မန်ချက်စတာယူနိုက်တက်မှာ လျှို့ဝှက်လက်နက် ကစားသမား တစ်ဦး ပိုင်ဆိုင်ထားပြီး အခုချိန်မှာ ၎င်းက သေလောက်အောင် ကောင်းပြနေပါပြီလို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ချယ်ဆီးနဲ့ ကာရာဘောင်း ပွဲအပြီးမှာ သုံးသပ် ချီးကျူးလိုက်ပါတယ်။ ထို ကစားသမားကတော့ ဒန်နီရယ် ဂျိမ်းစ်ပါ။

ဂျိမ်းစ်ဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနေပါတယ်။ ချယ်ဆီးကို ယူနိုက်တက် ရင်ဆိုင်ခဲ့တဲ့ အဖွင့်ပွဲစဉ်မှာတည်းက ဒန်နီရယ်ဂျိမ်းစ်က အရန်ခုန်တန်းက လျှို့ဝှက် လက်နက် ဖြစ်ခဲ့ပြီး လမ်းပတ် ကိုယ်တိုင်လည်း ဂျိမ်းစ် အစွမ်းအစကို သတိပြုမိခဲ့ပြီး ဖြစ်ပါတယ်။ ကာရာဘောင်းဖလားပွဲမှာလည်း ဂျိမ်းစ်က ပွဲထွက် ပါဝင်ကစားခဲ့ပြီး ဂိုးမသွင်းခဲ့သည့်တိုင် ယူနိုက်တက် နိုင်ပွဲ အတွက် အစွမ်းကုန် ရုန်းသွားခဲ့ပါတယ်။

နွေရာသီကမှ ပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့တဲ့ တောင်ပံတိုက်စစ်သမားလေးဟာ ပရီးမီးယားလိဂ် အင်ပါယာမှာ အဖိုးချိုချိုနဲ့ ကလပ် အသင်းကြီးထံ ရောက်ရှိလာပြီးနောက် အထူး အစွမ်းပြလာခဲ့သူပါ။ ဂျိမ်းစ် ပွဲထွက် ကစား အစွမ်းပြလာတာကလည်း ဆိုးရှား ကိုယ်တိုင် ကစားသမားအပေါ် စိတ်ရှည်ရှည်နဲ့ ယုံကြည်မှု ထားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဂျိမ်းစ်ရဲ့ အရည်အချင်းတွေက ယူနိုက်တက် အရေးပေါ် အခြေအနေ ကြုံလာချိန်မှာ ပြန်လည် ရုန်းထလာဖို့ အရေးပါခဲ့ပြီး ဒီရာသီ အဝေးကွင်းပွဲစဉ်တွေထဲ အရေးပါတဲ့ နိုင်ပွဲတစ်ရပ် ထပ်မံ ရယူနိုင်ခဲ့တာပါ။

သူ့ရဲ့ အဆုတ်နှစ်လုံးရှိသလို အားကုန်ထုတ် ပြေးလွှားမှုတွေက ဥရောပက ဘယ်လို ခံစစ်သမားကိုမဆို အဆိုးဆုံး အိပ်မက်ဆိုးတွေ ပေးနိုင်စွမ်း ရှိပါတယ်။ ချယ်ဆီးနဲ့ပွဲ ပထမပိုင်းက အရေးပါတဲ့ ပင်နယ်တီကို ဂျိမ်းစ်ကြောင့် ရခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ထိုးဖောင် မွှေနှောက်မှုများ ဘယ် ယူနိုက်တက် ကစားသမားမှ လောလောဆယ် လိုက်မှီနိုင်စွမ်း မရှိပါဘူး။

ဒန်နီရယ် ဂျိမ်းစ်ဟာ အခုမှာတော့ ယူနိုက်တက်ရဲ့ လျှို့ဝှက်လက်နက် မဟုတ်တော့ဘဲ လူတိုင်းလို သတိထားမိလာပြီ ဖြစ်တဲ့ ယူနိုက်တက်ရဲ့ မရဏ လက်နက် ဖြစ်လာခဲ့ပါပြီ။

Zawgyi

မန္ခ်က္စတာယူနိုက္တက္မွာ လွ်ိဳ႕၀ွက္လက္နက္ ကစားသမား တစ္ဦး ပိုင္ဆိုင္ထားျပီး အခုခ်ိန္မွာ ၄င္းက ေသေလာက္ေအာင္ ေကာင္းျပေနပါျပီလို႔ မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက ခ်ယ္ဆီးနဲ႕ ကာရာေဘာင္း ပြဲအျပီးမွာ သံုးသပ္္ ခ်ီးက်ဴးလိုက္ပါတယ္။ ထို ကစားသမားကေတာ့ ဒန္နီရယ္ ဂ်ိမ္းစ္ပါ။

ဂ်ိမ္းစ္ဟာ ယူနိုက္တက္အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္လာေနပါတယ္။ ခ်ယ္ဆီးကို ယူနိုက္တက္ ရင္ဆိုင္ခဲ့တဲ့ အဖြင့္ပြဲစဥ္မွာတည္းက ဒန္နီရယ္ဂ်ိမ္းစ္က အရန္ခုန္တန္းက လွ်ိဳ႕၀ွက္ လက္နက္ ျဖစ္ခဲ့ျပီး လမ္းပတ္ ကိုယ္တိုင္လည္း ဂ်ိမ္းစ္ အစြမ္းအစကို သတိျပဳမိခဲ့ျပီး ျဖစ္ပါတယ္။ ကာရာေဘာင္းဖလားပြဲမွာလည္း ဂ်ိမ္းစ္က ပြဲထြက္ ပါ၀င္ကစားခဲ့ျပီး ဂိုးမသြင္းခဲ့သည့္တိုင္ ယူနိုက္တက္ နုိင္ပြဲ အတြက္ အစြမ္းကုန္ ရုန္းသြားခဲ့ပါတယ္။

ေႏြရာသီကမွ ေပါင္ ၁၅ သန္းနဲ႕ ေရာက္လာခဲ့တဲ့ ေတာင္ပံတိုက္စစ္သမားေလးဟာ ပရီးမီးယားလိဂ္ အင္ပါယာမွာ အဖိုးခ်ိဳခ်ဳိနဲ႕ ကလပ္ အသင္းၾကီးထံ ေရာက္ရွိလာျပီးေနာက္ အထူး အစြမ္းျပလာခဲ့သူပါ။ ဂ်ိမ္းစ္ ပြဲထြက္ ကစား အစြမ္းျပလာတာကလည္း ဆိုးရွား ကိုယ္တိုင္ ကစားသမားအေပၚ စိတ္ရွည္ရွည္နဲ႕ ယံုၾကည္မႈ ထားေပးခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဂ်ိမ္းစ္ရဲ႕ အရည္အခ်င္းေတြက ယူနိုက္တက္ အေရးေပၚ အေျခအေန ၾကံဳလာခ်ိန္မွာ ျပန္လည္ ရုန္းထလာဖို႔ အေရးပါခဲ့ျပီး ဒီရာသီ အေ၀းကြင္းပြဲစဥ္ေတြထဲ အေရးပါတဲ့ နုိင္ပြဲတစ္ရပ္ ထပ္မံ ရယူနိုင္ခဲ့တာပါ။

သူ႔ရဲ႕ အဆုတ္နွစ္လံုးရွိသလို အားကုန္ထုတ္ ေျပးလႊားမႈေတြက ဥေရာပက ဘယ္လို ခံစစ္သမားကိုမဆို အဆိုးဆံုး အိပ္မက္ဆိုးေတြ ေပးနုိင္စြမ္း ရွိပါတယ္။ ခ်ယ္ဆီးနဲ႕ပြဲ ပထမပိုင္းက အေရးပါတဲ့ ပင္နယ္တီကို ဂ်ိမ္းစ္ေၾကာင့္ ရခဲ့တာ ျဖစ္ျပီး သူ႔ရဲ႕ ထိုးေဖာင္ ေမႊေနွာက္မႈမ်ား ဘယ္ ယူနိုက္တက္ ကစားသမားမွ ေလာေလာဆယ္ လုိက္မွီနိုင္စြမ္း မရွိပါဘူး။

ဒန္နီရယ္ ဂ်ိမ္းစ္ဟာ အခုမွာေတာ့ ယူနိုက္တက္ရဲ႕ လွ်ိဳ႕၀ွက္လက္နက္ မဟုတ္ေတာ့ဘဲ လူတိုင္းလို သတိထားမိလာျပီ ျဖစ္တဲ့ ယူနိုက္တက္ရဲ႕ မရဏ လက္နက္ ျဖစ္လာခဲ့ပါျပီ။