အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်က မန်နေဂျာအသစ် လမ်းပတ် ဦးဆောင်မှုအောက်မှာ ပြောင်းလဲမှုကောင်းတွေ လုပ်ဆောင် လာနိုင်ခဲ့ပြီး ကလပ်အသင်း လိုအပ်နေတဲ့ အရာ အတိအကျ ကို ဖော်ဆောင်နေနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဒီရာသီ တာထွက်ကို မောင့်က ကျေနပ် ပျော်ရွှင်နေပြီး လူတွေ ထင်ထားခဲ့တာ မှားယွင်းကြောင်း ၎င်းတို့ သက်သေပြနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြ အပြောင်းအလဲ အပြင် ကစားသမား ခေါ်ယူဖို့ အပြောင်းအရွှေ့ ပိတ်ပင်ခံရတာကြောင့် ဒီရာသီမှာ ခက်ခဲတဲ့ အနေအထားတွေ ရင်ဆိုင်ခဲ့ရတာပါ။ နည်းပြ ဆာရီ နေရာ အစားဝင်လာတဲ့ လမ်းပတ်ကလည်း အတွေ့အကြုံရင့် နည်းပြ မဟုတ်တာကြောင့် အများစုက သိပ် မျှော်လင့်ချက် မထားခဲ့ကြပါဘူး။ ဒါပေမယ့် လမ်းပတ်က ချယ်ဆီးရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေကို ရွေးထုတ်ပြီး စီနီယာအသင်းကြီးမှာ ထည့် ကစားခဲ့ကာ နည်းပြကောင်း အဖြစ် ဦးဆောင်ထားနိုင်နေပါတယ်။

” မန်နေဂျာက အစောတည်းက ကျနော်တို့ကို ပြောခဲ့တယ်။ ကျနော်တို့ဟာ ငယ်ရွယ်တာကြောင့် ကစားခွင့်တွေ ရလာမှာ မဟုတ်ဘူး ကစားခွင့် ရဖို့ ကိုယ်တိုင် ကြိုးစားရမယ်လို့။ ဒါပေမယ့် ပရိသတ်တွေက အင်္ဂလန် လူငယ် ကစားသမားတွေကို မြင်ရဖို့ ကာလရှည် တောင့်တနေခဲ့တာ ဖြစ်တယ်။ သူတို့ရဲ့ ထောက်ခံမှုတွေကြောင့်လည်း ကွင်းထဲမှာ ဖြစ်နိုင်တာထက်တောင် ပိုပြီး ကောင်းကောင်း လုပ်ပြနိုင်ခဲ့တာပါ။ ”

” လူတော်တော် များများကတော့ ကျနော်တို့မှာ ကစားသမားသစ်တွေ မခေါ်နိုင်တာကြောင့် သိပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြ ရေးသားခဲ့ကြတယ်။ ကျနော်တို့ အနေနဲ့ သူတို့ ထင်တာ မှားကြောင်း ဆက်ပြီး သက်သေပြဖို့ လိုတယ်။” လို့ မောင့်က ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခံထားရတာကြောင့် ကစားသမားသစ် မခေါ်နိုင်ဘဲ ပရိသတ်တွေ မျှော်လင့်နေတဲ့ အင်္ဂလန် လူငယ်ကစားသမားတွေ ကို မြင်ခွင့်ရခဲ့ပြီး ကျေနပ်လောက်ဖွယ်လည်း အစွမ်းပြထားနိုင်ကြပါတယ်။ ဒီရာသီမှ အသင်းကြီးမှာ ပါဝင်ကစားခွင့် ရပေမယ့် မေဆန်မောင့် အပါအဝင် အေဗရာဟမ်၊ တိုမိုရီတို့ဟာ အသင်း ပရိသတ်တွေ အချစ်တော် ကစားသမားတွေ ဖြစ်လာခဲ့ကြပါတယ်။

Zawgyi

အဂၤလန္ ကြင္းလယ္ကစားသမား ေမဆန္ေမာင့္က မန္ေနဂ်ာအသစ္ လမ္းပတ္ ဦးေဆာင္မႈေအာက္မွာ ေျပာင္းလဲမႈေကာင္းေတြ လုပ္ေဆာင္ လာနုိင္ခဲ့ျပီး ကလပ္အသင္း လိုအပ္ေနတဲ့ အရာ အတိအက် ကို ေဖာ္ေဆာင္ေနနုိင္ခဲ့ျပီ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ တာထြက္ကို ေမာင့္က ေက်နပ္ ေပ်ာ္ရႊင္ေနျပီး လူေတြ ထင္ထားခဲ့တာ မွားယြငး္ေၾကာင္း ၄င္းတို႔ သက္ေသျပနိုင္ခဲ့ျပီလို႔ ယံုၾကည္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ နည္းျပ အေျပာင္းအလဲ အျပင္ ကစားသမား ေခၚယူဖို႔ အေျပာင္းအေရႊ႕ ပိတ္ပင္ခံရတာေၾကာင့္ ဒီရာသီမွာ ခက္ခဲတဲ့ အေနအထားေတြ ရင္ဆိုင္ခဲ့ရတာပါ။ နည္းျပ ဆာရီ ေနရာ အစား၀င္လာတဲ့ လမ္းပတ္ကလည္း အေတြ႔အၾကံဳရင့္ နည္းျပ မဟုတ္တာေၾကာင့္ အမ်ားစုက သိပ္ ေမွ်ာ္လင့္ခ်က္ မထားခဲ့ၾကပါဘူး။ ဒါေပမယ့္ လမ္းပတ္က ခ်ယ္ဆီးရဲ႕ အေကာင္းဆံုး လူငယ္ ကစားသမားေတြကို ေရြးထုတ္ျပီး စီနီယာအသင္းၾကီးမွာ ထည့္ ကစားခဲ့ကာ နည္းျပေကာင္း အျဖစ္ ဦးေဆာင္ထားနုိင္ေနပါတယ္။

” မန္ေနဂ်ာက အေစာတည္းက က်ေနာ္တို႔ကို ေျပာခဲ့တယ္။ က်ေနာ္တို႔ဟာ ငယ္ရြယ္တာေၾကာင့္ ကစားခြင့္ေတြ ရလာမွာ မဟုတ္ဘူး ကစားခြင့္ ရဖို႔ ကိုယ္တိုင္ ၾကိဳးစားရမယ္လို႔။ ဒါေပမယ့္ ပရိသတ္ေတြက အဂၤလန္ လူငယ္ ကစားသမားေတြကို ျမင္ရဖို႔ ကာလရွည္ ေတာင့္တေနခဲ့တာ ျဖစ္တယ္။ သူတို႔ရဲ႕ ေထာက္ခံမႈေတြေၾကာင့္လည္း ကြင္းထဲမွာ ျဖစ္နုိင္တာထက္ေတာင္ ပိုျပီး ေကာင္းေကာငး္ လုပ္ျပနိုင္ခဲ့တာပါ။ ”

” လူေတာ္ေတာ္ မ်ားမ်ားကေတာ့ က်ေနာ္တုိ႔မွာ ကစားသမားသစ္ေတြ မေခၚနိုင္တာေၾကာင့္ သိပ္ေကာင္းေကာင္း လုပ္နုိင္မွာ မဟုတ္ဘူးလို႔ ထင္ခဲ့ၾက ေရးသားခဲ့ၾကတယ္။ က်ေနာ္တို႔ အေနနဲ႕ သူတို႔ ထင္တာ မွားေၾကာင္း ဆက္ျပီး သက္ေသျပဖို႔ လိုတယ္။” လို႔ ေမာင့္က ဆိုပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ ပိတ္ခံထားရတာေၾကာင့္ ကစားသမားသစ္ မေခၚနိုင္ဘဲ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ အဂၤလန္ လူငယ္ကစားသမားေတြ ကို ျမင္ခြင့္ရခဲ့ျပီး ေက်နပ္ေလာက္ဖြယ္လည္း အစြမ္းျပထားနုိင္ၾကပါတယ္။ ဒီရာသီမွ အသင္းၾကီးမွာ ပါ၀င္ကစားခြင့္ ရေပမယ့္ ေမဆန္ေမာင့္ အပါအ၀င္ ေအဗရာဟမ္၊ တိုမိုရီတို႔ဟာ အသင္း ပရိသတ္ေတြ အခ်စ္ေတာ္ ကစားသမားေတြ ျဖစ္လာခဲ့ၾကပါတယ္။