Date

October 25, 2020

ခံစစ်မှူးသစ် ချိတ်ဆက်မှုနဲ့ တနင်္ဂနွေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

လီဗာပူးဟာ ရှော်ကေးခံစစ်သမား ဂါဘက်ကို စိတ်ဝင်စားနေတဲ့ သတင်းတွေက ပိုမို ခိုင်မာလာခဲ့ပြီး ပြောင်းရွှေကြေးက ပေါင် သန်း ၂၀ ဝန်းကျင်မှာ ရှိနိုင်မယ်လို့ သိရတယ်။ ဒါပေမယ့် တရားဝင် ချိတ်ဆက်မှုတွေတော့ မရှိသေးပါဘူး။ မာဆေးဆိုဒ်ဒါဘီမှာ ဗန်ဒိုက်ကြောင့် ဒဏ်ရာရသွားတယ်လို့ အန်ဆယ်လော့တီ ထုတ်ပြောထားတဲ့ ဂျိမ်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ကြံ့ခိုင်မှု ကင်းကင်းနဲ့ ပွဲထွက် လူစာရင်းကနေကို ပါဝင်ကစားပါတယ်။ မာဆေးဆိုဒ်နဲ့ ဗြိတိန်မှ လီဗာပူးပရိသတ်တွေက ရှက်ဖီးနဲ့ပွဲကို PPV နဲ့ မကြည့်ဘဲ အဆိုပါအတွက် ပေးရမယ့် ၁၅… Continue Reading →

ခက်ခဲလွန်းတဲ့ ဒီရာသီကို ဖော်မြူလာဝမ်း ကားပြိုင်ပွဲနဲ့ နှိုင်းယှဉ်သွားတဲ့ မန်နေဂျာကလော့ပ်

လီဗာပူးဟာ နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်လက် ကစားရဖို့ရှိနေတာပါ။ အဲ့ပွဲတွေထဲမှာ ချန်ပီယံလိဂ် အုပ်စုတွင်းပွဲ ၂ ပွဲနဲ့ ဝက်ဟမ်း မန်စီးတီးတို့ကို ယျဉ်ပြိုင်တဲ့ပွဲတွေ ပါဝင်နေတယ်။ ကလော့ပ်ရဲ့ အသင်းဟာ အဲ့ဒီ့အချိန်အတွင်း အဓိက ဗဟိုနောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်မပါပဲ ကစားရမှာဖြစ်ပြီး ကလပ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။ ဒါပေမယ့် ဒီအပတ်တွေကတော့ အရေးကြီးဆုံးဖြစ်ပြီး ၃ရက်တစ်ပွဲကို ပြည်တွင်းကော ဥရောပမှာပါ အလှည့်ကျ ယှဉ်ပြိုင်နေရခြင်းမှာ ကိုင်တွယ်မှု မကောင်းရင် တစ်ရာသီလုံး… Continue Reading →

အယ်လီဆန် သုံးပွဲ လွဲတာကို ငါ့စိတ်ထဲမှာ ပွဲ ၅၀ လောက်ကြာတယ် ထင်မိတယ်ဆိုတဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပုခုံးဒဏ်ရာကြောင့် အယ်လီဆန် မကစားနိုင်တဲ့ အချိန်တွေကို စောင့်ရတာက ပွဲ ၅၀ လောက် ကြာတယ်လို့တောင် ခံစားရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်လီဆန်ဟာ လေ့ကျင့်ရေးမှာ အသင်းဖော်က သူ့ကို ဖိမိရာကနေ ပုခုံးမှာ ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာက ခွဲစိတ်မှုတွေ မလုပ်ရပေမယ့်လည်း နာကျင်မှုဒဏ် သက်သာလာဖို့ ၃ ပတ်လောက် အချိန်ယူခဲ့ရတာဖြစ်တယ်။ အယ်လီဆန် မပါဝင်ချိန်မှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တာက လီဗာပူးအတွက် ခါးသီးတဲ့ရလဒ် ဖြစ်ခဲ့ပါတယ်။ ကလော့ပ်က ” ဒီအခြေအနေတွေမှာ… Continue Reading →

ဂိုးတွေသွင်းနေပေမယ့် ရာနှုန်းပြည့် မပျော်နိုင်ကြောင်း ဖွင့်ဟတဲ့ တိုက်စစ်မှူး ဂျိုတာ

ဂျိုတာဟာ အန်ဖီးကွင်းမှာ ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ၂ ပွဲလုံးမှာ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က မာနေးပြီးနောက် ပထမဆုံး လုပ်နိုင်တဲ့ လီဗာပူးအသင်းသား ဖြစ်လာပါတယ်။ ရှက်ဖီးဘက်က ဆန်ဒါဘက်ဂ်ျရဲ့ အငြင်းပွားဖွယ် ပင်နယ်တီကို ခွင့်ပြုခဲ့ရတဲ့နောက် လီဗာပူးက နောက်က လိုက်ကစားခဲ့ရပေမယ့် ပထမပိုင်း ၄၁ မိနစ်မှာ ဖာမီနိုက ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအတွင်းက ဂျိုတာရဲ့ ၆၄မိနစ် ခေါင်းတိုက်ဂိုးက လီဗာပူးကို ၃မှတ်ရရှိစေခဲ့တာပဲဖြစ်ပါတယ်။ အန်ဖီးမှာ ဂျိုတာရဲ့ ပထမဆုံးသွင်းဂိုး ၂ဂိုးဟာ… Continue Reading →

သွင်းဂိုးတွေ ဆက်တိုက်ရနေတဲ့ ဂျိုတာရဲ့ အားသာချက်တွေကို မန်နေဂျာကလော့ပ် ဖွင့်ပြော

မနေ့က ရှက်ဖီးယူနိုက်တက်ကို ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဂျိုတာက အဆုံးအဖြတ်ဂိုး သွင်းယူပေးခဲ့ပေမယ့်လဲ သူ့အနေနဲ့ အခုထက် အများကြီ းပိုကောင်းလာနိုင်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ ဝုဗ်တိုက်စစ်မှူးဟောင်းက အန်ဖီးကို ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲ ၂ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီလဲ ဖြစ်ပါတယ်။ လီဗာပူးမှာ တောင့်တင်းတဲ့ပုံစံနဲ့ စတင်ခဲ့ပေမယ့်လဲ ဂျိုတာဟာ ကလပ်အသစ်မှာ အသားကျဖို့ကြိုးစားနေရတာဖြစ်သလို တိုးတက်ဖို့ အများကြီး လိုသေးတယ်လို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။ “ ဟုတ်ပါတယ်၊ ဂျိုတာက စူပါဂိုးတစ်ဂိုး သွင်းခဲ့ပြီး တကယ်ကို အသင်းအတွက်… Continue Reading →

RUMOUR: လီဗာပူးက သန်း ၄၀ တန် ခံစစ်မှူးနှစ်ဦးကို ဇန်နဝါရီအတွက် စတင်ချိတ်ဆက်

မနက်က ရှက်ဖီးပွဲအပြီးမှာပဲ လီဗာပူးအသင်းက ဇန်နဝါရီဈေးကွက်မှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ စတင်ကာ ကြိုးစားနေပြီဖြစ်ပြီး ဗဟိုခံစစ်မှူး နှစ်ဦးကို ချိတ်ဆက်နေတယ်လို့ သတင်းထွက်လာပါတယ်။ ဗန်ဒိုက်နေရာ အားဖြည့်ဖို့အတွက် ပေါင် သန်း ၄၀ လောက်ကုန်ကျနိုင်တဲ့ လိုက်ဇစ် ခံစစ်မှူး အူပါမီကာနိုနဲ့ ယူရို သန်း ၃၀-၄၀ ကြား ဈေးရှိတဲ့ ရှော်ကေး ခံစစ်မှူး ဂါဘက်တို့ကို ချိတ်ဆက်ခဲ့ခြင်းလို့ သိရတယ်။ ဂါဘက်အတွက် လှုပ်ရှားမှုက ပိုမို အလေးသာကာ ဇန်နဝါရီ မတိုင်ခင်မှာ သဘောတူညီမှုပါ ရယူထားလိုတယ်လို့ သိရတယ်။… Continue Reading →

ရှက်ဖီးနဲ့ပွဲမှာ ထုတ်သုံးခဲ့တဲ့ နည်းစနစ် အခင်းအကျင်းအသစ်နဲ့ ပက်သက်ပြီး ကလော့ပ် ထုတ်ပြော

မန်နေဂျာ ယာဂင်ကလော့ပ်က ရှက်ဖီးနဲ့ပွဲမှာ အယ်လီဆန် ပါဝင်လာမှုနဲ့အတူ ပုံမှန် မြင်နေကျ ၄-၃-၃ ကို ၄-၂-၃-၁ ပုံစံပြောင်းပြီး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ တိုက်စစ်အားသန် ကစားသမားတွေ ထည့်ခြင်းနဲ့အတူ ကွင်းလယ်မှာ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့ နှစ်ဦးကပဲ ဖြည့်ကစားခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကောင်းမွန်ပြီး လူကောင်ကြီးတဲ့ ရှက်ဖီးကို ရင်ဆိုင်ရတာက အခက်တွေ့ပေမယ့် အလုပ်ဖြစ်ခဲ့ပါတယ်။ ကလော့ပ်က “ ဂျိုတာကို ထည့်လိုတာကြောင့် ဒီလို ပုံစံနဲ့ ကစားခဲ့တာ မဟုတ်ပါဘူး။ ကျနေ်ာတို့ရဲ့ ပုံမှန် ကစားကွက်မှာကိုပဲ ဂျိုတာက နေရာ… Continue Reading →

အန်ဖီးကွင်းမှာ လီဗာပူးကို အရေးနိမ့်တဲ့ ရလဒ်ကို ကျေနပ်စွာ လက်ခံတဲ့ ခရစ်ဝိုက်ဒါ

လီဗာပူးအသင်းဟာ ရှက်ဖီးယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် အန်ဖီးကွင်းမှာ နောက်ဆုံး ၆၂ ပွဲဆက်တိုက် အရံှူးမရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီသုံးနှစ်ကော် ကာလအတွင်းမှာ ပရီးမီးယားလိဂ် အိမ်ကွင်း ၆၂ ပွဲအနက် ၅၁ ပွဲနိုင် ၁၁ ပွဲ သရေကျထားတာဖြစ်တယ်။ အင်္ဂလန်လိဂ်မှာတော့ အန်ဖီးကွင်းဟာ ကြောက်စရာအကောင်းဆုံး ကွင်းတစ်ကွင်း ဖြစ်လာခဲ့ပြီး ဘယ်လို အသင်းကမှ အနိုင်မရခဲ့တာဟာ ဂန္တဝင်မန်နေဂျာကြီး ဘော့ပီယာစလေရဲ့ မှတ်တမ်းကို လိုက်မှီဖို့တောင် ၁ ပွဲပဲ လိုပါတော့တယ်။ ဝိုက်ဒါက ”… Continue Reading →

VAR ဆုံးဖြတ်ချက်ကို မတရားမှုအဖြစ် နာမည်တပ်ကာ ဝေဖန်ခဲ့တဲ့ မန်နေဂျာကလော့ပ်

မန်နေဂျာ ယာဂင်ကလော့ပ်က ရှက်ဖီးနဲ့ပွဲကို အနိုင်ရပေမယ့်လို့ VAR ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ မတရားခံခဲ့ရတာလို့ ဝေဖန်ခဲ့တယ်။ လီဗာပူးအသင်းဟာ ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့ ဖြတ်ထုတ်မှုကောင်းကို လုပ်ခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR ကတော့ ပင်နယ်တီအဖြစ် သက်မှတ်ပေးခဲ့တာပါ။ လီဗာပူးက ပွဲကို ဦးဆောင်ထားနေရာက ဖိအားတွေ ဝင်ခဲ့ပြီး အတော်လေး ရုန်းကန် ကစားခဲ့ရပါတယ်။ ကလော့ပ်က ပြောရာမှာ ” အခြေအနေ အားလုံးအတွက် အံ့သြပါဘူး။ ရှက်ဖီးလို အသင်းကို ရင်ဆိုင်ကစားချိန်မှာ ပြင်းထန်စွာ ကြိုးစားဖို့ လိုပါတယ်။ ခရစ်ဝိုက်ဒါကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!