မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ချယ်ဆီးအသင်းကို ကာရာဘောင်းဖလားပွဲ နိုင်တဲ့ ပွဲအပြီးမှာ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်က ချီးကျူး အမွှမ်းတင် မှုတွေ ပြုလုပ်ခဲ့ပြီး အရေးပါတဲ့ ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် ကန်သွင်းခဲ့တဲ့ ရက်ဖို့ဒ်ဟာ သံမဏိ လူသားလို့ ဆိုးရှားက ညွှန်းခဲ့ပါတယ်။

ဒါ့အပြင် ရက်ဖို့ဒ်ရဲ့ ဖရီးကစ် ဂိုးဟာ ခရစ္စတီယာနို ရိုနယ်ဒိုလို ကန်ချက် ဖြစ်တယ်လို့ ဆိုးရှားက ချီးကျူးခဲ့ပါသေးတယ်။ ချယ်ဆီးကို ၂-၁ နဲ့ နိုင်တဲ့ ပွဲမှာ ရက်ဖို့ဒ်ကပဲ ပင်နယ်တီက တစ်ဂိုး၊ ဖရီးကစ်ကနေ တစ်ဂိုး သွင်းယူပေးကာ ယူနိုက်တက်ကို ကွာတားဖိုင်နယ် အဆင့်ဆီ ပို့ဆောင် ပေးနိုင်ခဲ့တာပါ။

” အဲဒီကန်ချက်ကတော့ ခရစ္စတီယာနိုလိုပဲ မဟုတ်ဘူးလား။ ဒီကောင်လေးကတော့ သံမဏိ လူသားပါပဲ။ ပင်နယ်တီ ကန်ရမယ်ဆိုလည်း ကိစ္စ မရှိဘူး ဝင် တာဝန် ယူတယ်။ သူ ကန်နေကျလိုပဲ အေးအေးဆေးဆေး လုပ်တယ်။ ကျနော်တို့ကို နိုင်ပွဲ ယူပေးနိုင်ခဲ့တယ်။ လုံး၀ အမိုက်စားပါပဲ။ ”

” သူ ဖရီးကစ်တွေ အရမ်း လေ့ကျင့်ထားတယ် ထင်တယ်။ မားကပ် (ရက်ဖို့ဒ်) ကိုသာ ဧရိယာထဲ ပို့လိုက်။ သူက ထိချက် ရိုးရိုးလေးတွေနဲ့ ရအောင် ဂိုးသွင်းလိမ့်မယ်လို့ ကျနော် အမြဲ ပြောပါတယ်။ သူက ဂိုးတွေ ကောင်းကောင်းသွင်းသူပါ။ သူ့ လေ့ကျင့်မှုတွေရဲ့ ဆုလာဘ်ကို ဒီနေ့ ရခဲ့တာပါပဲ။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ဖရီးကစ်အပြင် ပင်နယ်တီ ကန်သွင်းမှုကိုလည်း ထပ်တူ အထင်ကြီး သဘောကျကြောင်းလည်း ဆိုးရှားက ဖွင့်ဟခဲ့ပါတယ်။ တနင်္ဂနွေနေ့ကပွဲမှာ ပင်နယ်တီ လွဲခဲ့တာကြောင့် ရက်ဖို့ဒ် အပါအဝင် ယူနိုက်တက် အသင်းသားများ ဝေဖန်မှုများစွာ ခံနေရသော်လည်း အင်္ဂလန်သားက ချယ်ဆီးနဲ့ ပွဲမှာတော့ အမှားအယွင်း မရှိ ကန်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလားမှာ နိုင်ပွဲ ယူပြီးတဲ့နောက် စနေနေ့မှာတော့ ဘုန်းမောက်ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ လက်ရှိ အဆင့် ၇ နေရာ မှာ ရှိတာကြောင့် ဆက်လက် တိုးတက်ဖို့ ကြိုးစားရဦးမှာပါ။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ခ်ယ္ဆီးအသင္းကို ကာရာေဘာင္းဖလားပြဲ နုိင္တဲ့ ပြဲအျပီးမွာ အနုိင္ဂိုးေတြ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး ရက္ဖို႔ဒ္က ခ်ီးက်ဴး အမႊမ္းတင္ မႈေတြ ျပဳလုပ္ခဲ့ျပီး အေရးပါတဲ့ ပင္နယ္တီကို တည္တည္ျငိမ္ျငိမ္ ကန္သြင္းခဲ့တဲ့ ရက္ဖို႔ဒ္ဟာ သံမဏိ လူသားလို႔ ဆိုးရွားက ညႊန္းခဲ့ပါတယ္။

ဒါ့အျပင္ ရက္ဖို႔ဒ္ရဲ႕ ဖရီးကစ္ ဂိုးဟာ ခရစၥတီယာနို ရိုနယ္ဒိုလို ကန္ခ်က္ ျဖစ္တယ္လို႔ ဆိုးရွားက ခ်ီးက်ဴးခဲ့ပါေသးတယ္။ ခ်ယ္ဆီးကို ၂-၁ နဲ႕ နိုင္တဲ့ ပြဲမွာ ရက္ဖို႔ဒ္ကပဲ ပင္နယ္တီက တစ္ဂိုး၊ ဖရီးကစ္ကေန တစ္ဂိုး သြင္းယူေပးကာ ယူနိုက္တက္ကို ကြာတားဖိုင္နယ္ အဆင့္ဆီ ပို႔ေဆာင္ ေပးနုိင္ခဲ့တာပါ။

” အဲဒီကန္ခ်က္ကေတာ့ ခရစၥတီယာနိုလိုပဲ မဟုတ္ဘူးလား။ ဒီေကာင္ေလးကေတာ့ သံမဏိ လူသားပါပဲ။ ပင္နယ္တီ ကန္ရမယ္ဆိုလည္း ကိစၥ မရွိဘူး ၀င္ တာ၀န္ ယူတယ္။ သူ ကန္ေနက်လိုပဲ ေအးေအးေဆးေဆး လုပ္တယ္။ က်ေနာ္တို႔ကို နုိင္ပြဲ ယူေပးနုိင္ခဲ့တယ္။ လံုး၀ အမိုက္စားပါပဲ။ ”

” သူ ဖရီးကစ္ေတြ အရမ္း ေလ့က်င့္ထားတယ္ ထင္တယ္။ မားကပ္ (ရက္ဖို႕ဒ္) ကိုသာ ဧရိယာထဲ ပို႔လိုက္။ သူက ထိခ်က္ ရိုးရိုးေလးေတြနဲ႕ ရေအာင္ ဂိုးသြင္းလိမ့္မယ္လိုိ႔ က်ေနာ္ အျမဲ ေျပာပါတယ္။ သူက ဂိုးေတြ ေကာင္းေကာင္းသြင္းသူပါ။ သူ႔ ေလ့က်င့္မႈေတြရဲ႕ ဆုလာဘ္ကို ဒီေန႔ ရခဲ့တာပါပဲ။ ” လို႔ ဆုိးရွားက ဆိုပါတယ္။

ဖရီးကစ္အျပင္ ပင္နယ္တီ ကန္သြင္းမႈကိုလည္း ထပ္တူ အထင္ၾကီး သေဘာက်ေၾကာင္းလည္း ဆိုးရွားက ဖြင့္ဟခဲ့ပါတယ္။ တနဂၤေႏြေန႔ကပြဲမွာ ပင္နယ္တီ လြဲခဲ့တာေၾကာင့္ ရက္ဖို႕ဒ္ အပါအ၀င္ ယူနိုက္တက္ အသင္းသားမ်ား ေ၀ဖန္မႈမ်ားစြာ ခံေနရေသာ္လည္း အဂၤလန္သားက ခ်ယ္ဆီးနဲ႕ ပြဲမွာေတာ့ အမွားအယြင္း မရွိ ကန္သြားခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ဟာ ကာရာေဘာင္းဖလားမွာ နုိင္ပြဲ ယူျပီးတဲ့ေနာက္ စေနေန႔မွာေတာ့ ဘုန္းေမာက္ကို ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ လက္ရွိ အဆင့္ ၇ ေနရာ မွာ ရွိတာေၾကာင့္ ဆက္လက္ တိုးတက္ဖို႔ ၾကိဳးစားရဦးမွာပါ။