Date

August 2, 2022

ဂျာမနီမှာလို ထင်နေတဲ့ ဟာလန်းကို ဗန်ဒိုက်က လှလှကြီး ကြိုလိုက်ပြီလို့ အဂွယ်ရို မှတ်ချက်ပြု

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဂွယ်ရိုက ဟာလန်းရဲ့ ပထမဆုံးသော အဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတိဒိုင်းပွဲက ခြေစွမ်းအပေါ် ထင်မြင်ချက်ပေးသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ပထမပိုင်းအတွင်း ဟာလန်းဟာ ဘောလုံးထိချက် ၈ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဒါဟာ ၄၅ မိနစ်အတွင်း ကွင်းထဲရှိနေတဲ့ ကစားသမားတွေထဲမှာ ဘောလုံးထိချက် အနည်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့သလို ဆာလာနဲ့ ဒီယက်စ်လို တိုက်စစ်သမားတွေက ထိချက် ၄၀ နီးပါး ရှိခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ မာတစ်တို့ ဦးဆောင်တဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဟာလန်းက အခွင့်အရေးကြီးတွေတော့… Continue Reading →

လီဗာပူးပွဲအတွက် အသင်းသားတွေက အဆင်သင့်ဖြစ်ပြီ အသင်းကတော့ မဖြစ်သေးဘူးဆိုတဲ့ ဖူလ်ဟမ် နည်းပြ

လက်ရှိ ဖူလ်ဟမ်အသင်းကို ကိုင်တွယ်နေတဲ့ အဲဗာတန် နည်းပြဟောင်း ဆေးဗားက လီဗာပူးကို ရင်ဆိုင်ဖို့ သူ့အသင်းသားတွေ အဆင်သင့် ဖြစ်နေပါပြီလို့ ဆိုပါတယ်။ ဖူလ်ဟမ်အသင်းက ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီးလား မေးခွန်းကို ဆေးဗားက “မဖြစ်သေးပါဘူး ” လို့ တုန့်ပြန်ပါတယ်။ ဆက်ပြီး “ ဒီကစားသမားတွေကတော့ ပရီးမီးယားလိဂ်အတွက် အဆင်သင့် ဖြစ်နေပါပြီ ” ဟု ဖွင့်ပြောခဲ့တယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဖူလ်ဟမ်အသင်းဟာ နွေမှာ ကာဗာရိုကို လီဗာပူးအသင်းထံ လက်လွတ်ရအပြီး လူသစ် ၄ ဦး… Continue Reading →

လီဗာပူးနဲ့ ဂျိုတာကြား ကာလရှည် စာချုပ်သစ်အတွက် စကားပြောမှု အခြေအနေ ကောင်းနေပါပြီ

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဂျိုတာကို စာချုပ်သစ်ပေးဖို့ စကားပြောနေမှု အတော်လေး ခရီးပေါက်နေပါပြီလို့ အသင်းသတင်းထောက် Chris Bascombe က တယ်လီဂရပ်ကနေ ပြောပါတယ်။ ၂၀၂၀ မှာ ပေါင် ၄၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမားကို လုပ်ခပိုင်း ပိုပြီး တိုးပေးမယ့် စာချုပ်သစ် ပေးသွားမှာဖြစ်ကာ ကာလရှည် စာချုပ်လည်း ဖြစ်လာလိမ့်မယ်လို့ သိရတယ်။ လက်တလောမှာတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျိုတာဟာ ဖူလ်ဟမ်နဲ့ပွဲကို ဆက်လက် လွဲချော်ပါဦးမယ်။ ယာဂင်ကလော့ပ်ရဲ့ အသွင်ပြောင်းမှုမှာ လီဗာပူးတိုက်စစ်အတွက် အဓိက… Continue Reading →

ဒါဝင် နူးညက်စ် အမြဲတမ်း စောင့်ကြည့် သင်ယူရမယ့် ကစားသမား တစ်ဦးကို ဗန်ဒိုက် ညွှန်းပြ

ခံစစ်မှူးကြီး ဗန်ဒိုက်ကတော့ ဒါဝင် နူးညက်စ် အနေနဲ့ လီဗာပူးရဲ့ နံပါတ် ၉ နေရာမှာ ကစားဖို့ရာ အကောင်းဆုံး သင်ယူနိုင်မယ့်သူက ဖာမင်နိုအပြင် မရှိပါဘူးလို့ အသိပေးလိုက်ပါတယ်။ ဘရာဇီး တိုက်စစ်မှူးဟာ လီဗာပူးအသင်းမှာ False 9 ကစားသူဖြစ်ပြီး ကွင်းတွင်းမှာ အသင်းရဲ့ နည်းစနစ်ကို ဦးဆောင်သူလို့ ထင်ရှားပါတယ်။ ဒီနှစ်တွေအတွင်း ဒဏ်ရာကြောင့် ပုံမှန်ပွဲထွက်ပေးနိုင်ခြင်း မရှိပေမယ့်လို့ ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းရဲ့ ပွဲထွက် အများဆုံး ကစားသမား ၂ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!