ယူနိုက်တက်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းမှ အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနား လူငယ်တိုက်စစ်မှူး Lautaro Martinez ကို ခေါ်ယူလိုနေပေမယ့် ဈေးကွက် မစခင်မှာပဲ အနှောက်အယှက်က ပေါ်လာခဲ့ပြီဖြစ်တယ်။

စပိန်သတင်းဌာနတွေက ဖော်ပြလာမှုအရ လူကာ်ကူနေရာ အစားထိုးဖို့ ယူနိုက်တက်တို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတဲ့ တိုက်စစ်သမားကို ဘာစီလိုနာကလည်း စိတ်ဝင်စားကာ စောင့်ကြည့်လာခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူး ဆွာရက်စ်နေရာ အစားထိုးဖို့ ဘာစီလိုနာက မက်ဆီနဲ့ တစ်နိုင်ငံတည်းသားလေးကို အာရုံကျလာခဲ့တာဖြစ်ပြီး လာလီဂါကလပ် ပါဝင်လာတာကြောင့် ကစားသမားရဲ့ တန်ကြေးက မြင့်တက်လာတော့မှာပါ။

နွေအပြောင်းအရွှေ့မှာ လူကာကူကို ရောင်းထုတ်ပေးခဲ့ပြီး ဆန်းချက်ကိုလည်း အငှားချပေးခဲ့တဲ့ ယူနိုက်တက်ဟာ အင်တာမီလန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာဖြစ်တယ်။ အင်တာဘက်ကတော့ ယူနိုက်တက် ကွင်းလယ်လူ မာတစ်ကိုလည်း ခေါ်ယူလိုနေသေးတာကြောင့် ဒီနှစ်တွေထဲ တိုးတက်လာတဲ့ ဆက်ဆံရေးကောင်းတွေကို အသုံးပြကာ ယူနိုက်တက်ဘက်က Lautaro Martinez ကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။

နောက်ထပ် အပြောင်းအရွှေ့ သတင်းတစ်ခုမှာတော့ ယူနိုက်တက်က စီးရီးအေကလပ် ရိုးမားအသင်းထံ အငှားချထားတဲ့ ခံစစ်မှူး စမောလင်းကို အငှားကာလ ကုန်ဆုံးချိန်မှာ ရိုးမားက အပြီးသတ် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ စီးရီးအေမှာ ကစားသမားဘဝ အစောပိုင်းကာလတွေကို ရုန်းကန်ခဲ့ရတဲ့ စမောလင်းဟာ လက်တလောမှာတော့ ပွဲထွက်လူစာရင်းမှာ ပုံမှန် ပါဝင်ခွင့် ရလာနေခဲ့ပြီဖြစ်ပါတယ်။

အီတလီမြေမှာ ခြေစွမ်းကောင်လည်း ပြသလာတဲ့ ကစားသမားအတွက် ရိုးမားဘက်က အမြဲတမ်း စာချုပ်ချုပ်ခွင့် ရှိနေတာဖြစ်ပြီး ကစားသမားနဲ့ ကနဦး ညိနှိုင်းမှုတွေ လုပ်နေခဲ့ပြီဖြစ်တယ်။ စမောလင်းရဲ့ အပြောင်းအရွှေ့ကနေ ရိုးမားဟာ ယူရို ၁၅ သန်းမှ သန်း ၂၀ ကြား ရရှိမယ်လို့ ခန့်မှန်းထားရတာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ စီးရီးေအကလပ္ အင္တာမီလန္အသင္းမွ အသက္ ၂၂ ႏွစ္အရြယ္ အာဂ်င္တီးနား လူငယ္တိုက္စစ္မွဴး Lautaro Martinez ကို ေခၚယူလိုေနေပမယ့္ ေစ်းကြက္ မစခင္မွာပဲ အေႏွာက္အယွက္က ေပၚလာခဲ့ျပီျဖစ္တယ္။

စပိန္သတင္းဌာနေတြက ေဖာ္ျပလာမႈအရ လူကာ္ကူေနရာ အစားထိုးဖို႔ ယူႏုိက္တက္တို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနတ့ဲ တိုက္စစ္သမားကို ဘာစီလိုနာကလည္း စိတ္ဝင္စားကာ ေစာင့္ၾကည့္လာခဲ့ပါတယ္။ ဝါရင့္တိုက္စစ္မွဴး ဆြာရက္စ္ေနရာ အစားထိုးဖို႔ ဘာစီလိုနာက မက္ဆီနဲ႔ တစ္ႏုိင္ငံတည္းသားေလးကို အာရံုက်လာခဲ့တာျဖစ္ျပီး လာလီဂါကလပ္ ပါဝင္လာတာေၾကာင့္ ကစားသမားရဲ႕ တန္ေၾကးက ျမင့္တက္လာေတာ့မွာပါ။

ေႏြအေျပာင္းအေရႊ႔မွာ လူကာကူကို ေရာင္းထုတ္ေပးခဲ့ျပီး ဆန္းခ်က္ကိုလည္း အငွားခ်ေပးခဲ့တဲ့ ယူႏုိက္တက္ဟာ အင္တာမီလန္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိေနတာျဖစ္တယ္။ အင္တာဘက္ကေတာ့ ယူႏုိက္တက္ ကြင္းလယ္လူ မာတစ္ကိုလည္း ေခၚယူလိုေနေသးတာေၾကာင့္ ဒီႏွစ္ေတြထဲ တိုးတက္လာတဲ့ ဆက္ဆံေရးေကာင္းေတြကို အသံုးျပကာ ယူႏုိက္တက္ဘက္က Lautaro Martinez ကို ေခၚယူဖို႔ ၾကိဳးစားႏုိင္ပါတယ္။

ေနာက္ထပ္ အေျပာင္းအေရႊ႔ သတင္းတစ္ခုမွာေတာ့ ယူႏုိက္တက္က စီးရီးေအကလပ္ ရိုးမားအသင္းထံ အငွားခ်ထားတဲ့ ခံစစ္မွဴး စေမာလင္းကို အငွားကာလ ကုန္ဆံုးခ်ိန္မွာ ရိုးမားက အျပီးသတ္ ေခၚယူလိုေနတယ္လို႔ သိရပါတယ္။ စီးရီးေအမွာ ကစားသမားဘဝ အေစာပိုင္းကာလေတြကို ရုန္းကန္ခဲ့ရတဲ့ စေမာလင္းဟာ လက္တေလာမွာေတာ့ ပြဲထြက္လူစာရင္းမွာ ပံုမွန္ ပါဝင္ခြင့္ ရလာေနခဲ့ျပီျဖစ္ပါတယ္။

အီတလီေျမမွာ ေျခစြမ္းေကာင္လည္း ျပသလာတဲ့ ကစားသမားအတြက္ ရိုးမားဘက္က အျမဲတမ္း စာခ်ဳပ္ခ်ဳပ္ခြင့္ ရွိေနတာျဖစ္ျပီး ကစားသမားနဲ႔ ကနဦး ညိႏိႈင္းမႈေတြ လုပ္ေနခဲ့ျပီျဖစ္တယ္။ စေမာလင္းရဲ႕ အေျပာင္းအေရႊ႔ကေန ရိုးမားဟာ ယူရို ၁၅ သန္းမွ သန္း ၂၀ ၾကား ရရွိမယ္လို႔ ခန္႔မွန္းထားရတာျဖစ္ပါတယ္။