ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖရက်ရှာက လာမယ့်အပတ်တွေမှာ ဆိုးရှားရဲ့အသင်းဟာ ရပ်ဖို့ ပုံစံကောင်းတွေ ပြန်ရလာခြင်းနဲ့အတူ သွင်းဂိုးတွေ ဆက်တိုက် ပြန်ရယူလာပါတော့မယ်လို့ ပြောဆိုလာပါတယ်။

နော်ဝစ်နဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ရပ်ဖို့ဟာ ချယ်ဆီးနဲ့ ကာရာဘောင်းပွဲမှာတော့ ပင်နယ်တီ ကန်သွင်းမှုကို ရယူဖို့ တွန့်ဆုတ်နေခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် အဝေးကွင်းမှာလည်း ကောင်းမွန်ထူးချွန်တဲ့ ဖရီးကစ်ဂိုးနဲ့ ကလပ်အသင်းကို အနိုင်ရစေဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ရပ်ဖို့ရဲ့ ပုံစံကောင်းတွေကြောင့် ဖရက်ရှာကတော့ အသင်းတိုက်စစ်ဟာ ပိုကောင်းတဲ့ ဦးတည်ချက်တွေ ရှာတွေ့လာပြီလို့ မြင်နေပါတယ်။

စကိုင်းစပေါ့ကနေပဲ ဖရက်ရှာက “ စနေနေ့ကပွဲမှာ သူ ပင်နယ်တီကို နောက်တစ်ကြိမ် တာဝန်ယူခြင်း မရှိခဲ့တာအတွက် ကျနော် အံ့သြမိပါတယ်။ သူ့ကို ထပ်ကန်စေချင်ခဲ့တာပါ။ ဒါပေမယ့် ဒီကနေ့မှာတော့ ရပ်ဖို့က သူ့ရဲ့ အကျင့်စရိုက်ကောင်းကို ပြသနိုင်ခဲ့ပါတယ်။ အင်္ဂလန်အတွက် ယုံကြည်မှုရှိစွာ ဂိုးရယူခဲ့ပြီး လီဗာပူးနဲ့ပွဲမှာလည်း ဂိုးရယူခဲ့တယ်။

ဘယ်သူမှ မကျော်ဖြတ်နိုင်ဘူးလို့ အားလုံး ထင်ထားကြတဲ့ ဗန်ဒိုက်လို ကစားသမားကိုတောင် သူက လှည့်ထွက်မှုလို ကိစ္စကို လုပ်နိုင်ခဲ့ပါတယ်။ ဒီအကြောင်းကိစ္စတွေကပဲ ရပ်ဖို့ကို ယုံကြည်မှုတွေ တိုးပွားလာစေခဲ့တာပါ။ လီဗာပူးကို ရင်ဆိုင်ပြီး ဂိုးသွင်းနိုင်တာက ယူနိုက်တက် ကစားသမား တစ်ဦးအနေနဲ့ ကြီးမားတဲ့ ကိစ္စပါပဲ။ သူက တကယ်ကို သက်သက်သာသာနဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။

သူ့ရဲ့တွဲဘက် မာရှယ် ပြန်ကစားနိုင်တာကလည်း သူ့ကို ခံစားမှု ပိုကောင်းလာစေတယ်။ ရပ်ဖို့ဟာ အခုချိန်မှာ သွင်းဂိုးတွေ ပြန်ရယူလာနိုင်တော့မယ်လို့ ခံစားနေရမှာဖြစ်တယ်။ မာရှယ်က နံပါတ် ကိုးနေရာကို ကစားမှာဖြစ်ပြီး ရပ်ဖို့က အဲ့နေရာမှာ ကစားမှာ မဟုတ်တော့ဘူး။ ယူနိုက်တက် တိုက်စစ်ကနေ သွင်းဂိုးတွေ အများအပြားကို မြင်လာရတော့မယ်လို့ ကျနော် ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ကြင္းလယ္လူေဟာင္း ဖရက္ရွာက လာမယ့္အပတ္ေတြမွာ ဆိုးရွားရဲ႕အသင္းဟာ ရပ္ဖို႔ ပံုစံေကာင္းေတြ ျပန္ရလာျခင္းနဲ႔အတူ သြင္းဂိုးေတြ ဆက္တိုက္ ျပန္ရယူလာပါေတာ့မယ္လို႔ ေျပာဆိုလာပါတယ္။

ေနာ္ဝစ္နဲ႔ပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့ေပမယ့္ ရပ္ဖို႔ဟာ ခ်ယ္ဆီးနဲ႔ ကာရာေဘာင္းပြဲမွာေတာ့ ပင္နယ္တီ ကန္သြင္းမႈကို ရယူဖို႔ တြန္႔ဆုတ္ေနခဲ့ျခင္း မရွိပါဘူး။ ဒါ့အျပင္ အေဝးကြင္းမွာလည္း ေကာင္းမြန္ထူးခၽြန္တဲ့ ဖရီးကစ္ဂိုးနဲ႔ ကလပ္အသင္းကို အႏုိင္ရေစဖို႔ တြန္းအားျဖစ္ေစခဲ့ပါတယ္။ ရပ္ဖို႔ရဲ႕ ပံုစံေကာင္းေတြေၾကာင့္ ဖရက္ရွာကေတာ့ အသင္းတိုက္စစ္ဟာ ပိုေကာင္းတဲ့ ဦးတည္ခ်က္ေတြ ရွာေတြ႔လာျပီလို႔ ျမင္ေနပါတယ္။

စကိုင္းစေပါ့ကေနပဲ ဖရက္ရွာက “ စေနေန႔ကပြဲမွာ သူ ပင္နယ္တီကို ေနာက္တစ္ၾကိမ္ တာဝန္ယူျခင္း မရွိခဲ့တာအတြက္ က်ေနာ္ အံ့ၾသမိပါတယ္။ သူ႔ကို ထပ္ကန္ေစခ်င္ခဲ့တာပါ။ ဒါေပမယ့္ ဒီကေန႔မွာေတာ့ ရပ္ဖို႔က သူ႔ရဲ႕ အက်င့္စရိုက္ေကာင္းကို ျပသႏုိင္ခဲ့ပါတယ္။ အဂၤလန္အတြက္ ယံုၾကည္မႈရွိစြာ ဂိုးရယူခဲ့ျပီး လီဗာပူးနဲ႔ပြဲမွာလည္း ဂိုးရယူခဲ့တယ္။

ဘယ္သူမွ မေက်ာ္ျဖတ္ႏုိင္ဘူးလို႔ အားလံုး ထင္ထားၾကတဲ့ ဗန္ဒိုက္လို ကစားသမားကိုေတာင္ သူက လွည့္ထြက္မႈလို ကိစၥကို လုပ္ႏုိင္ခဲ့ပါတယ္။ ဒီအေၾကာင္းကိစၥေတြကပဲ ရပ္ဖို႔ကို ယံုၾကည္မႈေတြ တိုးပြားလာေစခဲ့တာပါ။ လီဗာပူးကို ရင္ဆုိင္ျပီး ဂိုးသြင္းႏုိင္တာက ယူႏုိက္တက္ ကစားသမား တစ္ဦးအေနနဲ႔ ၾကီးမားတဲ့ ကိစၥပါပဲ။ သူက တကယ္ကို သက္သက္သာသာနဲ႔ အေကာင္းဆံုး လုပ္ႏုိင္ခဲ့တယ္။

သူ႔ရဲ႕တြဲဘက္ မာရွယ္ ျပန္ကစားႏုိင္တာကလည္း သူ႔ကို ခံစားမႈ ပိုေကာင္းလာေစတယ္။ ရပ္ဖို႔ဟာ အခုခ်ိန္မွာ သြင္းဂိုးေတြ ျပန္ရယူလာႏုိင္ေတာ့မယ္လုိ႔ ခံစားေနရမွာျဖစ္တယ္။ မာရွယ္က နံပါတ္ ကိုးေနရာကို ကစားမွာျဖစ္ျပီး ရပ္ဖို႔က အဲ့ေနရာမွာ ကစားမွာ မဟုတ္ေတာ့ဘူး။ ယူႏုိက္တက္ တုိက္စစ္ကေန သြင္းဂိုးေတြ အမ်ားအျပားကို ျမင္လာရေတာ့မယ္လို႔ က်ေနာ္ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။