ကာရာဘောင်းဖလားကနေ ချယ်ဆီးသင်းကို ထွက်ခွာစေခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုးရှားက ကြွေးကြော်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်ခဲ့ပြီး နိုင်ပွဲကြီး တစ်ရပ် ရခဲ့တယ်လို့လည်း ဆိုးရှားက ယုံကြည်နေပါတယ်။

” ပြီးခဲ့တဲ့ အပတ်အတွင်း ကျနော်တို့ ခရီးတွေ အများကြီး သွားခဲ့တယ်။ ကျနော်တို့ အသင်း စိတ်ဓာတ်ကောင်းလည်း စုစည်းနိုင်ခဲ့ပြီး အသေခံတပ်သားတွေလို့ ရင်းနှီးစေခဲ့တယ်။ ဒါက အသင်း ပုံရိပ်ကောင်းတစ်ခု ပြသနိုင်ခဲ့တာပဲ ဖြစ်တယ်။ ”

” ဒီနေ့ အကောင်းဆုံး ပုံစံ ကစားနိုင်ခဲ့တယ်။ ဘောလုံးကို မြန်မြန်ဆန်ဆန် ရွေ့လျားခဲ့တယ်။ ဒါက မန်ချက်စတာယူနိုက်တက်ပဲ။ အဲဒီ ပုံစံ ပြန်ရဖို့ ကျနော်တို့ ကြိုးစားနေခဲ့တာ။ ကျနော်တို့ ကြိုးစားမှု မပြီးစီးသေးဘူးဆိုတာ သိပါတယ်။ ဒီအလုပ်က ရှေ့ဆက်သွားရဦးမှာ ဖြစ်ပြီး တိုးတက်အောင် လုပ်ရဦးမှာပါ။ ” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် အတွက် ပင်နယ်တီနဲ့ ဖရီးကစ် ဂိုး ၂ ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကလည်း ယူနိုက်တက်ကို ကွာတားဖိုင်နယ် အရောက်ပို့ခဲ့တဲ့ ဖရီးကစ်နဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ်ပွဲတွေမှာ Nike ဘောလုံးတွေကို သုံးပေမယ့် ကာရာဘောင်းပွဲတွေမှာ Mitre ဘောလုံးတွေကို သုံးတာပါ။

” ရိုးရိုးသားသား ဝန်ခံရရင် လျှို့ဝှက်ချက်က ဘောလုံးတွေပါ။ အသင်း ထရိန်င်မှာ ဒီပွဲ ကန်မယ့် ဘောလုံးတွေနဲ့ပဲ လေ့ကျင့်ပါတယ်။ ကျနော်တို့ ကန်သွင်းတယ် ဘောလုံးပေးတယ်။ ရွေ့လျားတယ် အစုံပေါ့။ ကံကောင်းစွာပဲ ဒီနေ့ ထိပ်ဆုံးရောက်အောင် ကစားပြနိုင်ခဲ့တယ်။ ” လို့ ရက်ဖို့ဒ်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ ချယ်ဆီးနဲ့ နှစ်ကြိမ်တွေ့ရာ နှစ်ကြိမ်လုံး အနိုင်ရခဲ့တဲ့ အပြင် အဝေးကွင်းနိုင်ပွဲ သုံးပွဲ ဆက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi

ကာရာေဘာင္းဖလားကေန ခ်ယ္ဆီးသင္းကို ထြက္ခြာေစခဲ့ျပီးေနာက္ မန္ခ်က္စတာယူနိုက္တက္ဟာ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔ ဆိုးရွားက ေၾကြးေၾကာ္လိုက္ပါတယ္။ ယူနိုက္တက္ဟာ ရလဒ္ဆိုးေတြထဲက ရုန္းထြက္နုိင္ခဲ့ျပီး နိုင္ပြဲၾကီး တစ္ရပ္ ရခဲ့တယ္လို႔လည္း ဆိုးရွားက ယံုၾကည္ေနပါတယ္။

” ျပီးခဲ့တဲ့ အပတ္အတြင္း က်ေနာ္တို႔ ခရီးေတြ အမ်ားၾကီး သြားခဲ့တယ္။ က်ေနာ္တို႔ အသင္း စိတ္ဓာတ္ေကာင္းလည္း စုစည္းနုိင္ခဲ့ျပီး အေသခံတပ္သားေတြလို႔ ရင္းနွီးေစခဲ့တယ္။ ဒါက အသင္း ပံုရိပ္ေကာင္းတစ္ခု ျပသနိုင္ခဲ့တာပဲ ျဖစ္တယ္။ ”

” ဒီေန႔ အေကာင္းဆံုး ပံုစံ ကစားနုိင္ခဲ့တယ္။ ေဘာလံုးကို ျမန္ျမန္ဆန္ဆန္ ေရြ႕လ်ားခဲ့တယ္။ ဒါက မန္ခ်က္စတာယူနိုက္တက္ပဲ။ အဲဒီ ပံုစံ ျပန္ရဖို႔ က်ေနာ္တို႔ ၾကိဳးစားေနခဲ့တာ။ က်ေနာ္တို႔ ၾကိဳးစားမႈ မျပီးစီးေသးဘူးဆိုတာ သိပါတယ္။ ဒီအလုပ္က ေရွ႕ဆက္သြားရဦးမွာ ျဖစ္ျပီး တိုးတက္ေအာင္ လုပ္ရဦးမွာပါ။ ” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ အတြက္ ပင္နယ္တီနဲ႕ ဖရီးကစ္ ဂိုး ၂ ဂိုး သြင္းေပးခဲ့တဲ့ တိုက္စစ္မွဴး ရက္ဖို႔ဒ္ကလည္း ယူနိုက္တက္ကို ကြာတားဖိုင္နယ္ အေရာက္ပို႔ခဲ့တဲ့ ဖရီးကစ္နဲ႕ ပတ္သတ္တဲ့ လွ်ိဳ႕၀ွက္ခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါေသးတယ္။ ပရီးမီးယားလိဂ္ပြဲေတြမွာ Nike ေဘာလံုးေတြကို သံုးေပမယ့္ ကာရာေဘာင္းပြဲေတြမွာ Mitre ေဘာလံုးေတြကို သံုးတာပါ။

” ရိုးရိုးသားသား ၀န္ခံရရင္ လွ်ိဳ႕၀ွက္ခ်က္က ေဘာလံုးေတြပါ။ အသင္း ထရိန္င္မွာ ဒီပြဲ ကန္မယ့္ ေဘာလံုးေတြနဲ႕ပဲ ေလ့က်င့္ပါတယ္။ က်ေနာ္တို႔ ကန္သြင္းတယ္ ေဘာလံုးေပးတယ္။ ေရြ႕လ်ားတယ္ အစံုေပါ့။ ကံေကာင္းစြာပဲ ဒီေန႔ ထိပ္ဆံုးေရာက္ေအာင္ ကစားျပနိုင္ခဲ့တယ္။ ” လို႔ ရက္ဖို႔ဒ္က ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဒီနိုင္ပြဲေၾကာင့္ ဒီရာသီ ခ်ယ္ဆီးနဲ႕ နွစ္ၾကိမ္ေတြ႔ရာ နွစ္ၾကိမ္လံုး အနို္င္ရခဲ့တဲ့ အျပင္ အေ၀းကြင္းနုိင္ပြဲ သံုးပြဲ ဆက္ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။