မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ဒီနေ့ည ကာရာဘောင်းဖလားပွဲ ချယ်ဆီးကို ရင်ဆိုင်ရာမှာ နောဝစ်ကို အနိုင်ယူထားတဲ့ အသင်းနဲ့ပဲ ပွဲထွက် ကစားမှာ မဟုတ်ဘူးလို့ အာမခံချက် ပေးလိုက်ပါတယ်။ ဆိုးရှားက ပြည်တွင်းဖလား ပြိုင်ပွဲတွေမှာ လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးဖို့ စိတ်အားထက်သန်နေပြီး စတန်းဖို့ ဘရစ်ချ်မှာ ဂျိမ်းစ် ဂါနာနဲ့ ဘရန်ဒန် ဝီလီယံတို့ ပါဝင်ကစားစေမယ့် အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

နိုင်ပွဲ ရလဒ်ကောင်းတွေ ပြန်လည် ရယူလာနိုင်တဲ့ ယူနိုက်တက်ဟာ နိုင်ငံတကာ သီတင်းပတ် အပြီး လီဗာပူးနဲ့ သရေကျပြီးနောက် ပါတီဇန် ဘဲလ်ဂရိတ်၊ နောဝစ် စတဲ့ အဝေးကွင်း ပွဲစဉ်များ ဆက်တိုက် အနိုင်ရထားပါတယ်။ ယူနိုက်တက်ဟာ ပွဲကြပ်တွေ မလာခင်မှာ ချယ်ဆီးအသင်းကို လူငယ်အများစုနဲ့ ပွဲထုတ် ရင်ဆိုင်သွားဖို့ ကြံရွယ်ထားတာပါ။

” ကျနေ်ာတို့က ၁၁ ရက် အတွင်း အဝေးကွင်းပွဲ ၄ ပွဲ ကစားရတာပါ။ ပွဲတိုင်းကို ဒီလူစာရင်းအတိုင်း ပွဲထုတ် ကစားလို့ မရပါဘူး။ ဒါကြောင့် ဒီပွဲမှာ အပြောင်းအလဲတွေ မြင်ရပါမယ်။ သီတင်းပတ် တစ်ပတ်ဆိုတာ ဘောလုံးမှာတော့ အကြာကြီးလို့ ဆိုနိုင်ပြီး တိုးတက်လာတဲ့ ကစားပုံက လူငယ်တွေကို ယုံကြည်မှု ရှိစေမှာပါ။ သူတို့ လုပ်နေတဲ့ အလုပ်ကို ယုံကြည်မှု ရှိဖို့ကလည်း အရေးကြီးတယ်လေ။ ကောင်းတာတွေ အများကြီး လုပ်ဆောင်ပြထားခဲ့တယ်။ ရလဒ်ကောင်းတွေ သိပ် များများတော့ မရသေးဘူးပေါ့။ ” လို့ ဆိုးရှားက ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အဖွင့်ပွဲမှာ ချယ်ဆီးကို လေးဂိုးပြတ် အနိုင်ရထားတာကြောင့် ဆိုးရှားက ဒီပွဲကိုလည်း ဆက်လက် အနိုင်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။ ထိုအဖွင့်ပွဲနောက်ပိုင်း ဖရန့်လမ်းပတ်ရဲ့ အသင်းက ခြေစွမ်းတက်နေပြီး ယူနိုက်တက်က ရုန်းကန်နေရတာကြောင့် ရလဒ်ကောင်း ထွက်လာရင် အခြေအနေတွေ ပြောင်းလဲလာနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

” ကျနော်တို့နဲ့ ကစားတုန်းက သူတို့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တယ်။ သူတို့ကို ထိန်းချုပ်ဖို့ ခံစစ်မှာ တင်းတင်းကြပ်ကြပ် ကာကွယ်ခဲ့ရတဲ့ အချိန်တွေ ရှိတယ်။ တမ်မီ အေဗရာဟမ်ရဲ့ ကန်ချက် တိုင်ထိခဲ့တာရယ် အခြား အခွင့်အရေးကောင်းတွေ သူတို့ ရခဲ့တယ်။ ကျနော်တို့ ထိထိရောက်ရောက် ကစားနိုင်ခဲ့တာရယ် ကောင်တာတိုက်စစ် ကောင်းကောင်း သုံးနိုင်ခဲ့တာရယ်ကြောင့် နိုင်ပွဲ ရခဲ့တာပါ။ ဒီတခါ ထပ်လုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးရွားက ဒီေန႔ည ကာရာေဘာင္းဖလားပြဲ ခ်ယ္ဆီးကို ရင္ဆိုင္ရာမွာ ေနာ၀စ္ကို အနိုင္ယူထားတဲ့ အသင္းနဲ႕ပဲ ပြဲထြက္ ကစားမွာ မဟုတ္ဘူးလို႔ အာမခံခ်က္ ေပးလိုက္ပါတယ္။ ဆိုးရွားက ျပည္တြင္းဖလား ျပိဳင္ပြဲေတြမွာ လူငယ္ ကစားသမားေတြကို အခြင့္အေရး ေပးဖို႔ စိတ္အားထက္သန္ေနျပီး စတန္းဖို႔ ဘရစ္ခ်္မွာ ဂ်ိမ္းစ္ ဂါနာနဲ႕ ဘရန္ဒန္ ၀ီလီယံတို႔ ပါ၀င္ကစားေစမယ့္ အရိပ္အျမြက္ ေျပာၾကားခဲ့ပါတယ္။

နိုင္ပြဲ ရလဒ္ေကာင္းေတြ ျပန္လည္ ရယူလာနုိင္တဲ့ ယူနိုက္တက္ဟာ နိုင္ငံတကာ သီတင္းပတ္ အျပီး လီဗာပူးနဲ႕ သေရက်ျပီးေနာက္ ပါတီဇန္ ဘဲလ္ဂရိတ္၊ ေနာ၀စ္ စတဲ့ အေ၀းကြင္း ပြဲစဥ္မ်ား ဆက္တိုက္ အနိုင္ရထားပါတယ္။ ယူနိုက္တက္ဟာ ပြဲၾကပ္ေတြ မလာခင္မွာ ခ်ယ္ဆီးအသင္းကို လူငယ္အမ်ားစုနဲ႕ ပြဲထုတ္ ရင္ဆိုင္သြားဖို႔ ၾကံရြယ္ထားတာပါ။

” က်ေန္ာတို႔က ၁၁ ရက္ အတြင္း အေ၀းကြင္းပြဲ ၄ ပြဲ ကစားရတာပါ။ ပြဲတိုင္းကို ဒီလူစာရင္းအတိုင္း ပြဲထုတ္ ကစားလို႔ မရပါဘူး။ ဒါေၾကာင့္ ဒီပြဲမွာ အေျပာင္းအလဲေတြ ျမင္ရပါမယ္။ သီတင္းပတ္ တစ္ပတ္ဆိုတာ ေဘာလံုးမွာေတာ့ အၾကာၾကီးလို႔ ဆိုနိုင္ျပီး တိုးတက္လာတဲ့ ကစားပံုက လူငယ္ေတြကို ယံုၾကည္မႈ ရွိေစမွာပါ။ သူတုိ႔ လုပ္ေနတဲ့ အလုပ္ကို ယံုၾကည္မႈ ရွိဖို႔ကလည္း အေရးၾကီးတယ္ေလ။ ေကာင္းတာေတြ အမ်ားၾကီး လုပ္ေဆာင္ျပထားခဲ့တယ္။ ရလဒ္ေကာင္းေတြ သိပ္ မ်ားမ်ားေတာ့ မရေသးဘူးေပါ့။ ” လို႔ ဆိုးရွားက ပြဲၾကိဳမွာ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဒီရာသီ အဖြင့္ပြဲမွာ ခ်ယ္ဆီးကို ေလးဂိုးျပတ္ အနိုင္ရထားတာေၾကာင့္ ဆိုးရွားက ဒီပြဲကိုလည္း ဆက္လက္ အနိုင္ယူဖို႔ စိတ္အား ထက္သန္ေနပါတယ္။ ထိုအဖြင့္ပြဲေနာက္ပိုင္း ဖရန္႔လမ္းပတ္ရဲ႕ အသင္းက ေျခစြမ္းတက္ေနျပီး ယူနိုက္တက္က ရုန္းကန္ေနရတာေၾကာင့္ ရလဒ္ေကာင္း ထြက္လာရင္ အေျခအေနေတြ ေျပာင္းလဲလာနုိင္မယ္လို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

” က်ေနာ္တို႔နဲ႕ ကစားတုန္းက သူတို႔ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသနိုင္ခဲ့တယ္။ သူတို႔ကို ထိန္းခ်ဳပ္ဖို႔ ခံစစ္မွာ တင္းတင္းၾကပ္ၾကပ္ ကာကြယ္ခဲ့ရတဲ့ အခ်ိန္ေတြ ရွိတယ္။ တမ္မီ ေအဗရာဟမ္ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့တာရယ္ အျခား အခြင့္အေရးေကာင္းေတြ သူတို႔ ရခဲ့တယ္။ က်ေနာ္တို႔ ထိထိေရာက္ေရာက္ ကစားနုိင္ခဲ့တာရယ္ ေကာင္တာတိုက္စစ္ ေကာင္းေကာင္း သံုးနုိင္ခဲ့တာရယ္ေၾကာင့္ နုိင္ပြဲ ရခဲ့တာပါ။ ဒီတခါ ထပ္လုပ္နုိင္ဖို႔ ၾကိဳးစားရပါမယ္။ ” လို႔ ဆိုးရွားက ဆိုပါတယ္။