မန်နေဂျာ ယာဂင်ကလော့ပ်က ရှက်ဖီးနဲ့ပွဲမှာ အယ်လီဆန် ပါဝင်လာမှုနဲ့အတူ ပုံမှန် မြင်နေကျ ၄-၃-၃ ကို ၄-၂-၃-၁ ပုံစံပြောင်းပြီး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

တိုက်စစ်အားသန် ကစားသမားတွေ ထည့်ခြင်းနဲ့အတူ ကွင်းလယ်မှာ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့ နှစ်ဦးကပဲ ဖြည့်ကစားခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကောင်းမွန်ပြီး လူကောင်ကြီးတဲ့ ရှက်ဖီးကို ရင်ဆိုင်ရတာက အခက်တွေ့ပေမယ့် အလုပ်ဖြစ်ခဲ့ပါတယ်။

ကလော့ပ်က “ ဂျိုတာကို ထည့်လိုတာကြောင့် ဒီလို ပုံစံနဲ့ ကစားခဲ့တာ မဟုတ်ပါဘူး။ ကျနေ်ာတို့ရဲ့ ပုံမှန် ကစားကွက်မှာကိုပဲ ဂျိုတာက နေရာ အများအပြားမှာ ကစားနိုင်တဲ့သူ ဖြစ်ပါတယ်။

ကျနေ်ာတို့ တွေးမိခဲ့တာက ဘယ်လို ပြောင်းလဲနိုင်မလဲ၊ ဘယ်လို စတင်နိုင်မလဲ၊ အရေးပါတဲ့ပွဲမှာ ဘာတွေကို လုပ်နိုင်မလဲနဲ့ ဘယ်လိုလုပ်ရင် သူတို့ကို ပြဿနာတွေ ပေးနိုင်မလဲပေါ့?

ရှက်ဖီးက တစ်ပတ်လုံး ကျနေ်ာတို့နဲ့ပွဲအတွက် ပြင်ဆင်ချိန်ရထားတာက ကြီးမားတဲ့ အားသာချက်ဖြစ်ပါတယ်။ သူတို့က တည်ကန်ဘောမှာ အနေအထား ၁၂ မျိုးလောက် ပြောင်းလဲနိုင်အောင် တစ်ပတ်လုံး လေ့ကျင့်ထားရတယ်။ ကျနေ်ာတို့ကတော့ ချန်ပီယံလိဂ်ပွဲအပြီး ပြန်လည် အင်အားဖြည့်မှုတွေကို လုပ်ခဲ့ရတယ်။

သူတို့ကို ပြဿနာတွေဖြစ်အောင်လုပ်ဖို့ ဘယ်လိုတွေ လုပ်နိုင်မလဲ တွေးမိခဲ့တယ်။ ကျနေ်ာတို့အတွက် သိပ်ကြီးမားတဲ့ အပြောင်းအလဲလည်း မဟုတ်ပါဘူး။ နည်းစနစ်ပြောင်းလိုက်တာက ကျနေ်ာတို့ကို အပို ရွေးချယ်စရာတွေ ပေးပါတယ်။

ဆာလက်ကို မတူညီတဲ့ နေရာမှာ ကစားစေခဲ့ပြီး သူကောင်းကောင်း ကစားခဲ့တယ်။ သူနဲ့ ဆာဒီယိုက ဂိုးမသွင်းနိုင်ပေမယ့် ခြေစွမ်း ကောင်းခဲ့ပါတယ်။ ဆာဒီယိုရဲ့ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုတွေက ခုခံရ ခက်ခဲပါတယ်။ မိုကတော့ လိုင်းတွေကြားမှာ ချိတ်ဆက်ကစားမှု ောင်းခဲ့ပြီး အခြား တိုက်စစ်သမား နှစ်ဦးကတော့ ဂိုးတွေ သွင်းနိုင်ခဲ့တယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အယ်လီဆန် ပါဝင်လာခြင်းနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပါဝင်ခြင်းတွေက လီဗာပူးအတွက် သက်ရောက်မှု ကြီးခဲ့ပြီး ဘောလုံးဖြန့်ဝေမှုမှာ ပိုမို သွက်လက်ကာ ခံစစ်ကနေ ဘောလုံးစတင်ခြင်းကို အကောင်းဆုံး လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရွက္ဖီးနဲ႔ပြဲမွာ အယ္လီဆန္ ပါဝင္လာမႈနဲ႔အတူ ပံုမွန္ ျမင္ေနက် ၄-၃-၃ ကို ၄-၂-၃-၁ ပံုစံေျပာင္းျပီး ယွဥ္ျပိဳင္ကစားခဲ့ပါတယ္။

တိုက္စစ္အားသန္ ကစားသမားေတြ ထည့္ျခင္းနဲ႔အတူ ကြင္းလယ္မွာ ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္တို႔ ႏွစ္ဦးကပဲ ျဖည့္ကစားခဲ့တယ္။ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈေကာင္းမြန္ျပီး လူေကာင္ၾကီးတဲ့ ရွက္ဖီးကို ရင္ဆိုင္ရတာက အခက္ေတြ႔ေပမယ့္ အလုပ္ျဖစ္ခဲ့ပါတယ္။

ကေလာ့ပ္က “ ဂ်ိဳတာကို ထည့္လိုတာေၾကာင့္ ဒီလို ပံုစံနဲ႔ ကစားခဲ့တာ မဟုတ္ပါဘူး။ က်ေန္ာတို႔ရဲ႕ ပံုမွန္ ကစားကြက္မွာကိုပဲ ဂ်ိဳတာက ေနရာ အမ်ားအျပားမွာ ကစားႏုိင္တဲ့သူ ျဖစ္ပါတယ္။

က်ေန္ာတို႔ ေတြးမိခဲ့တာက ဘယ္လို ေျပာင္းလဲႏုိင္မလဲ၊ ဘယ္လို စတင္ႏုိင္မလဲ၊ အေရးပါတဲ့ပြဲမွာ ဘာေတြကို လုပ္ႏုိင္မလဲနဲ႔ ဘယ္လိုလုပ္ရင္ သူတို႔ကို ျပႆနာေတြ ေပးႏုိင္မလဲေပါ့?

ရွက္ဖီးက တစ္ပတ္လံုး က်ေန္ာတို႔နဲ႔ပြဲအတြက္ ျပင္ဆင္ခ်ိန္ရထားတာက ၾကီးမားတဲ့ အားသာခ်က္ျဖစ္ပါတယ္။ သူတို႔က တည္ကန္ေဘာမွာ အေနအထား ၁၂ မ်ိဳးေလာက္ ေျပာင္းလဲႏုိင္ေအာင္ တစ္ပတ္လံုး ေလ့က်င့္ထားရတယ္။ က်ေန္ာတို႔ကေတာ့ ခ်န္ပီယံလိဂ္ပြဲအျပီး ျပန္လည္ အင္အားျဖည့္မႈေတြကို လုပ္ခဲ့ရတယ္။

သူတို႔ကို ျပႆနာေတြျဖစ္ေအာင္လုပ္ဖို႔ ဘယ္လိုေတြ လုပ္ႏုိင္မလဲ ေတြးမိခဲ့တယ္။ က်ေန္ာတို႔အတြက္ သိပ္ၾကီးမားတဲ့ အေျပာင္းအလဲလည္း မဟုတ္ပါဘူး။ နည္းစနစ္ေျပာင္းလိုက္တာက က်ေန္ာတို႔ကို အပို ေရြးခ်ယ္စရာေတြ ေပးပါတယ္။

ဆာလက္ကို မတူညီတဲ့ ေနရာမွာ ကစားေစခဲ့ျပီး သူေကာင္းေကာင္း ကစားခဲ့တယ္။ သူနဲ႔ ဆာဒီယိုက ဂိုးမသြင္းႏုိင္ေပမယ့္ ေျခစြမ္း ေကာင္းခဲ့ပါတယ္။ ဆာဒီယိုရဲ႕ တစ္ဦးခ်င္း ထိပ္တိုက္ေတြ႔မႈေတြက ခုခံရ ခက္ခဲပါတယ္။ မိုကေတာ့ လိုင္းေတြၾကားမွာ ခ်ိတ္ဆက္ကစားမႈ ောင္းခဲ့ျပီး အျခား တိုက္စစ္သမား ႏွစ္ဦးကေတာ့ ဂိုးေတြ သြင္းႏုိင္ခဲ့တယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အယ္လီဆန္ ပါဝင္လာျခင္းနဲ႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပါဝင္ျခင္းေတြက လီဗာပူးအတြက္ သက္ေရာက္မႈ ၾကီးခဲ့ျပီး ေဘာလံုးျဖန္႔ေဝမႈမွာ ပိုမို သြက္လက္ကာ ခံစစ္ကေန ေဘာလံုးစတင္ျခင္းကို အေကာင္းဆံုး လုပ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။