မနေ့က ရှက်ဖီးယူနိုက်တက်ကို ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဂျိုတာက အဆုံးအဖြတ်ဂိုး သွင်းယူပေးခဲ့ပေမယ့်လဲ သူ့အနေနဲ့ အခုထက် အများကြီ းပိုကောင်းလာနိုင်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ဝုဗ်တိုက်စစ်မှူးဟောင်းက အန်ဖီးကို ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲ ၂ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီလဲ ဖြစ်ပါတယ်။ လီဗာပူးမှာ တောင့်တင်းတဲ့ပုံစံနဲ့ စတင်ခဲ့ပေမယ့်လဲ ဂျိုတာဟာ ကလပ်အသစ်မှာ အသားကျဖို့ကြိုးစားနေရတာဖြစ်သလို တိုးတက်ဖို့ အများကြီး လိုသေးတယ်လို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။

“ ဟုတ်ပါတယ်၊ ဂျိုတာက စူပါဂိုးတစ်ဂိုး သွင်းခဲ့ပြီး တကယ်ကို အသင်းအတွက် အကျိုးပြုပေးခဲ့ပါတယ်၊ သူက ဒီထက်အများကြီး ပိုကောင်းလာနိုင်ပါသေးတယ်၊ ဒါက သတင်းကောင်းပါ၊

သူက အသားကျဖို့ ကြိုးစားနေရတုန်းပါ၊ အခုချိန်မှာ ကျွန်တော်တို့ လုပ်နေတဲ့အရာတွေက သူ့အတွက် ပုံမှန်မဖြစ်သေးဘူး၊ ဝုဗ်နဲ့ ကစားပုံက ကွာတာကြောင့်ပါပဲ၊ ဒါပေမယ့် ဝုဗ်အတွက် သူလုပ်ပေးခဲ့တဲ့ အရာများစွာက ကျွန်တော်တို့ လိုချင်တဲ့ပုံစံနဲ့ ကွက်တိပါပဲ။

ဟုတ်ပါတယ်၊ သွင်းဂိုးတွေက သူဘယ်လောက်တော်တဲ့ ကစားသမားလဲဆိုတာ ပြသနေတာပါ၊ အခုသူ ၂၃နှစ်ပဲ ရှိသေးတာကြောင့် ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်ရင် သူ့အနာဂတ်က တောက်ပနေပါတယ်၊ သူ့ရဲ့ အရည်အသွေးကို ကျွန်တော်တို့ လိုအပ်တယ်၊ အသင်းမှာ သူကောင်းကောင် းအထိုင်ကျခဲ့တဲ့အတွက် ကျွန်တော် ပျော်မိပါတယ်။

သူက ကစားသမားကောင်း တစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ သူ့ကို ခေါ်ခဲ့တာပါ၊ သူက သဘောကျစရာကောင်းသူ ဖြစ်တာကြောင့် နည်းပြတိုင်းက သူ့ကို နှစ်သက်ဖို့ အရမ်းလွယ်ပါတယ်၊ အဲ့ဒါက အရာအားလုံးကို ပိုမိုလွယ်ကူစေပါတယ်။

သူက လျင်မြန်တယ်၊ အာရုံနိုးကြားမှု အားကောင်းတယ်၊ သန်မာတယ်၊ အမြင့်ဘောတွေမှာလဲ ကောင်းတယ်၊ အနိမ့်ဘောလဲ ကောင်းတယ်၊ သူတော်တဲ့အရာတွေက အများကြီးပါ၊ သူ့မှာကျွန်တော်တို့ လိုအပ်တဲ့ အရည်အချင်းအတိုင်း အတိအကျရှိတာကြောင့် အများကြီး အကူအညီဖြစ်ပါတယ်”လို့ ကလော့ပ်က ဆိုပါတယ်။

ZAWGYI

မေန႔က ရွက္ဖီးယူႏိုက္တက္ကို ၂-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ဂ်ိဳတာက အဆုံးအျဖတ္ဂိုး သြင္းယူေပးခဲ့ေပမယ့္လဲ သူ႔အေနနဲ႔ အခုထက္ အမ်ားႀကီ းပိုေကာင္းလာႏိုင္တယ္လို႔ လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ဝုဗ္တိုက္စစ္မႉးေဟာင္းက အန္ဖီးကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ပထမဆုံးကစားခဲ့တဲ့ အိမ္ကြင္းပြဲ ၂ပြဲလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီလဲ ျဖစ္ပါတယ္။ လီဗာပူးမွာ ေတာင့္တင္းတဲ့ပုံစံနဲ႔ စတင္ခဲ့ေပမယ့္လဲ ဂ်ိဳတာဟာ ကလပ္အသစ္မွာ အသားက်ဖို႔ႀကိဳးစားေနရတာျဖစ္သလို တိုးတက္ဖို႔ အမ်ားႀကီး လိုေသးတယ္လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာပါ။

“ ဟုတ္ပါတယ္၊ ဂ်ိဳတာက စူပါဂိုးတစ္ဂိုး သြင္းခဲ့ၿပီး တကယ္ကို အသင္းအတြက္ အက်ိဳးျပဳေပးခဲ့ပါတယ္၊ သူက ဒီထက္အမ်ားႀကီး ပိုေကာင္းလာႏိုင္ပါေသးတယ္၊ ဒါက သတင္းေကာင္းပါ၊

သူက အသားက်ဖို႔ ႀကိဳးစားေနရတုန္းပါ၊ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့အရာေတြက သူ႔အတြက္ ပုံမွန္မျဖစ္ေသးဘူး၊ ဝုဗ္နဲ႔ ကစားပုံက ကြာတာေၾကာင့္ပါပဲ၊ ဒါေပမယ့္ ဝုဗ္အတြက္ သူလုပ္ေပးခဲ့တဲ့ အရာမ်ားစြာက ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ပုံစံနဲ႔ ကြက္တိပါပဲ။

ဟုတ္ပါတယ္၊ သြင္းဂိုးေတြက သူဘယ္ေလာက္ေတာ္တဲ့ ကစားသမားလဲဆိုတာ ျပသေနတာပါ၊ အခုသူ ၂၃ႏွစ္ပဲ ရွိေသးတာေၾကာင့္ ႀကံ့ခိုင္မႈ ထိန္းသိမ္းႏိုင္ရင္ သူ႔အနာဂတ္က ေတာက္ပေနပါတယ္၊ သူ႔ရဲ႕ အရည္အေသြးကို ကြၽန္ေတာ္တို႔ လိုအပ္တယ္၊ အသင္းမွာ သူေကာင္းေကာင္ းအထိုင္က်ခဲ့တဲ့အတြက္ ကြၽန္ေတာ္ ေပ်ာ္မိပါတယ္။

သူက ကစားသမားေကာင္း တစ္ေယာက္ျဖစ္လို႔ ကြၽန္ေတာ္တို႔ သူ႔ကို ေခၚခဲ့တာပါ၊ သူက သေဘာက်စရာေကာင္းသူ ျဖစ္တာေၾကာင့္ နည္းျပတိုင္းက သူ႔ကို ႏွစ္သက္ဖို႔ အရမ္းလြယ္ပါတယ္၊ အဲ့ဒါက အရာအားလုံးကို ပိုမိုလြယ္ကူေစပါတယ္။

သူက လ်င္ျမန္တယ္၊ အာ႐ုံႏိုးၾကားမႈ အားေကာင္းတယ္၊ သန္မာတယ္၊ အျမင့္ေဘာေတြမွာလဲ ေကာင္းတယ္၊ အနိမ့္ေဘာလဲ ေကာင္းတယ္၊ သူေတာ္တဲ့အရာေတြက အမ်ားႀကီးပါ၊ သူ႔မွာကြၽန္ေတာ္တို႔ လိုအပ္တဲ့ အရည္အခ်င္းအတိုင္း အတိအက်ရွိတာေၾကာင့္ အမ်ားႀကီး အကူအညီျဖစ္ပါတယ္”လို႔ ကေလာ့ပ္က ဆိုပါတယ္။