အင်္ဂလန်ဝါရင့် သုံးသပ်သူကြီး ပေါမာဆန်က ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်လာနေခဲ့ပြီဖြစ်ကာ ဒါကိုလည်း ကောင်းမွန်တဲ့ ရက်သတ္တပတ် ပိုင်ဆိုင်ခြင်းနဲ့ သက်သေပြလာပြီလို့ ဆိုပါတယ်။

ရာသီစကတည်း ရုန်းကန်နေရတဲ့ ယူနိုက်တက်တို့ ဒီလို သီတင်းပတ် တစ်ပတ်လောက် ခြေစွမ်းကောင်းနေတာကို စကားထဲ ထည့်ပြောနေရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ သူက ဆိုတယ်။ ဒါပေမယ့်လို့ မာရှယ်နဲ့ ရပ်ဖို့တို့ ကောင်းကောင်းတွဲဘက်ပြီး ပြန်ကစားနိုင်တာက ယူနိုက်တက်ကို အမှတ်ပေးဇယားမှာ ထိပ်ဆုံးတွေကို ပြန်တက်ဖို့ အင်အားဖြစ်စေတယ်လို့ သူက ပြောပါတယ်။

ပေါမာဆန်က ” ယူနိုက်တက်အတွက် ကျေနပ်စရာပါပဲ။ လီဗာပူးကို ရပ်တန့်နိုင်ခဲ့ပြီး ပါတီဇန်နဲ့ပွဲမှာ clean sheet ရခဲ့တယ်။ နောဝစ်နဲ့ပွဲမှာလဲ clean sheet ရချင်ခဲ့မှာပါ။ ဒါပေမယ့် နောဝစ်ကို အက်စ်တွန်ဗီလာက အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ရခဲ့တာမို့ ယူနိုက်တက် အနေနဲ့လဲ မဖြစ်မနေ အနိူင်ရဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကမ္ဘာ့အကြီးဆုံးကလပ်ဖြစ်ပြီး အခု ကျနော်တို့ဟာ လီဗာပူးကို အိမ်ကွင်းမှာ သရေကျ၊ ပါတီဇန်နဲ့ နောဝစ်ချ် ကို အဝေးကွင်းမှာ အနိုင်ရတဲ့ ကျေနပ်စရာ ရက်သတ္တပတ် အကြောင်း ပြောနေတာပါ။ ဒီမှာထိုင်ပြီး ယူနိုက်တက် အတွက် ဒီလို ကောင်းမွန်တဲ့ ရက်သတ္တပတ် တစ်ပတ်အကြောင်း ပြောနေရတာ အိမ်မက်ဆိုးထဲမှာတောင် မတွေးခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီလိုမဟုတ်ပါဘူး။ လီဗာပူးက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို မနိုင်ပဲ တခြား၂ပွဲကို နိူင်တယ်ပေါ့။ ဒါပေမယ့် ဒါက အခု သူတို့ရှိနေတဲ့နေရာပါပဲ။

ယူနိုက်တက်မှာ တည်ငြိမ်မှု နဲ့ ယုံကြည်မှုက အနည်းငယ်ပဲရှိတယ်။ မင်းဟာ သုံးပွဲဆက်လောက်ပဲ အနိုင်ရပြီး ထိပ်ဆုံးလေးနေရာအတွက် ပြိုင်ဆိုင်နေရတယ်။ မာရှယ်က ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်ပြီး သူက တခြားကစားသမား များစွာထက် ပိုကောင်းတယ်။ မင်းက နည်းပြဆိုရင် သူ့လိုကစားသမားတစ်ယောက်က အသင်းကို ပြန်လာတာကို အမြဲ မျှော်လင့်နေမှာပါ။ သူက အကောင်းဆုံး ပုံစံ ရနေတဲ့အခါ ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်နိုင်တယ်။

သူနဲ့ ရက်ဖို့ဒ် တို့ ကစားတဲ့အခါ အသင်းတွေကို အနိုင်ယူပြီး အဆင့်တက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တည်ငြိမ်မှု ရဖို့ လိုတယ်။ လီဗာပူးနဲ့ပွဲတုန်းကလိုမျိုး အပတ်တိုင်း စွမ်းဆောင်ပြရမှာပါ။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ဝါရင့္ သံုးသပ္သူၾကီး ေပါမာဆန္က ယူႏိုက္တက္ဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္လာေနခဲ့ျပီျဖစ္ကာ ဒါကိုလည္း ေကာင္းမြန္တဲ့ ရက္သတၱပတ္ ပိုင္ဆုိင္ျခင္းနဲ႔ သက္ေသျပလာျပီလို႔ ဆိုပါတယ္။

ရာသီစကတည္း ရုန္းကန္ေနရတဲ့ ယူႏုိက္တက္တို႔ ဒီလို သီတင္းပတ္ တစ္ပတ္ေလာက္ ေျခစြမ္းေကာင္းေနတာကို စကားထဲ ထည့္ေျပာေနရမယ္လို႔ ဘယ္တုန္းကမွ မထင္ခ့ဲဘူးလို႔ သူက ဆိုတယ္။ ဒါေပမယ့္လို႔ မာရွယ္နဲ႔ ရပ္ဖို႔တို႔ ေကာင္းေကာင္းတြဲဘက္ျပီး ျပန္ကစားႏုိင္တာက ယူႏုိက္တက္ကို အမွတ္ေပးဇယားမွာ ထိပ္ဆံုးေတြကို ျပန္တက္ဖို႔ အင္အားျဖစ္ေစတယ္လို႔ သူက ေျပာပါတယ္။

ေပါမာဆန္က ” ယူႏိုက္တက္အတြက္ ေက်နပ္စရာပါပဲ။ လီဗာပူးကို ရပ္တန္႔ႏိုင္ခဲ့ၿပီး ပါတီဇန္နဲ႔ပြဲမွာ clean sheet ရခဲ့တယ္။ ေနာဝစ္နဲ႔ပြဲမွာလဲ clean sheet ရခ်င္ခဲ့မွာပါ။ ဒါေပမယ့္ ေနာဝစ္ကို အက္စ္တြန္ဗီလာက အိမ္ကြင္းမွာ ၅-၁ နဲ႔ အႏိုင္ရခဲ့တာမို႔ ယူႏိုက္တက္ အေနနဲ႔လဲ မျဖစ္မေန အႏိူင္ရဖို႔ လိုအပ္ခဲ့တာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ကမာၻ႔အႀကီးဆံုးကလပ္ျဖစ္ၿပီး အခု က်ေနာ္တို႔ဟာ လီဗာပူးကို အိမ္ကြင္းမွာ သေရက်၊ ပါတီဇန္နဲ႔ ေနာဝစ္ခ်္ ကို အေဝးကြင္းမွာ အႏိုင္ရတဲ့ ေက်နပ္စရာ ရက္သတၱပတ္ အေၾကာင္း ေျပာေနတာပါ။ ဒီမွာထိုင္ၿပီး ယူႏိုက္တက္ အတြက္ ဒီလို ေကာင္းမြန္တဲ့ ရက္သတၱပတ္ တစ္ပတ္အေၾကာင္း ေျပာေနရတာ အိမ္မက္ဆိုးထဲမွာေတာင္ မေတြးခဲ့ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဒီလိုမဟုတ္ပါဘူး။ လီဗာပူးက အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္ကို မႏိုင္ပဲ တျခား၂ပြဲကို ႏိူင္တယ္ေပါ့။ ဒါေပမယ့္ ဒါက အခု သူတို႔ရွိေနတဲ့ေနရာပါပဲ။

ယူႏိုက္တက္မွာ တည္ၿငိမ္မႈ နဲ႔ ယုံၾကည္မႈက အနည္းငယ္ပဲရွိတယ္။ မင္းဟာ သုံးပြဲဆက္ေလာက္ပဲ အႏိုင္ရၿပီး ထိပ္ဆုံးေလးေနရာအတြက္ ၿပိဳင္ဆိုင္ေနရတယ္။ မာရွယ္က ထိပ္တန္းကစားသမား တစ္ေယာက္ ျဖစ္ျပီး သူက တျခားကစားသမား မ်ားစြာထက္ ပိုေကာင္းတယ္။ မင္းက နည္းျပဆိုရင္ သူ႔လိုကစားသမားတစ္ေယာက္က အသင္းကို ျပန္လာတာကို အၿမဲ ေမွ်ာ္လင့္ေနမွာပါ။ သူက အေကာင္းဆုံး ပံုစံ ရေနတဲ့အခါ ဘယ္သူ႔ကိုမဆို ဖ်က္ဆီးပစ္ႏိုင္တယ္။

သူနဲ႔ ရက္ဖို႔ဒ္ တို႔ ကစားတဲ့အခါ အသင္းေတြကို အႏိုင္ယူၿပီး အဆင့္တက္ႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ တည္ၿငိမ္မႈ ရဖို႔ လိုတယ္။ လီဗာပူးနဲ႔ပြဲတုန္းကလိုမ်ိဳး အပတ္တိုင္း စြမ္းေဆာင္ျပရမွာပါ။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။