ချယ်ဆီးအသင်းဟာ တခြား ဖလားပြိုင်ပွဲတွေကို ပိုမို အာရုံစိုက်ပါတယ်လို့ ပြောဆိုလိုက်ပြီး ဖရန့်လမ်းပတ်က မန်ချက်စတာယူနိုက်တက် ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်ကို မေ့ထားဖို့ ကြိုးစားခဲ့ပါတယ်။ ရက်ဖို့ဒ် ၊ ဘတ်ရှူဝါရီ တို့ရဲ့ ဂိုးတွေကြောင့် ချယ်ဆီးဟာ ၇ပွဲဆက် အနိူင်မှတ်တမ်း အဆုံးသတ်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ကာရာဘောင်း ပြိုင်ပွဲကနေ ထွက်ရတာက ဆုံးရှုံးမှု ဖြစ်စေခဲ့သလားလို့ မေးမြန်းခဲ့တဲ့အခါ လမ်းပတ်က သူ့အသင်းရဲ့ မကြာသေးမီက ကစားပုံတွေကို ချီးကျူးခဲ့ပြီး တခြားပွဲတွေမှာ အာရုံစိုက်ထားကာ အသင်းကို အပြောင်းအလဲ လုပ်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ၇ပွဲ ဆက်တိုက် နိုင်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ ခက်ခဲတဲ့ ပွဲတွေ ကစားခဲ့တယ်။ နောက်တစ်ဆင့် ကို တက်ချင်ပါတယ်။ လိဂ် ကစားပုံကလဲ တကယ်ကို ကောင်းမွန်ခဲ့တယ်။ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် က ဦးစားပေးပွဲတွေပေါ့။ ဒါပေမယ့် ကျနော်တို့ ပွဲတိုင်းကို အနိုင်လိုချင်တာပါ။ ဒီနေ့ ကျနော့်အသင်းကိုကြည့်ပြီး ဘယ်သူတွေက ကစားချိန်တွေနဲ့ ထိုက်တန်လဲဆိုတာ စဉ်းစားခဲ့တယ်။ လူငယ် ကစားသမားတွေပေါ့။ ပြိုင်ပွဲဆိုတာ ကျနော်တို့ အတွက် ကစားချိန်ပေးရဖို့ပဲလေ။ ” လို့ ဆိုခဲ့တာပါ။

ယူနိုက်တက်ကို ရှုံးခဲ့ပေမယ့်လဲ လမ်းပတ်က ရီစီဂျိမ်းစ်၊ ဂူဟီ၊ ဂယ်မာတို့လို လူငယ်ကစားသမား များစွာရဲ့ စွမ်းဆောင်ရည်တွေကို ကျေနပ် နေပါတယ်။ ရှုံးနိမ့်မှုကို မုန်းတီးကြောင်း လမ်းပတ်က ဝန်ခံခဲ့ပေမယ့် လာမယ့်ပွဲတွေအတွက်ပဲ အာရုံစိူက်ထားကြဖို့ သူ့ကစားသမား တွေကို တိုက်တွန်းခဲ့ပါတယ်။

“အနာဂတ်မှာ ကျနော်တို့ အတွက် ကောင်းတဲ့ အရာများစွာကို မြင်ခဲ့ရတယ်။ ရှုံးတာကို မူန်းပေမယ့် ဒီပွဲမှာ ကျေနပ်စရာ ပူံစံအချို့ကိုလဲ မြင်တွေ့ခဲ့ရပြီး နောက်လာမယ့် ပွဲကြီးတွေ၊ ပွဲကျပ်တွေ လဲ ရှိတယ်။ ဒါကြောင့် အနာဂတ်အတွက်ပဲ ကျနော်တို့ အာရုံစိုက်ထားတယ်။ ” လိူ့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ရက်ဖို့ဒ် ရဲ့ နှစ်ဂိုးလုံးက တည်ကန်ဘောတွေကနေ ရရှိခဲ့တာပါ။ ပထမတစ်ဂိုးက ပင်နယ်တီ ဖြစ်ပြီး နောက်တစ်ဂိုးက ၃၅ကိုက် အကွာက အံ့အားသင့်စရာ ဖရီးကစ်ဂိုး ဖြစ်ပါတယ်။ ကစားသမားဘဝတုန်းက ဖရီးကစ် ဆရာတစ်ဆူ ဖြစ်ခဲ့တဲ့ လမ်းပတ်က ရက်ရှ်ဖို့ဒ် ရဲ့ ဂိုးကို အပြည့်အဝ ချီးကျူးခဲ့ပြီး အဲ့ဒီ ဖရီးကစ် မတိုင်ခင် အထိ သူ့အသင်းဟာ ဦးဆောင်နေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“ဒါက ကြီးကျယ်တဲ့ နည်းစနစ်ပါပဲ။ အရင်တုန်းက ရက်ရှ်ဖို့ဒ်ဟာ ဒီလိုဆင်တူတဲ့ နည်းနဲ့ ကန်ခဲ့တာကို ကျနော်တို့ မြင်ခဲ့ရတယ်။ ဘောလုံးက အမြဲတမ်း ဂိုး ထိပ်ထောင့်ကို မသွားဘူး။ ဒါပေမယ့် အံ့အားသင့်စရာ ကန်ချက် ဖြစ်ခဲ့တယ်။ မေဆန်မောင့်၊ ပက်ဒရိုတို့ရဲ့ ခြေစွမ်းပြမှုနဲ့ ကျနော်တို့ အသာစီး ရယူနေခဲ့ပေမယ့် သူတို့က ဦးဆောင်ဂိုး တစ်ဂိုး ရယူနိူင်ခဲ့တာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ လာမယ့် စနေနေ့ ပရီးမီးယားလိဂ် မှာ ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ် အသင်းနဲ့ တွေ့ဆုံရမှာပါ။

Zawgyi

ခ်ယ္ဆီးအသင္းဟာ တျခား ဖလားၿပိဳင္ပြဲေတြကို ပိုမို အာ႐ုံစိုက္ပါတယ္လို႔ ေျပာဆိုလိုက္ျပီး ဖရန႔္လမ္းပတ္က မန္ခ်က္စတာယူႏိုက္တက္ ကို ၂-၁ နဲ႔ ရႈံးခဲ့တဲ့ ကာရာေဘာင္းဖလား ပြဲစဥ္ကို ေမ့ထားဖို႔ ႀကိဳးစားခဲ့ပါတယ္။ ရက္ဖို႔ဒ္ ၊ ဘတ္ရွဴဝါရီ တို႔ရဲ႕ ဂိုးေတြေၾကာင့္ ခ်ယ္ဆီးဟာ ၇ပြဲဆက္ အႏိူင္မွတ္တမ္း အဆုံးသတ္ခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာပါ။

ကာရာေဘာင္း ၿပိဳင္ပြဲကေန ထြက္ရတာက ဆုံးရႈံးမႈ ျဖစ္ေစခဲ့သလားလို႔ ေမးျမန္းခဲ့တဲ့အခါ လမ္းပတ္က သူ႔အသင္းရဲ႕ မၾကာေသးမီက ကစားပုံေတြကို ခ်ီးက်ဴးခဲ့ၿပီး တျခားပြဲေတြမွာ အာ႐ုံစိုက္ထားကာ အသင္းကို အေျပာင္းအလဲ လုပ္ရမယ္ဆိုတဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ၇ပြဲ ဆက္တိုက္ ႏိုင္ခဲ့တယ္။ ခ်န္ပီယံလိဂ္မွာ ခက္ခဲတဲ့ ပြဲေတြ ကစားခဲ့တယ္။ ေနာက္တစ္ဆင့္ ကို တက္ခ်င္ပါတယ္။ လိဂ္ ကစားပုံကလဲ တကယ္ကို ေကာင္းမြန္ခဲ့တယ္။ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ က ဦးစားေပးပြဲေတြေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ ပြဲတိုင္းကို အႏိုင္လိုခ်င္တာပါ။ ဒီေန႔ က်ေနာ့္အသင္းကိုၾကည့္ၿပီး ဘယ္သူေတြက ကစားခ်ိန္ေတြနဲ႔ ထိုက္တန္လဲဆိုတာ စဥ္းစားခဲ့တယ္။ လူငယ္ ကစားသမားေတြေပါ့။ ၿပိဳင္ပြဲဆိုတာ က်ေနာ္တို႔ အတြက္ ကစားခ်ိန္ေပးရဖို႔ပဲေလ။ ” လို႔ ဆိုခဲ့တာပါ။

ယူႏိုက္တက္ကို ရႈံးခဲ့ေပမယ့္လဲ လမ္းပတ္က ရီစီဂ်ိမ္းစ္၊ ဂူဟီ၊ ဂယ္မာတို႔လို လူငယ္ကစားသမား မ်ားစြာရဲ႕ စြမ္းေဆာင္ရည္ေတြကို ေက်နပ္ ေနပါတယ္။ ရႈံးနိမ့္မႈကို မုန္းတီးေၾကာင္း လမ္းပတ္က ဝန္ခံခဲ့ေပမယ့္ လာမယ့္ပြဲေတြအတြက္ပဲ အာ႐ုံစိူက္ထားၾကဖို႔ သူ႔ကစားသမား ေတြကို တိုက္တြန္းခဲ့ပါတယ္။

“အနာဂတ္မွာ က်ေနာ္တို႔ အတြက္ ေကာင္းတဲ့ အရာမ်ားစြာကို ျမင္ခဲ့ရတယ္။ ရႈံးတာကို မူန္းေပမယ့္ ဒီပြဲမွာ ေက်နပ္စရာ ပူံစံအခ်ိဳ႕ကိုလဲ ျမင္ေတြ႕ခဲ့ရၿပီး ေနာက္လာမယ့္ ပြဲႀကီးေတြ၊ ပြဲက်ပ္ေတြ လဲ ရွိတယ္။ ဒါေၾကာင့္ အနာဂတ္အတြက္ပဲ က်ေနာ္တို႔ အာ႐ုံစိုက္ထားတယ္။ ” လိူ႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ရက္ဖို႔ဒ္ ရဲ႕ ႏွစ္ဂိုးလုံးက တည္ကန္ေဘာေတြကေန ရရွိခဲ့တာပါ။ ပထမတစ္ဂိုးက ပင္နယ္တီ ျဖစ္ၿပီး ေနာက္တစ္ဂိုးက ၃၅ကိုက္ အကြာက အံ့အားသင့္စရာ ဖရီးကစ္ဂိုး ျဖစ္ပါတယ္။ ကစားသမားဘဝတုန္းက ဖရီးကစ္ ဆရာတစ္ဆူ ျဖစ္ခဲ့တဲ့ လမ္းပတ္က ရက္ရွ္ဖို႔ဒ္ ရဲ႕ ဂိုးကို အျပည့္အဝ ခ်ီးက်ဴးခဲ့ၿပီး အဲ့ဒီ ဖရီးကစ္ မတိုင္ခင္ အထိ သူ႔အသင္းဟာ ဦးေဆာင္ေနခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

“ဒါက ႀကီးက်ယ္တဲ့ နည္းစနစ္ပါပဲ။ အရင္တုန္းက ရက္ရွ္ဖို႔ဒ္ဟာ ဒီလိုဆင္တူတဲ့ နည္းနဲ႔ ကန္ခဲ့တာကို က်ေနာ္တို႔ ျမင္ခဲ့ရတယ္။ ေဘာလံုးက အၿမဲတမ္း ဂိုး ထိပ္ေထာင့္ကို မသြားဘူး။ ဒါေပမယ့္ အံ့အားသင့္စရာ ကန္ခ်က္ ျဖစ္ခဲ့တယ္။ ေမဆန္ေမာင့္၊ ပက္ဒ႐ိုတို႔ရဲ႕ ​​ေျခစြမ္းျပမႈနဲ႔ က်ေနာ္တို႔ အသာစီး ရယူေနခဲ့ေပမယ့္ သူတို႔က ဦးေဆာင္ဂိုး တစ္ဂိုး ရယူႏိူင္ခဲ့တာပါ။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ လာမယ့္ စေနေန႔ ပရီးမီးယားလိဂ္ မွာ ႐ုန္းကန္ေနရတဲ့ ဝက္ဖို႔ဒ္ အသင္းနဲ႔ ေတြ႕ဆုံရမွာပါ။