ဖာဘင်ညိုဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ကွင်းလယ်ခံစစ် အဖြစ် တိုးတက်လာသလား ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ခြင်းတွေ ပေါ်ထွက်နေပြီး လီဗာပူး အသင်းကြီးမှာ သူ ရှိနေခဲ့တာ တစ်နှစ်ရှိခဲ့ပြီဖြစ်တာနဲ့အတူ အသက် ၂၆နှစ်အရွယ် ကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

လီဗာပူးသတင်းထောက်ဖြစ်တဲ့ Paul Gorst က အသင်းမှာ ဘရာဇီးသားရဲ့ အရေးပါမှု၊ ထူးချွန်မှုတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လို့ အရေးပါတဲ့ အချက်တစ်ချက်က ဒီရာသီ အဝါကဒ် ၄ ကြိမ် ရထားပြီဖြစ်တဲ့ ဖာဘင်ညိုကို ဒီအပတ်အကုန် ယှဉ်ပြိုင်ကစားရမယ့် အက်စတွန်ဗီလာနဲ့ပွဲမှာ အနားပေးသင့်နေလားဆိုတဲ့ အချက်ကိုလည်း သူကပဲ ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

” သူက တစ်ပတ်ပြီးတစ်ပတ် ပို အရေးပါလာပြီး လွှမ်းမိုးမှု ရှိလာတယ်။ ကလော့ပ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ မိုနာကိုမှာ သူက ကွင်းလယ်ခံစစ် နှစ်ယောက်နဲ့ အသားကျခဲ့တာနဲ့အတူ ဒီမှာ တိုးတက်လာဖို့ အချိန်နည်းနည်း လိုအပ်ခဲ့တယ်တဲ့။ အခု သူက ဒီမှာ တစ်ယောက်ထဲကစားနေရတာ။ ဒါကြောင့် သူက အများကြီးပိုကြိုးစားရပြီး တိုးတက်မှု နှေးကွေးခဲ့တယ်။ ဒါပေမယ့် သူလုပ်နိုင်ခဲ့ပါတယ်။

အက်တွန်ဗီလာနဲ့ပွဲမှာ သူ့ကို အနားပေးဖို့လိုတယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက နောက် တစ်ဝါ ထိရင် ပွဲပယ်ခံရတော့မှာဖြစ်တယ်။ စီးတီးနဲ့ကစားရင် သူမပါလို့ မဖြစ်ဘူး။ သူမပါပဲနဲ့ ဗီလာနဲ့ပွဲကို သူတို့ ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မနှစ်က ဖာနန်ဒင်ဟိုဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်ခံစစ် လို့ ကျနော် ယူဆခဲ့တယ်။ ဒါပေမယ့် အခု ဖာဘင်ဟိုက အကောင်းဆုံး လို့ ထင်တယ်။ အဲ့နေရာအတွက် သူ့လောက် တော်တဲ့လူ ရှိသေးတယ်လို့ မထင်ပါဘူး။ ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ်မှာ အက်စတွန်ဗီလာကို ရင်ဆိုင်ပြီးရင် နောက်အပတ်မှာတော့ လီဗာပူးဟာ မန်စီးတီးကို ဧည့်ခံကစားရမှာပါ။ ကလပ်အသင်းရဲ့ အကောင်းဆုံး ကစားသမားကို ထည့်မသုံးနိုင်မယ့် အနေအထားဖြစ်တဲ့ အဝါကဒ်ပြစ်ဒဏ်ကို ရှောင်ရှားဖို့ရာ ဒီအပတ်ပွဲမှာ ဖာဘင်ညိုကို ထုတ်မသုံးတာက အကောင်းဆုံး ရွေးချယ်မှုဖြစ်မယ်လို့ပဲ ဆိုရမှာပါ။

ZAWGYI

ဖာဘင္ညိဳဟာ ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံး ကြင္းလယ္ခံစစ္ အျဖစ္ တိုးတက္လာသလား ဆိုတာနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ လုပ္ျခင္းေတြ ေပၚထြက္ေနျပီး လီဗာပူး အသင္းႀကီးမွာ သူ ရွိေနခဲ့တာ တစ္ႏွစ္ရွိခဲ့ၿပီျဖစ္တာနဲ႔အတူ အသက္ ၂၆ႏွစ္အ႐ြယ္ ကစားသမားရဲ႕ စြမ္းေဆာင္ရည္ဟာ ခ်ီးက်ဴးစရာ ျဖစ္ခဲ့ပါတယ္။

လီဗာပူးသတင္းေထာက္ျဖစ္တဲ့ Paul Gorst က အသင္းမွာ ဘရာဇီးသားရဲ႕ အေရးပါမႈ၊ ထူးခၽြန္မႈေတြနဲ႔ ပတ္သက္ၿပီး သူ႔အျမင္ကို ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လို႔ အေရးပါတဲ့ အခ်က္တစ္ခ်က္က ဒီရာသီ အဝါကဒ္ ၄ ၾကိမ္ ရထားျပီျဖစ္တဲ့ ဖာဘင္ညိဳကို ဒီအပတ္အကုန္ ယွဥ္ျပိဳင္ကစားရမယ့္ အက္စတြန္ဗီလာနဲ႔ပြဲမွာ အနားေပးသင့္ေနလားဆိုတဲ့ အခ်က္ကိုလည္း သူကပဲ ထည့္သြင္း ေဆြးေႏြးသြားခဲ့ပါတယ္။

” သူ​က တစ္ပတ္ၿပီးတစ္ပတ္ ပို အေရးပါလာၿပီး လႊမ္းမိုးမႈ ရွိလာတယ္။ ကေလာ့ပ္က ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တယ္။ မိုနာကိုမွာ သူက ကြင္းလယ္ခံစစ္ ႏွစ္ေယာက္နဲ႔ အသားက်ခဲ့တာနဲ႔အတူ ဒီမွာ တိုးတက္လာဖို႔ အခ်ိန္နည္းနည္း လိုအပ္ခဲ့တယ္တဲ့။ အခု သူက ဒီမွာ တစ္ေယာက္ထဲကစားေနရတာ။ ဒါေၾကာင့္ သူက အမ်ားႀကီးပိုႀကိဳးစားရၿပီး တိုးတက္မႈ ေႏွးေကြးခဲ့တယ္။ ဒါေပမယ့္ သူလုပ္ႏိုင္ခဲ့ပါတယ္။

အက္တြန္ဗီလာနဲ႔ပြဲမွာ သူ႔ကို အနားေပးဖို႔လိုတယ္ထင္တယ္။ ဘာ​​​ေၾကာင့္လဲဆိုေတာ့ သူက ေနာက္ တစ္ဝါ ထိရင္ ပြဲပယ္ခံရေတာ့မွာျဖစ္တယ္။ စီးတီးနဲ႔ကစားရင္ သူမပါလို႔ မျဖစ္ဘူး။ သူမပါပဲနဲ႔ ဗီလာနဲ႔ပြဲကို သူတို႔ ကစားႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ မႏွစ္က ဖာနန္ဒင္ဟိုဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ကြင္းလယ္ခံစစ္ လို႔ က်ေနာ္ ယူဆခဲ့တယ္။ ဒါေပမယ့္ အခု ဖာဘင္ဟိုက အေကာင္းဆုံး လို႔ ထင္တယ္။ အဲ့ေနရာအတြက္ သူ႔ေလာက္ ေတာ္တဲ့လူ ရွိေသးတယ္လို႔ မထင္ပါဘူး။ ” ဆိုၿပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီအပတ္မွာ အက္စတြန္ဗီလာကို ရင္ဆိုင္ျပီးရင္ ေနာက္အပတ္မွာေတာ့ လီဗာပူးဟာ မန္စီးတီးကို ဧည့္ခံကစားရမွာပါ။ ကလပ္အသင္းရဲ႕ အေကာင္းဆံုး ကစားသမားကို ထည့္မသံုးႏုိင္မယ့္ အေနအထားျဖစ္တဲ့ အဝါကဒ္ျပစ္ဒဏ္ကို ေရွာင္ရွားဖို႔ရာ ဒီအပတ္ပြဲမွာ ဖာဘင္ညိဳကို ထုတ္မသံုးတာက အေကာင္းဆံုး ေရြးခ်ယ္မႈျဖစ္မယ္လို႔ပဲ ဆိုရမွာပါ။