ချယ်ဆီးကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်တဲ့ပွဲမှ ယူနိုက်တက်အသင်းသားများ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း ဖြစ်ပါတယ်။

ရိုမီယို – ၇

ပထမပိုင်းမှာ ချယ်ဆီးက ဂိုးပေါက်ခြိမ်းခြောက်မှုတောင် မလုပ်နိုင်ခဲ့သလို သူက ပွဲကြည့်ပရိသတ်ပဲ ဖြစ်ခဲ့ပါတယ်။ ဂိုးအတွက်တော့ အနည်းငယ်ပဲ လုပ်နိုင်ခဲ့တယ်။ တခြား ကာကွယ်မှု အနည်းငယ် လုပ်ခဲ့ပေမယ့် အလွန်ဆိုရဲ့ အနီးကပ် ကန်ချက်ကို ပါးပါးနပ်နပ် ကာကွယ်နိုင်ခဲ့ပါတယ်။

ဘရန်ဒန် ဝီလီယံ – ၇

ပထမပိုင်းမှာ ပေးပို့မှု အနည်းငယ် ဆုံးရှုံးတာတွေ ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုအဆင်ပြေလာပါတယ်။ ဒုတိယပိုင်းမှာ ချယ်ဆီးရဲ့ အခွင့်အရေးကို တားဆီးဖို့ အရေးပါတဲ့ ဖြတ်ထုတ်မှု လုပ်ခဲ့ပါတယ်။

ဝမ်ဘစ်ဆာကာ – ၇

တိုက်စစ်ကစားသမားတွေအတွက် များစွ ာပံ့ပိုးပေးခဲ့ပြီး နောက်ပိုင်းမှာ ခံစစ်ကိုလဲ ပြတ်ပြတ်သားသား ကာကွယ်ခဲ့ပြီး အိုဒွိုင်းကို အများကြီး လုပ်ခွင့်မပေးခဲ့ပါဘူး။

လင်ဒီအော့ဖ် – ၆

ဘောလုံးပိုင်ဆိုင်မှုမှာ ကျွမ်းကျင်ပြီး ပေးပို့ရာမှာ တိကျမှု အရှိဆုံး ကစားသမားပါ။ ဒုတိယပိုင်းမှာတော့ ခံစစ်အတွက် အဆင်မပြေ တဲ့ အခိုက်အတန့် အချို့ ရှိခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။

မက်ဂွဲရား – ၅

ချယ်ဆီးရဲ့ဂိုးက သူ့အမှားကြောင့် ပေးခဲ့ရတာပါ။ အချိန်အတော်ကြာ အိမ်ရှင်တွေကို ခပ်ကင်းကင်းနေစေဖို့ ကူညီပေးခဲ့ပေမယ့် သူ့အမှားက ရှုံးတဲ့အထိမဖြစ်ခဲ့လို့ ကံကောင်းသွားခဲ့တာပါ။

ရိုဂျို – ၇

ချယ်ဆီးရဲ့ဂိုးအတွက် ဘတ်ရှူဝါရီကို မတားဆီးနိုင်ခဲ့ပေမယ့် ခြုံကြည့်လိုက်ရင် တောင့်တင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့တာပါ။ ပွဲသိမ်းခရာမှုတ်အပြီး အဝေးကွင်း ပရိသတ်တွေရှေ့မှာ အောင်ပွဲခံပြီး ပျော်ရွှင်နေခဲ့ပါတယ်။

စကော့မက် တော်မီနေး – ၈

အစောပိုင်းမှာ ကိုဗာဆစ် အပေါ် ပြစ်ဒဏ်ကျုးလွန်ခဲ့တာအတွက် အဝါကဒ် ပြသခံခဲ့ရပါတယ်။ မောပန်းမှုမရှိပဲ အလုပ်လုပ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာလဲ အသာရခဲ့ကာ ကွင်းလယ်မှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ပြခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ်။

ဖရက် – ၆

ကွင်းလယ်မှာ ခြေချော်မှု အချို့ ရှိခဲ့ပေမယ့် တော်မီနေးနဲ့အတူ ကြိုးစားလုပ်ဆောင်ခဲ့ပြီး ချယ်ဆီးကို တွန်းလှန်ဖို့ ကူညီပေးခဲ့ပါတယ်။

လင်ဂတ် – ၆

ပထမပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ဂျိမ်းစ်တို့က တောင်ပံတွေကနေ တိုက်စစ်ဆင်ခဲ့အခါ သူက အလယ်ကနေ ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ အရှိန်လျော့သွားခဲ့ပြီး ပါရဲရားနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဒန်နီရယ်ဂျိမ်းစ် – ၇

ချယ်ဆီးရဲ့ ဧရိယာအတွင်း သူ့ကြောင့် ပင်နယ်တီ ရရှိခဲ့တာပါ။ ဒါကလွဲရင် သိပ်မလုပ်ပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ လုပ်အားနှုန်းက အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် – 8

တည်ငြိမ်စွာနဲ့ ပင်နယ်တီကို ကန်ခဲ့တာက ကာဘယ်လီရိုကိုတောင် မှားယွင်းစေခဲ့ပါတယ်။ အံ့အားသင့်စရာ ဖရီးကစ်က ဘောလုံးပရိသတ်တွေကို ကာလအတော်ကြာတဲ့အထိ မှတ်မိနေစေမှာပါ။ သူ့ရဲ့ အရှိန်အဟုန်နဲ့ တိကျမှုက အတော်လေး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

လူစားဝင်ကစားသမားများ

မာရှယ် – ၆

နောက်ဆုံးအချိန်တွေမှာ ချယ်ဆီးရဲ့ခံစစ်ကို ခြိမ်းခြောက်ခဲ့ပေမယ့် ပွဲအတွက်တော့ အရာမထင်ခဲ့ပါဘူး။

ပါရဲရား – ၆

အဆုံးသတ်အထိ ချယ်ဆီးကို ရပ်တန့်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

အက်ရှ်လေယန်း – ၆

ပွဲအပြီးထိ အနိုင်ရလဒ်ကို ထိန်းသိမ်းနိူင်အောင် ကူညီပေးခဲ့ပါတယ်။

ခ်ယ္ဆီးကို အႏုိင္ယူျပီး ကြာတားဖိုင္နယ္ကို တက္ေရာက္တဲ့ပြဲမွ ယူႏုိက္တက္အသင္းသားမ်ား စြမ္းေဆာင္ရည္ကို အကဲျဖတ္ျခင္း ျဖစ္ပါတယ္။

႐ိုမီယို – ၇

ပထမပိုင္းမွာ ခ်ယ္ဆီးက ဂိုးေပါက္ၿခိမ္းေျခာက္မႈေတာင္ မလုပ္ႏိုင္ခဲ့သလို သူက ပြဲၾကည့္ပရိသတ္ပဲ ျဖစ္ခဲ့ပါတယ္။ ဂိုးအတြက္ေတာ့ အနည္းငယ္ပဲ လုပ္ႏိုင္ခဲ့တယ္။ တျခား ကာကြယ္မႈ အနည္းငယ္ လုပ္ခဲ့ေပမယ့္ အလြန္ဆိုရဲ႕ အနီးကပ္ ကန္ခ်က္ကို ပါးပါးနပ္နပ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဘရန္ဒန္ ဝီလီယံ – ၇

ပထမပိုင္းမွာ ေပးပို႔မႈ အနည္းငယ္ ဆုံးရႈံးတာေတြ ရွိခဲ့ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုအဆင္ေျပလာပါတယ္။ ဒုတိယပိုင္းမွာ ခ်ယ္ဆီးရဲ႕ အခြင့္အေရးကို တားဆီးဖို႔ အေရးပါတဲ့ ျဖတ္ထုတ္မႈ လုပ္ခဲ့ပါတယ္။

ဝမ္ဘစ္ဆာကာ – ၇

တိုက္စစ္ကစားသမားေတြအတြက္ မ်ားစြ ာပံ့ပိုးေပးခဲ့ၿပီး ေနာက္ပိုင္းမွာ ခံစစ္ကိုလဲ ျပတ္ျပတ္သားသား ကာကြယ္ခဲ့ၿပီး အိုဒြိဳင္းကို အမ်ားႀကီး လုပ္ခြင့္မေပးခဲ့ပါဘူး။

လင္ဒီေအာ့ဖ္ – ၆

ေဘာလုံးပိုင္ဆိုင္မႈမွာ ကြၽမ္းက်င္ၿပီး ေပးပို႔ရာမွာ တိက်မႈ အရွိဆုံး ကစားသမားပါ။ ဒုတိယပိုင္းမွာေတာ့ ခံစစ္အတြက္ အဆင္မေျပ တဲ့ အခိုက္အတန႔္ အခ်ိဳ႕ ရွိခဲ့ၿပီး လူစားလဲခံခဲ့ရပါတယ္။

မက္ဂြဲရား – ၅

ခ်ယ္ဆီးရဲ႕ဂိုးက သူ႔အမွားေၾကာင့္ ေပးခဲ့ရတာပါ။ အခ်ိန္အေတာ္ၾကာ အိမ္ရွင္ေတြကို ခပ္ကင္းကင္းေနေစဖို႔ ကူညီေပးခဲ့ေပမယ့္ သူ႔အမွားက ရႈံးတဲ့အထိမျဖစ္ခဲ့လို႔ ကံေကာင္းသြားခဲ့တာပါ။

႐ိုဂ်ိဳ – ၇

ခ်ယ္ဆီးရဲ႕ဂိုးအတြက္ ဘတ္ရႉဝါရီကို မတားဆီးႏိုင္ခဲ့ေပမယ့္ ၿခဳံၾကည့္လိုက္ရင္ ေတာင့္တင္းတဲ့ ကစားပုံကို ျပသႏိုင္ခဲ့တာပါ။ ပြဲသိမ္းခရာမႈတ္အၿပီး အေဝးကြင္း ပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံၿပီး ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။

စေကာ့မက္ ေတာ္မီေနး – ၈

အေစာပိုင္းမွာ ကိုဗာဆစ္ အေပၚ ျပစ္ဒဏ္က်ဳးလြန္ခဲ့တာအတြက္ အဝါကဒ္ ျပသခံခဲ့ရပါတယ္။ ေမာပန္းမႈမရွိပဲ အလုပ္လုပ္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈမွာလဲ အသာရခဲ့ကာ ကြင္းလယ္မွာ အထင္ႀကီးေလာက္စရာ စြမ္းေဆာင္ျပခဲ့ပါတယ္။ ပထမပိုင္းမွာ ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့ပါတယ္။

ဖရက္ – ၆

ကြင္းလယ္မွာ ေျခေခ်ာ္မႈ အခ်ိဳ႕ ရွိခဲ့ေပမယ့္ ေတာ္မီေနးနဲ႔အတူ ႀကိဳးစားလုပ္ေဆာင္ခဲ့ၿပီး ခ်ယ္ဆီးကို တြန္းလွန္ဖို႔ ကူညီေပးခဲ့ပါတယ္။

လင္ဂတ္ – ၆

ပထမပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂ်ိမ္းစ္တို႔က ေတာင္ပံေတြကေန တိုက္စစ္ဆင္ခဲ့အခါ သူက အလယ္ကေန ဒုကၡေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ အရွိန္ေလ်ာ့သြားခဲ့ၿပီး ပါရဲရားနဲ႔ လူစားလဲခံခဲ့ရပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ – ၇

ခ်ယ္ဆီးရဲ႕ ဧရိယာအတြင္း သူ႔​ေၾကာင့္ ပင္နယ္တီ ရရွိခဲ့တာပါ။ ဒါကလြဲရင္ သိပ္မလုပ္ျပႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ လုပ္အားႏႈန္းက အထင္ႀကီးစရာ ျဖစ္ခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ – 8

တည္ၿငိမ္စြာနဲ႔ ပင္နယ္တီကို ကန္ခဲ့တာက ကာဘယ္လီ႐ိုကိုေတာင္ မွားယြင္းေစခဲ့ပါတယ္။ အံ့အားသင့္စရာ ဖရီးကစ္က ေဘာလံုးပရိသတ္ေတြကို ကာလအေတာ္ၾကာတဲ့အထိ မွတ္မိေနေစမွာပါ။ သူ႔ရဲ႕ အရွိန္အဟုန္နဲ႔ တိက်မႈက အေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

လူစားဝင္ကစားသမားမ်ား

မာရွယ္ – ၆

ေနာက္ဆုံးအခ်ိန္ေတြမွာ ခ်ယ္ဆီးရဲ႕ခံစစ္ကို ၿခိမ္းေျခာက္ခဲ့ေပမယ့္ ပြဲအတြက္ေတာ့ အရာမထင္ခဲ့ပါဘူး။

ပါရဲရား – ၆

အဆုံးသတ္အထိ ခ်ယ္ဆီးကို ရပ္တန္႔ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားလုပ္ေဆာင္ခဲ့ပါတယ္။

အက္ရွ္ေလယန္း – ၆

ပြဲအၿပီးထိ အႏိုင္ရလဒ္ကို ထိန္းသိမ္းႏိူင္ေအာင္ ကူညီေပးခဲ့ပါတယ္။