Date

August 5, 2022

ဆောင်းပါး | ရာသီကုန်မှာ ဒုတိယနေရာနဲ့ ကြေကွဲမနေရဖို့ လီဗာပူး တိုးတက်လာရမယ့် ကိစ္စများ

စနေနေ့မှာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်သွားမှာဖြစ်သလို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုရင် အောက်ပါ အပြောင်းအလဲတွေကို အသင်းက လုပ်ပြနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ (၁) မန်စီးတီးဆီက လေးမှတ်ယူဖို့ အင်္ဂလန်ထိပ်သီး နှစ်သင်းဟာ ပရီးမီးယားလိဂ်ဖလားအတွက် ထပ်မံပြီး ထိပ်တိုက်ယှဉ်ပြိုင်ကြမှာဖြစ်ကာ လီဗာပူးအနေနဲ့ မန်စီးတီးဆီက အမှတ်တွေကို တခြားပြိုင်ဘက် ၁၈ သင်းကပဲ ယူသွာနိုင်းဖို့ မျှော်လင့်နေလို့ မရပါဘူး။ ထိပ်ဆုံးအဆင့်မှာ အမှားသေးသေးလေးတောင် ဖြစ်လို့ မရတာနဲ့အတူ စီးတီးထံက အနည်းဆုံးလေးမှတ်ကို ရယူနိုင်မှ ဖြစ်မှာပါ။ လီဗာပူးအသင်းဟာ အဆင့်လေးရခဲ့တဲ့… Continue Reading →

လီဗာပူးပရိသတ်တွေ သိထားဖို့ လိုအပ်မယ့် ရာသီသစ်အတွက် စည်းမျဉ်းနဲ့ အခြားသော အပြောင်းအလဲများ

ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်မှာတော့ ဒိုင်၊ ဘောလုံးစည်းမျဉ်း အပြောင်းအလဲနဲ့ အသစ်သော ကိစ္စတွေ ရှိလာခဲ့ပါပြီ။ ဒါတွေကို မိတ်ဆက်ပေးပါမယ်။ ပရီးမီးယားလိဂ် တန်းတက် ၃ သင်း ချန်ပီယံရှစ်မှာ အဆင့် ၁၊ ၂ ဆိုတဲ့ နေရာတွေနဲ့အတူ ဖူလ်ဟမ်နဲ့ ဘုန်းမောက်တို့က တန်းတက်လာခဲ့ပါတယ်။ နော်တင်ဟမ် ဖောရက်စ်ကတော့ playoff ကတစ်ဆင့် ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်တန်းလိဂ်ထံ ပြန်ရောက်လာခြင်းဖြစ်ကာ စက်တင်ဘာလ မရောက်ခင်မှာတင် လီဗာပူးအသင်းက အဆိုပါ ၃ သင်းလုံးနဲ့ ယှဉ်ပြိုင်ရပါမယ်။ ကမ္ဘာဖလား… Continue Reading →

ကွင်းဘေမှာ ခဏနေရပါဦးမယ် ဆိုတဲ့ အီဘူးနဲ့ ဂျိုတာ၊ ချိန်ဘာလိန်၊ ဂျုံးတို့ ဘယ်အချိန် ပြန်ကစားနိုင်မလဲ

လီဗာပူးအသင်းရဲ့ စီနီယာအသင်းသားတွေထဲက အချို့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲကို ပါဝင်နိုင်ကြတော့မှာ မဟုတ်ပါဘူး။ ကာတစ်ဂျုံးက လေ့ကျင့်ရေးမှာ ရသွားခဲ့တဲ့ ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဒဏ်ရာရဲ့ ပြင်းထန်မှု အခြေအနေကို သိနိုင်ဖို့ အထူးကျွမ်းကျင်သူနဲ့ ပြသကာ အဖြေစောင့်နေပါတယ်။ ဒီဒဏ်ရာဟာ ၂ ပတ်ကနေ ၄ ပတ်ထိ အနားယူရနိုင်တဲ့ ဒဏ်ရာဖြစ်တယ်။ စစ်ဆေးချက်ရလဒ်တွေ ထွက်ပေါ်လာခဲ့ရင် ဒဏ်ရာရဲ့ အတိမ်အနက်ကို ပိုပြီး သိရမှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ကွန်မြူနတီဒိုင်းပွဲအဖြစ် မန်စီးတီးကို ၃-၁… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!