာကိုလည်း မြင်ခဲ့တယ်။ ဒါပေမယ့်လို့ VAR ကတော့ အဆိုပါဖြစ်ရပ်ကို စစ်ဆေးခဲ့ပြီး ပင်နယ်တီ ပေးခဲ့ပါတယ်။

ဗီဒီယို ဒိုင်လူကြီးက ပြစ်ဒဏ်ဘောဟာ ဧရိယာအတွင်းစည်းလား အပြင်စည်းလားကို စစ်ဆေးခဲ့တဲ့အပြင် ဖာဘင်ညိုရဲ့ ပြေးပိတ်မှုက ပြစ်ဒဏ်ဘော ဟုတ်ရဲ့လား မဟုတ်ဘူးလားဆိုတာကိုပါ စစ်ဆေးခဲ့ပြီးမှ ပင်နယ်တီအဖြစ် သက်မှတ်တာပါလို့ အကြောင်းပြန်ကြောင်း The Athletic က ဖော်ပြတယ်။

ဖာဘင်ညိုရဲ့ ဖြစ်ရပ်ကို ပင်နယ်တီအဖြစ် သက်မှတ်ပေးပေမယ့် ရော်ဘတ်ဆန် လက်ထိရာမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်က ပိုကြီးအောင် လုပ်ထားတဲ့ အနေအထား မဟုတ်ဘဲ ပင်ကိုယ် အနေအထားပဲဖြစ်လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ် သက်မှတ်ပေးဖို့ ငြင်းဆန်ပါတယ်။

VAR ရဲ့ ပင်နယ်တီအဖြစ် သက်မှတ်ပေးမှုက လက်မခံနိုင်စရာ ကိစ္စဖြစ်ပေမယ့် ဒုတိယပိုင်း ဆာလက်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သက်မှတ်ရာမှာတော့ ၎င်းတို့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီး ဆာလက်က အနည်းငယ် လူကျွံနေခဲ့ပါတယ်။

ZAWGYI

လီဗာပူးက ရွက္ဖီးကို ၂-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ အျငင္းပြားစရာ VAR ဆံုးျဖတ္ခ်က္အျဖစ္ ဖာဘင္ညိဳရဲ႕ ရွင္းထုတ္မႈကို ကြင္းလယ္ဒိုင္က VAR စစ္ေဆးခ်က္အရ ပင္နယ္တီ ေပးခဲ့ပါတယ္။

ရွက္ဖီးအသင္းသားက ဧရိယာထိပ္ကေန ပိတ္သြင္းမႈကို ဖာဘင္ညိဳက ေဘာလံုးလမ္း ေျပးပိတ္ခဲ့တာျဖစ္တယ္။ ဖာဘင္ညိဳက ေဘာလံုးကို ထိခဲ့သလို ျပိဳင္ဘက္ တိုက္စစ္သမားကိုလည္း ထိမိခဲ့တယ္။ ေဘာလံုးထိမိတဲ့ ဧရိယာက ပင္နယ္တီစည္းရဲ႕ ထိပ္နားမွာျဖစ္ပါတယ္။

အေႏွးျပကြက္ေတြအရ ဧရိယာထိပ္က စည္းကို ေက်ာ္ေနခဲ့ကာ ဖာဘင္ညိဳ ေဘာလံုးကို ထိခဲ့တယ္ဆိုတာကိုလည္း ျမင္ခဲ့တယ္။ ဒါေပမယ့္လို႔ VAR ကေတာ့ အဆိုပါျဖစ္ရပ္ကို စစ္ေဆးခ့ဲျပီး ပင္နယ္တီ ေပးခဲ့ပါတယ္။

ဗီဒီယို ဒိုင္လူၾကီးက ျပစ္ဒဏ္ေဘာဟာ ဧရိယာအတြင္းစည္းလား အျပင္စည္းလားကို စစ္ေဆးခဲ့တဲ့အျပင္ ဖာဘင္ညိဳရဲ႕ ေျပးပိတ္မႈက ျပစ္ဒဏ္ေဘာ ဟုတ္ရဲ႕လား မဟုတ္ဘူးလားဆိုတာကိုပါ စစ္ေဆးခဲ့ျပီးမွ ပင္နယ္တီအျဖစ္ သက္မွတ္တာပါလို႔ အေၾကာင္းျပန္ေၾကာင္း The Athletic က ေဖာ္ျပတယ္။

ဖာဘင္ညိဳရဲ႕ ျဖစ္ရပ္ကို ပင္နယ္တီအျဖစ္ သက္မွတ္ေပးေပမယ့္ ေရာ္ဘတ္ဆန္ လက္ထိရာမွာေတာ့ သူ႔ရဲ႕ ခႏၶာကိုယ္က ပိုၾကီးေအာင္ လုပ္ထားတဲ့ အေနအထား မဟုတ္ဘဲ ပင္ကိုယ္ အေနအထားပဲျဖစ္လို႔ ကြင္းလယ္ဒိုင္က ပင္နယ္တီအျဖစ္ သက္မွတ္ေပးဖို႔ ျငင္းဆန္ပါတယ္။

VAR ရဲ႕ ပင္နယ္တီအျဖစ္ သက္မွတ္ေပးမႈက လက္မခံႏုိင္စရာ ကိစၥျဖစ္ေပမယ့္ ဒုတိယပိုင္း ဆာလက္ရဲ႕ သြင္းဂိုးကို လူကၽြံေဘာအျဖစ္ သက္မွတ္ရာမွာေတာ့ ၄င္းတို႔ရဲ႕ ဆံုးျဖတ္ခ်က္ မွန္ကန္ခဲ့ျပီး ဆာလက္က အနည္းငယ္ လူကၽြံေနခဲ့ပါတယ္။