ပေါမာဆန်က လက်တလော ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသလာခဲ့ပြီး ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေတဲ့ ချယ်ဆီးအသင်းကို ထုတ်ဖော် ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။

မာဆန်ကတော့ ချယ်ဆီးလူငယ်တွေဟာ မယုံနိုင်လောက်အောင် ခြေစွမ်းကောင်းမွန်ကြပါတယ်ဆိုတဲ့ ချီးကျူးမှုနဲ့အတူ ဒီကစားသမားတွေကို အဓိက ဦးဆောင်နေတဲ့ လမ်းပတ်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့တယ်။ ဒါပေမယ့်လို့ အပြောင်းအရွှေ့ အပိတ်မခံခဲ့ရင် အနေအထားတွေက ဒီလို ဖြစ်မလာနိုင်ဘူးလို့ သူက မြင်ပါတယ်။

ပေါ့မာဆန်က ” ဘန်လေကို ၄-၂ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ပူလီဆစ်ကို ကျနော် သဘောကျတယ်။ သူက ထိပ်တန်းကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် သူက ကလေးသာသာပဲရှိပါသေးတယ်။ အသက် ၂၁ပဲ ရှိသေးတာကြောင့် ၂၇၊ ၂၈ မတိုင်ခင်အထိ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ရနိုင်မှာမဟုတ်ပါဘူး။ ချယ်ဆီး ကစားသမား အများစုက ကလေးတွေဖြစ်ပြီး ဒီအရွယ်လေးနဲ့ ချယ်ဆီးလို အသင်းကြီးမှာ ကစားပြီး ဒီလို ခြေစွမ်းရှိနေတာက အံ့ဩစရာပါ။

ဘန်လေကွင်းက ကစားရ ခက်ခဲတဲ့နေရာဖြစ်ပြီး ဒီလိုနိုင်ပွဲ ရယူလိုက်တာက ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပါပဲ။ မနှစ်က ချယ်ဆီးကို ကြည့်ခဲ့တုန်းက အခြေအနေက ကြောက်စရာကောင်းခဲ့တယ်။ ယူရိုပါလိဂ် အောင်မြင်တယ်၊ ကာရာဘောင်းဖလားမှာ စီးတီးကို အနိုင်ရနိုင်သလောက် ရှိခဲ့တယ်၊ အမှတ်ပေးဇယား အဆင့်၃ ရခဲ့တယ် ဆိုတာ သိပါတယ်။ ဒါပေမယ့်ကစားပုံက သိပ်မကောင်းခဲ့ဘူး။ အခု သူတို့ရဲ့ကစားပုံက အလွန်ကောင်းပြီး စုစုစည်းစည်းရှိတယ်။

မနှစ်ကဆိုရင် လူတိုင်းက ဟာဇက်ကို ဘောလုံးပေးပြီး သူ ဂိုးသွင်းတာကို မျှော်လင့်ကြတယ်။ သူလွဲသွားရင် ချယ်ဆီးမှာ အခွင့်အရေး မရခဲ့ဘူး။ အခု လူတိုင်းက အတူတကွ ပါဝင်လာပြီး သူတို့အားလုံးက စိတ်အားထက်သန်တဲ့ ကလးတွေဖြစ်တယ်။ ချယ်ဆီးရဲ့အနာဂတ်က တောက်ပနေပါတယ်။ အကယ်၍ အပြောင်းအရွှေ့ ပိတ်ပင်မှု ဒါမှမဟုတ် လမ်းပတ်သာ မရှိခဲ့ရင် လူငယ်ကစားသမား ဘယ်နှယောက်လောက်ပဲ အခွင့်အရေး ရမလဲဆိုတာ သိချင်မိတယ်။

သူတို့ထဲက တစ်ဝက်ဟာ ချန်ပီယံရှစ်မှာ အငှားကစားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါအတွက် လမ်းပတ်ကို ဂုဏ်ပြုရမယ်။ သူက လွယ်လွယ်ကူကူနဲ့ safe ဖြစ်အောင် ကစားခဲ့ပြီး သူ့ကိုယ်သူ စောင့်ထိန်းတယ်။ သူကိုယ်တိုင်ထက် ကလပ်အတွက် ပိုတွေးပေးခဲ့ပြီး ဒါက အောင်မြင်မှုရစေခဲ့တာပါ။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေပါမာဆန္က လက္တေလာ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ ျပသလာခဲ့ျပီး ျပိဳင္ပြဲစံုမွာ ႏုိင္ပြဲဆက္ေနတဲ့ ခ်ယ္ဆီးအသင္းကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြ လုပ္သြားခဲ့ပါတယ္။

မာဆန္ကေတာ့ ခ်ယ္ဆီးလူငယ္ေတြဟာ မယံုႏုိင္ေလာက္ေအာင္ ေျခစြမ္းေကာင္းမြန္ၾကပါတယ္ဆိုတဲ့ ခ်ီးက်ဴးမႈနဲ႔အတူ ဒီကစားသမားေတြကို အဓိက ဦးေဆာင္ေနတဲ့ လမ္းပတ္ရဲ႕ အရည္အခ်င္းကို အသိအမွတ္ျပဳခဲ့တယ္။ ဒါေပမယ့္လို႔ အေျပာင္းအေရႊ႔ အပိတ္မခံခဲ့ရင္ အေနအထားေတြက ဒီလို ျဖစ္မလာႏုိင္ဘူးလို႔ သူက ျမင္ပါတယ္။

ေပါ့မာဆန္က ” ဘန္ေလကို ၄-၂ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ဟက္ထရစ္ ရခဲ့တဲ့ ပူလီဆစ္ကို က်ေနာ္ သေဘာက်တယ္။ သူက ထိပ္တန္းကစားသမား တစ္ေယာက္ပါ။ ဒါေပမယ့္ သူက ကေလးသာသာပဲရွိပါေသးတယ္။ အသက္ ၂၁ပဲ ရွိေသးတာေၾကာင့္ ၂၇၊ ၂၈ မတိုင္ခင္အထိ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံကို ရႏိုင္မွာမဟုတ္ပါဘူး။ ခ်ယ္ဆီး ကစားသမား အမ်ားစုက ကေလးေတြျဖစ္ၿပီး ဒီအ႐ြယ္ေလးနဲ႔ ခ်ယ္ဆီးလို အသင္းႀကီးမွာ ကစားၿပီး ဒီလို ေျခစြမ္းရွိေနတာက အံ့ဩစရာပါ။

ဘန္ေလကြင္းက ကစားရ ခက္ခဲတဲ့ေနရာျဖစ္ၿပီး ဒီလိုႏိုင္ပြဲ ရယူလိုက္တာက ဒီတစ္ပတ္ရဲ႕ အေကာင္းဆုံးပါပဲ။ မႏွစ္က ခ်ယ္ဆီးကို ၾကည့္ခဲ့တုန္းက အေျခအေနက ေၾကာက္စရာေကာင္းခဲ့တယ္။ ယူ႐ိုပါလိဂ္ ေအာင္ျမင္တယ္၊ ကာရာေဘာင္းဖလားမွာ စီးတီးကို အႏိုင္ရႏိုင္သေလာက္ ရွိခဲ့တယ္၊ အမွတ္ေပးဇယား အဆင့္၃ ရခဲ့တယ္ ဆိုတာ သိပါတယ္။ ဒါေပမယ့္ကစားပုံက သိပ္မေကာင္းခဲ့ဘူး။ အခု သူတို႔ရဲ႕ကစားပုံက အလြန္ေကာင္းၿပီး စုစုစည္းစည္းရွိတယ္။

မႏွစ္ကဆိုရင္ လူတိုင္းက ဟာဇက္ကို ေဘာလုံးေပးၿပီး သူ ဂိုးသြင္းတာကို ေမွ်ာ္လင့္ၾကတယ္။ သူလြဲသြားရင္ ခ်ယ္ဆီးမွာ အခြင့္အေရး မရခဲ့ဘူး။ အခု လူတိုင္းက အတူတကြ ပါဝင္လာၿပီး သူတို႔အားလုံးက စိတ္အားထက္သန္တဲ့ ကလးေတြျဖစ္တယ္။ ခ်ယ္ဆီးရဲ႕အနာဂတ္က ေတာက္ပေနပါတယ္။ အကယ္၍ အေျပာင္းအေ႐ႊ႕ ပိတ္ပင္မႈ ဒါမွမဟုတ္ လမ္းပတ္သာ မရွိခဲ့ရင္ လူငယ္ကစားသမား ဘယ္ႏွေယာက္ေလာက္ပဲ အခြင့္အေရး ရမလဲဆိုတာ သိခ်င္မိတယ္။

သူတို႔ထဲက တစ္ဝက္ဟာ ခ်န္ပီယံရွစ္မွာ အငွားကစားရလိမ့္မယ္လို႔ ထင္ပါတယ္။ ဒါအတြက္ လမ္းပတ္ကို ဂုဏ္ျပဳရမယ္။ သူက လြယ္လြယ္ကူကူနဲ႔ safe ျဖစ္ေအာင္ ကစားခဲ့ၿပီး သူ႔ကိုယ္သူ ေစာင့္ထိန္းတယ္။ သူကိုယ္တိုင္ထက္ ကလပ္အတြက္ ပိုေတြးေပးခဲ့ၿပီး ဒါက ေအာင္ျမင္မႈရေစခဲ့တာပါ။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။