ချယ်ဆီးမန်နေဂျာ လမ်းပတ်က အပြောင်းအရွှေ့တွေမှာ ဇူးမားကို ရောင်းထုတ်မလားဆိုတဲ့ မေးခွန်းတွေကို ငြင်းပယ်ခဲ့သလို နွေတုန်းကလည်း ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့သေးကြောင်း ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးခံစစ်ဟာ နွေကတည်းကစလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ရူဒီဂါနဲ့ ခရစ်စတန်ဆန်တို့ မကစားနိုင်တဲ့ အနေအထားမှာ ဇူးမားဟာ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲထိ ပွဲထွက်ကစားခဲ့ရတယ်။ ဇူးမားဟာ တစ်ကြိမ်ပဲ အနားပေးခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာတုန်းက ဘရိုက်တန်အသင်းထံ သွားရောက်ခဲ့စဉ်က ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ အဲဗာတန်အသင်းထံ အငှားချခဲ့တဲ့ ဇူးမားဟာ မာဆေးဆိုဒ်ကလပ်မှာ အပြီးသတ် စာချုပ်ဖြင့် ဆက်နေမယ်လို့ သတင်းကြီးခဲ့တာပါ။ အဲဗာတန်ဘက်ကလည်း အသက် ၂၅ နှစ်အရွယ် ကစားသမားကို ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ချယ်ဆီးတို့ အလိုရှိတဲ့ ဈေးနှုန်းထိ မရောက်ခဲ့တာဖြစ်တယ်။ ခံစစ်သမားတွေ ဒဏ်ရာရနေချိန်မှာ ဇူးမားဟာ ကလပ်အတွက် တိုမိုရီနဲ့ တွဲဘက်ပြီး အကောင်းဆုံး ပွဲထွက်နေနိုင်ပြီ ဖြစ်ပါတယ်။

လမ်းပတ်က “ သူက ထူးချွန်တဲ့ ကစားသမားပါ။ သူနဲ့ တိုမိုရီအပေါ်မှာ ကျနော် ယုံကြည်မှု ရှိပါတယ်။ ဒါကြောင့်လည်း နွေတုန်းက သူ့ကို မရောင်းဖို့ ကျနော် ဆုံးဖြတ်ခဲ့တာပါ။ သူ့ထံက တည်ငြိမ်မှုတွေကို မြင်ရတာ ကောင်းပါတယ်။ ကုန်ခဲ့တဲ့ ပွဲတွေမှာ သူက တိုမိုရီနဲ့ တွဲပြီး ကစားနေခဲ့တာပါ။ ကွင်းထဲမှာကော ကွင်းပြင်ပမှာပါ သူတို့နှစ်ဦးကို နားလည်မှုရှိတဲ့ တွဲဘက်မှုတွေ မြင်ရတာက ကောင်းပါတယ်။ သိပ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်ပြီး သူတို့နှစ်ဦး ဆက်လက် တွဲဘက်ကစားနိုင်ဖို့ ကျနော် လုပ်ဆောင်ပေးမှာပါ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ဇူးမားဟာ ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ယူနိုက်တက်နဲ့ ကာရာဘောင်းပွဲမှာလည်း ပါဝင်ကစားခွင့် ရဦးမယ်လို့ မျှော်လင့်ရတယ်။ ရာသီအဖွင့်ပွဲဖြစ်တဲ့ အမှတ်ပေးပွဲမှာ ယူနိုက်တက်ကို ၄-၀ နဲ့ အရေးနိမ့်မှုကို လက်စားချေဖို့ ချယ်ဆီး ကစားသမားတွေ ဆန္ဒရှိနေမှာဖြစ်ပြီး ဒီအဆင့်ကို ကျော်ဖြတ်ပြီးရင် ကွာတားဖိုင်နယ်တကို ရောက်ရှိမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က အေျပာင္းအေရႊ႔ေတြမွာ ဇူးမားကို ေရာင္းထုတ္မလားဆိုတဲ့ ေမးခြန္းေတြကို ျငင္းပယ္ခဲ့သလို ေႏြတုန္းကလည္း ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့ေသးေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးခံစစ္ဟာ ေႏြကတည္းကစလို ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနခဲ့ရျပီး ရူဒီဂါနဲ႔ ခရစ္စတန္ဆန္တို႔ မကစားႏုိင္တဲ့ အေနအထားမွာ ဇူးမားဟာ ပရီးမီးယားလိဂ္ပြဲ ၉ ပြဲထိ ပြဲထြက္ကစားခဲ့ရတယ္။ ဇူးမားဟာ တစ္ၾကိမ္ပဲ အနားေပးခံခဲ့ရတာျဖစ္ျပီး စက္တင္ဘာတုန္းက ဘရိုက္တန္အသင္းထံ သြားေရာက္ခဲ့စဥ္က ျဖစ္ပါတယ္။

မႏွစ္ကရာသီမွာ အဲဗာတန္အသင္းထံ အငွားခ်ခဲ့တဲ့ ဇူးမားဟာ မာေဆးဆိုဒ္ကလပ္မွာ အျပီးသတ္ စာခ်ဳပ္ျဖင့္ ဆက္ေနမယ္လို႔ သတင္းၾကီးခဲ့တာပါ။ အဲဗာတန္ဘက္ကလည္း အသက္ ၂၅ ႏွစ္အရြယ္ ကစားသမားကို ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ခ်ယ္ဆီးတို႔ အလိုရွိတဲ့ ေစ်းႏႈန္းထိ မေရာက္ခဲ့တာျဖစ္တယ္။ ခံစစ္သမားေတြ ဒဏ္ရာရေနခ်ိန္မွာ ဇူးမားဟာ ကလပ္အတြက္ တိုမိုရီနဲ႔ တြဲဘက္ျပီး အေကာင္းဆံုး ပြဲထြက္ေနႏုိင္ျပီ ျဖစ္ပါတယ္။

လမ္းပတ္က “ သူက ထူးခၽြန္တဲ့ ကစားသမားပါ။ သူနဲ႔ တိုမိုရီအေပၚမွာ က်ေနာ္ ယံုၾကည္မႈ ရွိပါတယ္။ ဒါေၾကာင့္လည္း ေႏြတုန္းက သူ႔ကို မေရာင္းဖို႔ က်ေနာ္ ဆံုးျဖတ္ခဲ့တာပါ။ သူ႔ထံက တည္ျငိမ္မႈေတြကို ျမင္ရတာ ေကာင္းပါတယ္။ ကုန္ခဲ့တဲ့ ပြဲေတြမွာ သူက တိုမိုရီနဲ႔ တြဲျပီး ကစားေနခဲ့တာပါ။ ကြင္းထဲမွာေကာ ကြင္းျပင္ပမွာပါ သူတို႔ႏွစ္ဦးကို နားလည္မႈရွိတဲ့ တြဲဘက္မႈေတြ ျမင္ရတာက ေကာင္းပါတယ္။ သိပ္ေကာင္းတဲ့ ဇာတ္လမ္းျဖစ္ျပီး သူတို႔ႏွစ္ဦး ဆက္လက္ တြဲဘက္ကစားႏုိင္ဖို႔ က်ေနာ္ လုပ္ေဆာင္ေပးမွာပါ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ဇူးမားဟာ ဒီကေန႔ညမွာ ယွဥ္ျပိဳင္ကစားရမယ့္ ယူႏုိက္တက္နဲ႔ ကာရာေဘာင္းပြဲမွာလည္း ပါဝင္ကစားခြင့္ ရဦးမယ္လို႔ ေမွ်ာ္လင့္ရတယ္။ ရာသီအဖြင့္ပြဲျဖစ္တဲ့ အမွတ္ေပးပြဲမွာ ယူႏုိက္တက္ကို ၄-၀ နဲ႔ အေရးနိမ့္မႈကို လက္စားေခ်ဖို႔ ခ်ယ္ဆီး ကစားသမားေတြ ဆႏၵရွိေနမွာျဖစ္ျပီး ဒီအဆင့္ကို ေက်ာ္ျဖတ္ျပီးရင္ ကြာတားဖိုင္နယ္တကို ေရာက္ရွိမွာပဲ ျဖစ္ပါတယ္။