ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်က ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းပွဲအပြီးမှာပဲ ပွဲဆက်တွေများနေတဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ကို အနားပေးလိုပါကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

လမ်းပတ်အနေနဲ့ လူစာရင်း အပြောင်းအလဲတွေကို များစွာ ပြုလုပ်နိုင်ပေမယ့် ကွင်းလယ်ကတော့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်ကာ ဂျော်ဂျင်ဟိုကော ကိုဗာဆစ်ပါ ကာရာဘောင်းပွဲမှာ ပါဝင်ကစားခဲ့ရပါတယ်။ လက်ရှိမှာ ကန်တီနဲ့ ဘာကလေတို့ မကစားနိုင်သလို လော့တပ်ချိစ်ကလည်း ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

မန်နေဂျာလမ်းပတ်က “ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်ကို အနားကောင်းကောင်း ပေးတာမျိုး လုပ်လိုပါတယ်။ ဒီရာသီမှာ သူတို့က ပွဲတိုင်း ပါဝင်ကစားနေရပြီး ကြံ့ခိုင်မှုတွေနဲ့ အားထုတ်မငတွေ အများကြီး လုပ်ခဲ့ရတာကြောင့်ပါ။ ဒါပေမယ့် ကန်တီရယ်၊ ဘာကလေရယ်၊ လော့တပ်ချိစ်ရယ် အနားယူနေရတာကြောင့် သူတို့ကို အနားပေးတာတွေ မလုပ်နိုင်ပါဘူး။ ဒါကြောင့် ကျနော် အပြောင်းအလဲ လုပ်လိုတာတောင်မှ မလုပ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

အရင် ရက်အနည်းငယ်တုန်းက ချယ်ဆီးကွင်းလယ်လူ ကန်တီဟာ လေ့ကျင့်ရေး ပြန်ဆင်းနေခဲ့ပြီဖြစ်တယ်။ ပြင်သစ်သား ကွင်းလယ်သမားက မကြာခင်မှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ထားရတာဖြစ်တယ်။ ပေါင်ခြံဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ကန်တီဟာ ဒူးဒဏ်ရာ၊ ခြေကျင်းဝတ်ဒဏ်ရာနဲ့ တံကောက်ကြော ဒဏ်ရာတွေလည်း ဆက်တိုက် ခံစားခဲ့ရပါတယ်။

“ လာမယ့် နှစ်ရက် သုံးရက်လောက်အတွင်း လေ့ကျင့်ရေးမှာ အသင်းနဲ့အတူ သူ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့က အရေးကြီးပါတယ်။ သူက ထိပ်တန်း ကစားသမားပါ ” လို့ ကန်တီနဲ့ ပက်သက်ပြီး လမ်းပတ်က ရှင်းပြမှုကိုလည်း ပြုလုပ်သွားခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ ဖရန္႔လမ္းပတ္က ယူႏုိက္တက္ကို အေရးနိမ့္ခဲ့တဲ့ ကာရာေဘာင္းပြဲအျပီးမွာပဲ ပြဲဆက္ေတြမ်ားေနတဲ့ ကြင္းလယ္အတြဲျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္တို႔ကို အနားေပးလိုပါေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။

လမ္းပတ္အေနနဲ႔ လူစာရင္း အေျပာင္းအလဲေတြကို မ်ားစြာ ျပဳလုပ္ႏုိင္ေပမယ့္ ကြင္းလယ္ကေတာ့ အကန္႔အသတ္ေတြ ရွိေနဆဲျဖစ္ကာ ေဂ်ာ္ဂ်င္ဟိုေကာ ကိုဗာဆစ္ပါ ကာရာေဘာင္းပြဲမွာ ပါဝင္ကစားခဲ့ရပါတယ္။ လက္ရွိမွာ ကန္တီနဲ႔ ဘာကေလတို႔ မကစားႏုိင္သလို ေလာ့တပ္ခ်ိစ္ကလည္း ကာလရွည္ ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။

မန္ေနဂ်ာလမ္းပတ္က “ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္ကို အနားေကာင္းေကာင္း ေပးတာမ်ိဳး လုပ္လိုပါတယ္။ ဒီရာသီမွာ သူတို႔က ပြဲတိုင္း ပါဝင္ကစားေနရျပီး ၾကံ႕ခိုင္မႈေတြနဲ႔ အားထုတ္မငေတြ အမ်ားၾကီး လုပ္ခဲ့ရတာေၾကာင့္ပါ။ ဒါေပမယ့္ ကန္တီရယ္၊ ဘာကေလရယ္၊ ေလာ့တပ္ခ်ိစ္ရယ္ အနားယူေနရတာေၾကာင့္ သူတို႔ကို အနားေပးတာေတြ မလုပ္ႏုိင္ပါဘူး။ ဒါေၾကာင့္ က်ေနာ္ အေျပာင္းအလဲ လုပ္လိုတာေတာင္မွ မလုပ္ႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အရင္ ရက္အနည္းငယ္တုန္းက ခ်ယ္ဆီးကြင္းလယ္လူ ကန္တီဟာ ေလ့က်င့္ေရး ျပန္ဆင္းေနခဲ့ျပီျဖစ္တယ္။ ျပင္သစ္သား ကြင္းလယ္သမားက မၾကာခင္မွာ ျပန္ကစားႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားရတာျဖစ္တယ္။ ေပါင္ျခံဒဏ္ရာေၾကာင့္ အနားယူခဲ့ရတဲ့ ကန္တီဟာ ဒူးဒဏ္ရာ၊ ေျခက်င္းဝတ္ဒဏ္ရာနဲ႔ တံေကာက္ေၾကာ ဒဏ္ရာေတြလည္း ဆက္တိုက္ ခံစားခဲ့ရပါတယ္။

“ လာမယ့္ ႏွစ္ရက္ သံုးရက္ေလာက္အတြင္း ေလ့က်င့္ေရးမွာ အသင္းနဲ႔အတူ သူ ပူးေပါင္းႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ဖို႔က အေရးၾကီးပါတယ္။ သူက ထိပ္တန္း ကစားသမားပါ ” လို႔ ကန္တီနဲ႔ ပက္သက္ျပီး လမ္းပတ္က ရွင္းျပမႈကိုလည္း ျပဳလုပ္သြားခဲ့ေသးတာျဖစ္ပါတယ္။