ချယ်ဆီးနဲ့ပွဲမှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သလို အထူးသဖြင့် ဦးဆောင်မှု စွမ်းရည်တွေ ပြသခဲ့တဲ့ တော်မီနေးဟာ ယူနိုက်တက်ရဲ့ အနာဂတ် အသင်းခေါင်းဆောင်အဖြစ် ပရိသတ်တွေရဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာဟောင်း မော်ရင်ညိုက တော်မီနေးဟာ ပါရမီရှိတဲ့ ခေါင်းဆောင်းလို့ ပြောဆိုခဲ့ဖူးပြီး အဆိုပါ စကားက မှန်ကန်ပါတယ်ဆိုတာကို ဒီရာသီမှာ မြင်တွေ့နေရတာဖြစ်တယ်။ ကာရာဘောင်းပွဲအဖြစ် စတမ်းဖိုဒ့်ဘရစ်မှာ အနိုင်ရတဲ့ ပွဲမှာတော့ တော်မီနေးဟာ အရေးပါတဲ့ အခိုက်အတန်မှာ ပြုလုပ်ခဲ့တဲ့ အပြုအမှုအရ ခေါင်းဆောင်မှုမှာ အရည်အချင်း ကြွယ်ဝသူဆိုတာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရနေတဲ့ ပွဲချိန် ၉၂ မိနစ်မှာ တည်ကန်ဘော ကန်ခွင့်ရခဲ့ပြီး စီနီယာကစားသမားတွေက အဆိုပါ အနေအထားမှာ တုန့်ဆိုင်းတုန့်ဆိုင်း ဖြစ်နေခဲ့တာပါ။ ကွင်းလယ်လူ တော်မီနေးက စီနီယာတွေကို ကိုယ်နေရာ ကိုယ်ယူဖို့ ဒေါသတကြီးနဲ့ လိုက်လံ အော်ဟစ်ဟာ တွန်းအားပေးနေခဲ့တာပါ။ ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းပဲ လိုတဲ့ အနေအထားမှာ တော်မီနေးရဲ့ ကိုယ်တာဝန် ကိုယ်ယူကြဖို့ တိုက်တွန်းမှုဟာ ပရိသတ်တွေကို နှစ်သက်စေခဲ့တာဖြစ်ပါတယ်။

တူညီတဲ့ အပြုအမှုကို ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလဲ အမြဲ ပြုလုပ်တတ်ပြီး ခေါင်းဆောင်မှုစွမ်းရည်နဲ့ မွေးဖွားလာတဲ့ ရွိုင်ကိန်းဟာ အသင်းဖော်တွေ ပွဲအတွင်း အာရုံစူးစိုက်မှု ပျံ့လွှင့်တာနဲ့ ကိုယ်တာဝန် ကိုယ်မယူတာတွေကို နည်းနည်းမှ သည်းခံတတ်သူ မဟုတ်ပါဘူး။ တော်မီနေးရဲ့ အပြုအမှုဟာ ရွိုင်ကိန်းနဲ့ပါ နှိုင်းယှဉ်ခံရပြီး ယူနိုက်တက်မှာ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပြည့်ဝတဲ့ လူငယ်အသင်းသားအဖြစ် ထောက်ခံမှုတွေ ရနေတာဖြစ်တယ်။

စွမ်းဆောင်မှုအရလည်း တော်မီနေးဟာ ချယ်ဆီးကို ရင်ဆိုင်တဲ့ပွဲမှာ ပေးမှု ၈၁ ကြိမ် တိကျခဲ့သလို ဖြတ်ထုတ်မှု ၅ ကြိမ်၊ ဖြတ်လုမှု ၅ ကြိမ်၊ အမြင့်ဘော အောင်မြင်မှု ၃ ကြိမ်နဲ့ ပြစ်ဒဏ် အောင်မြင်မှု ၄ ကြိမ်တို့ကို စွမ်းဆောင်နိုင်ခဲ့တယ်။ အကောင်းဆုံး ကစားသမားဆုကို ရပ်ဖို့က သွင်းဂိုး နှစ်ဂိုးကြောင့် ရခဲ့ပေမယ့် တော်မီနေးကလည်း ထိပ်တန် အရည်အချင်းတွေကို ပြသခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့သလို အထူးသျဖင့္ ဦးေဆာင္မႈ စြမ္းရည္ေတြ ျပသခဲ့တဲ့ ေတာ္မီေနးဟာ ယူႏုိက္တက္ရဲ႕ အနာဂတ္ အသင္းေခါင္းေဆာင္အျဖစ္ ပရိသတ္ေတြရဲ႕ ေထာက္ခံမႈေတြကို ရရွိခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳက ေတာ္မီေနးဟာ ပါရမီရွိတဲ့ ေခါင္းေဆာင္းလို႔ ေျပာဆိုခဲ့ဖူးျပီး အဆိုပါ စကားက မွန္ကန္ပါတယ္ဆိုတာကို ဒီရာသီမွာ ျမင္ေတြ႔ေနရတာျဖစ္တယ္။ ကာရာေဘာင္းပြဲအျဖစ္ စတမ္းဖိုဒ့္ဘရစ္မွာ အႏုိင္ရတဲ့ ပြဲမွာေတာ့ ေတာ္မီေနးဟာ အေရးပါတဲ့ အခိုက္အတန္မွာ ျပဳလုပ္ခဲ့တဲ့ အျပဳအမႈအရ ေခါင္းေဆာင္မႈမွာ အရည္အခ်င္း ၾကြယ္ဝသူဆိုတာကို ျမင္ေတြ႔ခဲ့ရတာပဲ ျဖစ္ပါတယ္။

ယူႏုိက္တက္က ၂-၁ နဲ႔ အႏုိင္ရေနတဲ့ ပြဲခ်ိန္ ၉၂ မိနစ္မွာ တည္ကန္ေဘာ ကန္ခြင့္ရခဲ့ျပီး စီနီယာကစားသမားေတြက အဆိုပါ အေနအထားမွာ တုန္႔ဆုိင္းတုန္႔ဆိုင္း ျဖစ္ေနခဲ့တာပါ။ ကြင္းလယ္လူ ေတာ္မီေနးက စီနီယာေတြကို ကိုယ္ေနရာ ကိုယ္ယူဖို႔ ေဒါသတၾကီးနဲ႔ လိုက္လံ ေအာ္ဟစ္ဟာ တြန္းအားေပးေနခဲ့တာပါ။ ပြဲျပီးဆံုးဖို႔ မိနစ္ပိုင္းပဲ လိုတဲ့ အေနအထားမွာ ေတာ္မီေနးရဲ႕ ကိုယ္တာဝန္ ကိုယ္ယူၾကဖို႔ တိုက္တြန္းမႈဟာ ပရိသတ္ေတြကို ႏွစ္သက္ေစခဲ့တာျဖစ္ပါတယ္။

တူညီတဲ့ အျပဳအမႈကို ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္ကိန္းကလဲ အျမဲ ျပဳလုပ္တတ္ျပီး ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ ေမြးဖြားလာတဲ့ ရိြဳင္ကိန္းဟာ အသင္းေဖာ္ေတြ ပြဲအတြင္း အာရံုစူးစိုက္မႈ ပ်ံ႔လႊင့္တာနဲ႔ ကိုယ္တာဝန္ ကိုယ္မယူတာေတြကို နည္းနည္းမွ သည္းခံတတ္သူ မဟုတ္ပါဘူး။ ေတာ္မီေနးရဲ႕ အျပဳအမႈဟာ ရိြဳင္ကိန္းနဲ႔ပါ ႏိႈင္းယွဥ္ခံရျပီး ယူႏုိက္တက္မွာ ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ ျပည့္ဝတဲ့ လူငယ္အသင္းသားအျဖစ္ ေထာက္ခံမႈေတြ ရေနတာျဖစ္တယ္။

စြမ္းေဆာင္မႈအရလည္း ေတာ္မီေနးဟာ ခ်ယ္ဆီးကို ရင္ဆုိင္တဲ့ပြဲမွာ ေပးမႈ ၈၁ ၾကိမ္ တိက်ခဲ့သလို ျဖတ္ထုတ္မႈ ၅ ၾကိမ္၊ ျဖတ္လုမႈ ၅ ၾကိမ္၊ အျမင့္ေဘာ ေအာင္ျမင္မႈ ၃ ၾကိမ္နဲ႔ ျပစ္ဒဏ္ ေအာင္ျမင္မႈ ၄ ၾကိမ္တုိ႔ကို စြမ္းေဆာင္ႏုိင္ခဲ့တယ္။ အေကာင္းဆံုး ကစားသမားဆုကို ရပ္ဖို႔က သြင္းဂိုး ႏွစ္ဂိုးေၾကာင့္ ရခဲ့ေပမယ့္ ေတာ္မီေနးကလည္း ထိပ္တန္ အရည္အခ်င္းေတြကို ျပသခဲ့ေသးတာ ျဖစ္ပါတယ္။