Date

July 20, 2021

အာဆင်နယ်ထံ ဘမ်ဝိုက် ပြောင်းရွှေ့မှု အပြီးသတ်ပြီးရင် နက်ဖီးလစ်ကို ကမ်းလှမ်းမယ့် ဘရိုက်တန်

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဟာ ခံစစ်မှူး ဘမ်ဝိုက်နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးခံစစ်မှူး နက်ဖီးလစ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာကာ မကြာခင်မှာပဲ တရားဝင် ညိနှိုင်းမှု ပြုလုပ်သွားမယ်လို့ The Athletic က ဖော်ပြပါတယ်။ ဘမ်ဝိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ရရှိမယ့် ဘရိုက်တန်ဟာ မန်နေဂျာ ဂရေဟမ်ပေါ်တာရဲ့ ခံစစ်သုံးယောက်တန်းမှာ ကြံ့ခိုင်မှုကောင်းကောင်း ကစားနိုင်မယ့် ဗဟိုခံစစ်မှူးမျိုးကို ရှာဖွေနေတယ်။ ပရီးမီးယားလိဂ်မှာ ကျင်လည်နိုင်ကြောင်း သက်သေပြထားတဲ့ နက်ဖီးလစ်ဟာ ဘမ်ဝိုက်နေရာ တိုက်ရိုက် အစားထိုးနိုင်မယ့်သူလို့ ဘရိုက်တန်ဘက်က မြင်ပါတယ်။… Continue Reading →

ရှာကွီရီ၊ ဝဲလ်ဆန်အတွက် ပြောင်းရွှေ့ကြေး ညိနှိုင်းနေပြီး ရှင်းထုတ်မှုတွေ ကြမ်းနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ကစားသမား (၄) ဦးထိ ရောင်းထုတ်ခဲ့ပြီဖြစ်ကာ နောက်ထပ် ရှင်းထုတ်မှုတွေအတွက် စကားပြောနေပြီဖြစ်ပါတယ်။ ဒီကနေ့မှာပဲ တိုက်စစ်မှူး အဝန်နီယီ၊ ကွင်းလယ်လူ ဂရုဂျစ်တို့ကို ရောင်းထုတ်ရေးအတွက် သဘောတူညီမှု ရယူနိုင်ခဲ့တယ်။ လီဗာပူးဟာ ဂါရာဘာရာအတွက် ပေါင် ၃ သန်း၊ မီလာအတွက် ပေါင် ၁ သန်း၊ ဂရုဂျစ်အတွက် ပေါင် ၁၀.၅ သန်း၊ အဝန်နီယီအတွက် ပေါင် ၆.၅ သန်းဖြင့် ရောင်းချရေး အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ ကလပ်ကနေ နောက်ထပ် ထွက်ခွာဖို့ နီးစပ်နေသူက… Continue Reading →

BREAKING: ဂရုဂျစ်နဲ့ အဝန်နီယီ နှစ်ဦးကို ပေါင် (၁၇) သန်းဖြင့် ရောင်းထုတ်ဖို့ သဘောတူညီမှု ရရှိပြီ

လီဗာပူးအသင်းဟာ ဒီနွေမှာ ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ အသင်းသားတွေထဲက တိုက်စစ်သမား အဝန်နီယီနဲ့ ကွင်းလယ်လူ ဂရုဂျစ်တို့ကို ရောင်းထုတ်ရေးကိစ္စ အပြီးသတ် အခြေအနေကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက် Neil Jones က အတည်ပြုပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး အဝန်နီယီကို မနှစ်တုန်းက သူအငှားထွက်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါကလပ် ယူနီယံ ဘာလင်အသင်းထံပဲ အပြီးသတ် ပြောင်းမှာဖြစ်တယ်။ ပြောင်းရွှေ့ကြေး ပေါင် ၆.၅ သန်းဖြင့် သဘောတူညီမှု ရခဲ့ခြင်းဖြစ်ကာ လာမယ့် ၂၄ နာရီအတွင်း ဆေးစစ်မှု… Continue Reading →

ဒီကနေ့ ယှဉ်ပြိုင်ကစားမယ့် မိနစ် ၃၀ ချစ်ကြည်ရေးပွဲတွေမှ လီဗာပူးပြိုင်ဘက်များအား မိတ်ဆက်ခြင်း

ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ရာသီကြို ချစ်ကြည်ရေးပွဲ ၂ ပွဲ ကို ၄၅ မနစ်ခြားပြီး ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။ စီနီယာအသင်းသား ၃၂ ဦးထိ ကြံ့ခိုင်နေတာကြောင့် ပွဲကစားလို့ရနိုင်မယ့် ကြံ့ခိုင်မှုရှိနေတဲ့ အသင်းသားတွေနဲ့အတူ မတူညီတဲ့ ပြိုင်ဘက် နှစ်သင်းအား တစ်ပွဲလျှင် မိနစ် ၃၀ နှုန်းဖြင့် ၂ ပွဲ ယှဉ်ပြိုင်မှာဖြစ်တယ်။ ဒါဟာ ကြံ့ခိုင်မှုနဲ့အတူ ပထမအပတ် ရာသီကြို လေ့ကျင့်ရေးမှ နည်းစနစ်ပိုင်း တိုးတက်မှုကို စမ်းသပ်မှု ဖြစ်လာပါမယ်။ နှစ်ပွဲလုံးကို ကွင်းပိတ်ကစားမှာဖြစ်ပြီး သြစတြီးယား… Continue Reading →

ကလော့ပ်ကို အံ့အားသင့်စေခဲ့တဲ့ ရာသီကြို ထရိန်နင်မှ အကယ်ဒမီ ကစားသမား ၆ ယောက်

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ် ကတော့ အသင်းရဲ့ နောက်မျိုးဆက် ကြယ်ပွင့်လေးတွေ အတွက် စိတ်လှုပ်ရှား ကျေနပ်လို့ နေပါတယ်။ ကလော့ပ်က သြစတြီးယားမှာ လုပ်တဲ့ ရာသီကြို ထရိန်နင်မှာ ပထမ အသင်းကြီးနဲ့ အတူ လေ့ကျင့်ဖို့ အကယ်ဒမီ ကစားသမားတချို့ ခေါ်သွားပြီး လူငယ်တွေရဲ့ အစွမ်းတွေက ၎င်းကို အံံ့အားသင့်စေခဲ့ပါတယ်။ တစ်လတာ စခန်းသွင်းလေ့ကျင့်မှုမှာ ကစားသမား ၃၆ ယောက် ပါဝင်ပြီး နိုင်ငံပွဲတွေ ကစားထားတဲ့ စီနီယာ အသင်းသားတွေ့တော့ သြဂုတ်လမှ ပြန်လာကြမှာ ဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!