မန်နေဂျာ ယာဂင်ကလော့ပ်က ရှက်ဖီးနဲ့ပွဲကို အနိုင်ရပေမယ့်လို့ VAR ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ မတရားခံခဲ့ရတာလို့ ဝေဖန်ခဲ့တယ်။

လီဗာပူးအသင်းဟာ ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့ ဖြတ်ထုတ်မှုကောင်းကို လုပ်ခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR ကတော့ ပင်နယ်တီအဖြစ် သက်မှတ်ပေးခဲ့တာပါ။ လီဗာပူးက ပွဲကို ဦးဆောင်ထားနေရာက ဖိအားတွေ ဝင်ခဲ့ပြီး အတော်လေး ရုန်းကန် ကစားခဲ့ရပါတယ်။

ကလော့ပ်က ပြောရာမှာ ” အခြေအနေ အားလုံးအတွက် အံ့သြပါဘူး။ ရှက်ဖီးလို အသင်းကို ရင်ဆိုင်ကစားချိန်မှာ ပြင်းထန်စွာ ကြိုးစားဖို့ လိုပါတယ်။ ခရစ်ဝိုက်ဒါကို အနိုင်ယူဖို့က ခက်ခဲပါတယ်။

ပင်နယ်တီကတော့ ပြစ်ဒဏ်ဘောတောင် မဟုတ်ခဲ့ပါဘူး။ ဒီရာသီမှာ ခြားနားတဲ့ အခိုက်အတန့်တွေ အများကြီး ရှိပေမယ့် ကျနေ်ာတို့ကတော့ မတရားမှုတွေကို ရင်ဆိုင်ထားရပြီး ထပ်ပြီးလည်း မတရားခံခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲကို သဘောကျပါတယ်။ ရမှတ် အပြည့်အဝကို ကျနေ်ာတို့ အသင်းက အနိုင်ရခဲ့တယ်။ ဒီလိုပွဲမှာ ကိုယ်ရဲ့ နည်းလမ်းက အလုပ်ဖြစ်ချိန်တွေမှာတော့ လွယ်ကူတဲ့ နိုင်ပွဲတွေ ရတတ်တာပေါ့။ McBurnie ကြောင့်လည်း ပထမပိုင်းမှာ ကျနေ်ာတို့ အတော်လေး ဒုက္ခရောက်ခဲ့ကာ ဒုတိယဘောတွေအတွက် နေရာတွေ ချိန်းကစားခဲ့ရတယ်။

ကျနေ်ာတို့ လွှမ်းမိုးခဲ့ပြီး ၂-၁ နဲ့ အနိုင်ရတယ်။ ကောင်းမွန်တဲ့ ဘောလုံးကို ကစားခဲ့သလို သူတို့ကလည်း တုန့်ပြန်ပြခဲ့တယ်။ သူတို့ လုံးဝ အရံှူးမပေးပါဘူး။ ဒါကို လေးစားမိပါတယ်။ သူတို့က ထပ်ခါထပ်ခါ ယှဉ်ပြိုင်တယ်။ ခရစ်က သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ပြထားတာပါပဲ ” လို့ ပွဲပြီး မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးဟာ နောက်ထပ် ပွဲအဖြစ် ဝက်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ နောက်ထပ် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် မန်စီးတီးနဲ့လည်း ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရွက္ဖီးနဲ႔ပြဲကို အႏုိင္ရေပမယ့္လို႔ VAR ဆံုးျဖတ္ခ်က္ကို မေက်နပ္ဘဲ မတရားခံခဲ့ရတာလို႔ ေဝဖန္ခဲ့တယ္။

လီဗာပူးအသင္းဟာ ျပစ္ဒဏ္ေဘာေတာင္ မေပးသင့္တဲ့ ျဖတ္ထုတ္မႈေကာင္းကို လုပ္ခဲ့ေပမယ့္ ဒိုင္လူၾကီးနဲ႔ VAR ကေတာ့ ပင္နယ္တီအျဖစ္ သက္မွတ္ေပးခဲ့တာပါ။ လီဗာပူးက ပြဲကို ဦးေဆာင္ထားေနရာက ဖိအားေတြ ဝင္ခဲ့ျပီး အေတာ္ေလး ရုန္းကန္ ကစားခဲ့ရပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” အေျခအေန အားလံုးအတြက္ အံ့ၾသပါဘူး။ ရွက္ဖီးလို အသင္းကို ရင္ဆိုင္ကစားခ်ိန္မွာ ျပင္းထန္စြာ ၾကိဳးစားဖို႔ လိုပါတယ္။ ခရစ္ဝိုက္ဒါကို အႏုိင္ယူဖို႔က ခက္ခဲပါတယ္။

ပင္နယ္တီကေတာ့ ျပစ္ဒဏ္ေဘာေတာင္ မဟုတ္ခဲ့ပါဘူး။ ဒီရာသီမွာ ျခားနားတဲ့ အခိုက္အတန္႔ေတြ အမ်ားၾကီး ရွိေပမယ့္ က်ေန္ာတို႔ကေတာ့ မတရားမႈေတြကို ရင္ဆိုင္ထားရျပီး ထပ္ျပီးလည္း မတရားခံခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲကို သေဘာက်ပါတယ္။ ရမွတ္ အျပည့္အဝကို က်ေန္ာတို႔ အသင္းက အႏုိင္ရခဲ့တယ္။ ဒီလိုပြဲမွာ ကိုယ္ရဲ႕ နည္းလမ္းက အလုပ္ျဖစ္ခ်ိန္ေတြမွာေတာ့ လြယ္ကူတဲ့ ႏုိင္ပြဲေတြ ရတတ္တာေပါ့။ McBurnie ေၾကာင့္လည္း ပထမပိုင္းမွာ က်ေန္ာတို႔ အေတာ္ေလး ဒုကၡေရာက္ခဲ့ကာ ဒုတိယေဘာေတြအတြက္ ေနရာေတြ ခ်ိန္းကစားခဲ့ရတယ္။

က်ေန္ာတို႔ လႊမ္းမိုးခဲ့ျပီး ၂-၁ နဲ႔ အႏုိင္ရတယ္။ ေကာင္းမြန္တဲ့ ေဘာလံုးကို ကစားခဲ့သလုိ သူတို႔ကလည္း တုန္႔ျပန္ျပခဲ့တယ္။ သူတို႔ လံုးဝ အရံွဴးမေပးပါဘူး။ ဒါကို ေလးစားမိပါတယ္။ သူတို႔က ထပ္ခါထပ္ခါ ယွဥ္ျပိဳင္တယ္။ ခရစ္က သိပ္ေကာင္းတဲ့ အလုပ္ကို လုပ္ျပထားတာပါပဲ ” လို႔ ပြဲျပီး မွတ္ခ်က္ေပးခဲ့ပါတယ္။

လီဗာပူးဟာ ေနာက္ထပ္ ပြဲအျဖစ္ ဝက္ဟမ္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ေနာက္ထပ္ ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ မန္စီးတီးနဲ႔လည္း ထိပ္တိုက္ေတြ႔ဖို႔ ရွိေနပါတယ္။