Date

August 9, 2022

နည်းဟောင်းတွေကို ဖောက်ထွက်ပြီး ဒါဝင်ကို ခပ်မြန်မြန် နေရာပေးဖို့ စဉ်းစားလာဖွယ်ရှိတဲ့ ကလော့ပ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လီဗာပူးနည်းပြဟာ သူ့ရဲ့ ကျော်ကြားတဲ့ တိုက်စစ်သုံးယောက်ကို အားကိုးပြီး လီဗာပူးကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်ခဲ့တာပါ။ ဒါပေမယ့် အချိန်တွေက ပြောင်းလဲသွားခဲ့ပါပြီ။ မာနေးဟာ အန်ဖီးကို လက်ပြနှုတ်ဆက်ခဲ့ပြီးဖြစ်ပြီး ဖာမင်နိုကလည်း အရင်လို မဟုတ်ဘဲ ခြေစွမ်းပိုင်းမှာ ယိမ်းယိုင်လာနေပြီ ဖြစ်ပါတယ်။ ဆာလာက ထိပ်တန်းခြေစွမ်း ရှိနေသေးဆဲဖြစ်ပေမယ့် လီဗာပူးရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲဟာ ကလော့ပ်အနေနဲ့ သူ့တိုက်စစ်ကို အနာဂတ်အတွက်သာမက လက်ရှိ အတွက်ပါ တိုးတက်အောင် ပြုပြင်ပြောင်းလဲမှရမယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။ လီဗာပူးဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၂ဂိုးစီ… Continue Reading →

လီဗာပူးကစားသမားဘဝ ကောင်းခြင်းနဲ့ ဆိုးခြင်းကို ဆတူလောက် ပိုင်ဆိုင်နေတဲ့ သီယေဂို

သီယေဂို အယ်ကန်တာရာဟာ မကြာသေးမီက နှစ်တွေအတွင်း အနီရောင်ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ ကမ္ဘာအဆင့် ဘောလုံးသမားတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ၂၀၂၀ နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ သူရောက်လာတာက ပရိသတ်တွေကြားမှာ ကလော့ပ်လက်ထက် တခြားသော ခေါ်ယူမှုတွေထက် ပိုပြီးတော့ စိတ်လှုပ်ရှားစေခဲ့ပါတယ်။ သူ့လို ကစားသမားမျိုးကို ခေါ်ယူဖို့ လီဗာပူးရဲ့ ဆုံးဖြတ်ချက်ဟာ FSG လက်ထက် မြင်နေကျ ခေါ်ယူမှုမျိုးနဲ့ ကွာခြားခဲ့ပါတယ်။ သူဟာ အလားအလာကောင်းပဲရှိသေးတဲ့ သက်သေပြစရာ များစွာနဲ့ လူငယ်ကစားသမားတစ်ယောက် မဟုတ်ဘဲ အကောင်းဆုံး အသက်အရွယ်မှာ ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး… Continue Reading →

လီဗာပူး ကွင်းလယ် ခေါ်ဖြစ်ရင် ဘယ်ကစားသမား ဖြစ်မလဲ ဖော်ထုတ်လာတဲ့ သတင်းထောက် ရိုမန်နို

ဒီနွေမှာ လီဗာပူးအသင်းဘက်က ကွင်းလယ်လူ ထပ်ခေါ်ဖို့ မရှိသေးပေမယ့် တစ်ဦးကို ခေါ်ယူမယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ စပို့တင်းမှ ပေါ်တူဂီသား မက်သရူးစ် နူးညက်စ်ဖြစ်လာဖို့ ရှိပါတယ်။ မက်သရူးစ် နူးညက်စ်က စပို့တင်းက ၂၃ နှစ်သား ကွင်းလယ်လူဖြစ်ပါတယ်။ သူ့ရဲ့ အလားအလာကောင်းတွေကြောင့် ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ စပို့တင်း ထိပ်တိုက်တွေ့တုန်းက မက်သရူးစ်ကို ဂွာဒီယိုလာက ချီးကျူးခဲ့ပါသေးတယ်။ လီဗာပူးအသင်းဟာ ကိစ္စတိုင်းကို ရေတိုထက် ရေရှည်အတွက်ပဲ တွက်ချက်လေ့ရှိတာဖြစ်ပြီး မက်သရူးစ်ဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ အသင်းလိုအပ်ချက်နဲ့ ကိုက်ညီပါလိမ့်မယ်။ သတင်းထောက် ရိုမန်နိုက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!