ချယ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ကာရာဘောင်းဖလားပွဲ စတုတ္ထအဆင့် ပွဲစဉ် အဖြစ် စတန်းဖို့ဒ် ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့ရာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘတ်ရှူဝါရီနဲ့ ဘီလီဂယ်လ်မာတို့ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ကျန်အသင်းသားတွေကတော့ ထူးခြားမှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ပါတယ်။ ဒီပွဲအတွက် စကိုင်းစပေါ့က ထုတ်ပြန်ခဲ့တဲ့ ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များကို ဖော်ပြပေးပါမယ်။

ဝီလီ ကာဘယ်လီရို – ၆

ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်နဲ့ ပင်နယ်တီ က လွဲရင် ပိုက်အပြင်ဘက်က ဘောလုံးကောက်တာလောက်ပဲ လုပ်ခဲ့ရပါတယ်။

ရီစီဂျိမ်းစ် – ၆

ညာနောက်တန်းမှာ မာကျောတဲ့ ပုံစံကို ပြသခဲ့ပြီး တောင်ပံက ကော်လမ်ဟဒ်ဆန်အိုဒွိုင်း နဲ့ အတွဲအဖက် မိခဲ့ကာ ကောင်းမွန်တဲ့ ဖြတ်တင် ပေးပို့မှု အချို့ ရှိခဲ့ပါတယ်။

ကတ်ဇူးမား – ၆

ဗဟိုခံစစ်မှာ ကောင်းကောင်း ကာကွယ်ခဲ့ပြီး ရက်ရှ်ဖို့ဒ် နဲ့ ဒန်နီရယ် ဂျိမ်းစ် တို့ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကို အခွင့်အရေး တွေ အများကြီး မပေးရအောင် ကာကွယ်ပေးခဲ့တာပါ။

မက် ဂူဟီ – ၆

ချယ်ဆီးအတွက် သူ့ရဲ့ ဒုတိယမြောက် ပွဲထွက်မှုမှာ လက်ခံနိုင်စရာ ခြေစွမ်းရှိခဲ့ပါတယ်။ ချယ်ဆီးက ပြိုင်ပွဲကနေ ထွက်ရပြီဖြစ်တာကြောင့် သူ့အနေနဲ့ နောက်ထပ် ပွဲကစားချိန်တွေ ပိုမရနိူင်တာကို စိတ်ပျက်နေပါလိမ့်မယ်။

အလွန်ဆို – ၅

တိုက်စစ်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပေမယ့် ခံစစ်မှာ ဆိုးဝါးတဲ့ အမှားလုပ်ခဲ့ပြီး ပင်နယ်တီ ပေးခဲ့ရပါတယ်။ အခြေအနေကို ဒီထက် ကောင်းကောင်း ကိူင်တွယ်နိုင်ခဲ့သင့်ပါတယ်။

ဂျော်ဂျင်ဟို – ၆

အသင်းကို ဦးဆောင်ခဲ့ပြီး ထုံးစံအတိုင်း ကွင်းလယ်ကနေ အရှိန်မပျက် ဆက်လက် ပဲ့ကိုင်ပေးခဲ့ပါတယ်။

ဘီလီဂယ်လ်မာ – ၇

ပြီးခဲ့တဲ့ ဒုတိယအဆင့် ပွဲစဉ်ကလို အဆင့်အတန်း မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ မပြသနိူင်ခဲ့ပေမယ့် အရှိန်ပြင်းထန်တဲ့ပွဲမှာ သူ့ဘာသူတော့ ကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ်။

ကိုဗာဆစ် – ၆

ချယ်ဆီးအတွက် သူ့ရဲ့ထိုက်တန်မှုကို စတင် သက်သေပြခဲ့ပြီး အစတုန်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားနဲ့ ပိုတူလာပါတယ်။

အိုဒွိုင်း – ၆

ပထမပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ယူနိုက်တက် အတွက် ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။ ကာလရှည် နားခဲ့ရပြီးတာတောင်မှ သူ့ရဲ့ ခြေစွမ်းကောင်းတွေ တွေ့မြင်နေရဆဲပါပဲ။

ပူလီဆစ် – ၅

ဘန်လေနဲ့ပွဲက ဟက်ထရစ် ပြီးတဲ့နောက် လမ်းပတ်က သူ့ကို နောက်တစ်ကြိမ် ပွဲထွက်စေခဲ့ပါတယ်။ ဒါပေမယ့် ဝမ်ဘစ်ဆာကာ နဲ့ ဗစ်တာလင်ဒီအော့ဖ် တို့ကို ယှဉ်ပြီး အသင်းအတွက် အကျိုးမပြုနိုင်ခဲ့ပါဘူး။

ဘတ်ရှူဝါရီ – ၇

ယူနိုက်တက်ရဲ့ ဗဟိုခံစစ်သုံးယောက်ကို ရင်ဆိုင်ရပြီး ခက်ခဲတဲ့ ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွဲရား ရဲ့ အမှားကနေ ဒုတိယပိုင်းမှာ ဂိုးသွင်ခဲ့သလို သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှု ကို ပြသနိူင်ခဲ့ပါတယ်။

လူစားဝင် ကစားသမားများ

မေဆန်မောင့် – ၆

အနီးကပ် ကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

ပက်ဒရို – ၆

မောင့်လိုပဲ ပွဲကို မပြောင်းလဲနိူင်ခဲ့ပါဘူး။

အေဗရာဟမ် – ၆

သူ မဝင်လာခင်ထဲက ပရိသတ်တွေက သူ့နာမည်ကို အော်ခေါ်နေခဲ့ကြပေမယ့် ဝင်လာတော့လဲ ထိထိရောက်ရောက် မလုပ်ပေးနိူင်ခဲ့ပါဘူး။

Zawgyi

ခ်ယ္ဆီးအသင္းဟာ မန္ခ်က္စတာယူနုိက္တက္ကို ကာရာေဘာင္းဖလားပြဲ စတုတၳအဆင့္ ပြဲစဥ္ အျဖစ္ စတန္းဖို႔ဒ္ ဘရစ္ခ်္မွာ ဧည့္ခံကစားခဲ့ရာ ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့ရပါတယ္။ ဘတ္ရွဴ၀ါရီနဲ႕ ဘီလီဂယ္လ္မာတို႔ ကစားပံု ေကာင္းမြန္ခဲ့ေပမယ့္ က်န္အသင္းသားေတြကေတာ့ ထူးျခားမႈေတြ မျပဳလုပ္နုိင္ခဲ့ဘဲ ေျခစြမ္းျပဖို႔ ရုန္းကန္ခဲ့ပါတယ္။ ဒီပြဲအတြက္ စကိုင္းစေပါ့က ထုတ္ျပန္ခဲ့တဲ့ ခ်ယ္ဆီးအသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္မ်ားကို ေဖာ္ျပေပးပါမယ္။

ဝီလီ ကာဘယ္လီ႐ို – ၆

ရက္ရွ္ဖို႔ဒ္ရဲ႕ ဖရီးကစ္နဲ႔ ပင္နယ္တီ က လြဲရင္ ပိုက္အျပင္ဘက္က ေဘာလုံးေကာက္တာေလာက္ပဲ လုပ္ခဲ့ရပါတယ္။

ရီစီဂ်ိမ္းစ္ – ၆

ညာေနာက္တန္းမွာ မာေက်ာတဲ့ ပုံစံကို ျပသခဲ့ၿပီး ေတာင္ပံက ေကာ္လမ္ဟဒ္ဆန္အိုဒြိဳင္း နဲ႔ အတြဲအဖက္ မိခဲ့ကာ ေကာင္းမြန္တဲ့ ျဖတ္တင္ ေပးပို႔မႈ အခ်ိဳ႕ ရွိခဲ့ပါတယ္။

ကတ္ဇူးမား – ၆

ဗဟိုခံစစ္မွာ ေကာင္းေကာင္း ကာကြယ္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္ တို႔ကို ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ ကို အခြင့္အေရး ေတြ အမ်ားႀကီး မ​ေပးရေအာင္ ကာကြယ္ေပးခဲ့တာပါ။

မက္ ဂူဟီ – ၆

ခ်ယ္ဆီးအတြက္ သူ႔ရဲ႕ ဒုတိယ​ေျမာက္ ပြဲထြက္မႈမွာ လက္ခံႏိုင္စရာ ေျခစြမ္းရွိခဲ့ပါတယ္။ ခ်ယ္ဆီးက ၿပိဳင္ပြဲကေန ထြက္ရၿပီျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ေနာက္ထပ္ ပြဲကစားခ်ိန္ေတြ ပိုမရႏိူင္တာကို စိတ္ပ်က္ေနပါလိမ့္မယ္။

အလြန္ဆို – ၅

တိုက္စစ္ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့ေပမယ့္ ခံစစ္မွာ ဆိုးဝါးတဲ့ အမွားလုပ္ခဲ့ၿပီး ပင္နယ္တီ ေပးခဲ့ရပါတယ္။ အ​ေျခအေနကို ဒီထက္ ေကာင္းေကာင္း ကိူင္တြယ္ႏိုင္ခဲ့သင့္ပါတယ္။

​​ေဂ်ာ္ဂ်င္ဟို – ၆

အသင္းကို ဦးေဆာင္ခဲ့ၿပီး ထုံးစံအတိုင္း ကြင္းလယ္ကေန အရွိန္မပ်က္ ဆက္လက္ ပဲ့ကိုင္ေပးခဲ့ပါတယ္။

ဘီလီဂယ္လ္မာ – ၇

ၿပီးခဲ့တဲ့ ဒုတိယအဆင့္ ပြဲစဥ္ကလို အဆင့္အတန္း ျမင့္မားတဲ့ စြမ္းေဆာင္ရည္ေတြ မျပသႏိူင္ခဲ့ေပမယ့္ အရွိန္ျပင္းထန္တဲ့ပြဲမွာ သူ႔ဘာသူေတာ့ ေကာင္းေကာင္း ကစားျပႏိုင္ခဲ့ပါတယ္။

ကိုဗာဆစ္ – ၆

ခ်ယ္ဆီးအတြက္ သူ႔ရဲ႕ထိုက္တန္မႈကို စတင္ သက္ေသျပခဲ့ၿပီး အစတုန္းက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားနဲ႔ ပိုတူလာပါတယ္။

အိုဒြိဳင္း – ၆

ပထမပိုင္းမွာ ၿငိမ္ေနခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ယူႏိုက္တက္ အတြက္ ျပႆနာေတြ ျဖစ္ေစခဲ့ပါတယ္။ ကာလရွည္ နားခဲ့ရၿပီးတာေတာင္မွ သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြ ေတြ႕ျမင္ေနရဆဲပါပဲ။

ပူလီဆစ္ – ၅

ဘန္ေလနဲ႔ပြဲက ဟက္ထရစ္ ၿပီးတဲ့ေနာက္ လမ္းပတ္က သူ႔ကို ေနာက္တစ္ႀကိမ္ ပြဲထြက္ေစခဲ့ပါတယ္။ ဒါေပမယ့္ ဝမ္ဘစ္ဆာကာ နဲ႔ ဗစ္တာလင္ဒီေအာ့ဖ္ တို႔ကို ယွဥ္ၿပီး အသင္းအတြက္ အက်ိဳးမျပဳႏိုင္ခဲ့ပါဘူး။

ဘတ္ရႉဝါရီ – ၇

ယူႏိုက္တက္ရဲ႕ ဗဟိုခံစစ္သုံးေယာက္ကို ရင္ဆိုင္ရၿပီး ခက္ခဲတဲ့ ပြဲ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ မက္ဂြဲရား ရဲ႕ အမွားကေန ဒုတိယပိုင္းမွာ ဂိုးသြင္ခဲ့သလို သူ႔ရဲ႕ ​ေျခစြမ္းတည္ၿငိမ္မႈ ကို ျပသႏိူင္ခဲ့ပါတယ္။

လူစားဝင္ ကစားသမားမ်ား

ေမဆ​န္ေမာင့္ – ၆

အနီးကပ္ ကန္ခ်က္ေတြနဲ႔ ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။

ပက္ဒ႐ို – ၆

ေမာင့္လိုပဲ ပြဲကို မေျပာင္းလဲႏိူင္ခဲ့ပါဘူး။

ေအဗရာဟမ္ – ၆

သူ မဝင္လာခင္ထဲက ပရိသတ္ေတြက သူ႔နာမည္ကို ေအာ္ေခၚေနခဲ့ၾကေပမယ့္ ဝင္လာေတာ့လဲ ထိထိေရာက္ေရာက္ မလုပ္ေပးႏိူင္ခဲ့ပါဘူး။