ဒီတပတ် ကာရာဘောင်းပွဲ မတိုင်ခင်မှာပဲ ယူနိုက်တက်နည်းပြ ဆိုးရှားက ချယ်ဆီးအသင်း လူငယ်ကစားသမားတွေဟာ ချန်ပီယံရှစ်မှာ အငှား ထွက်ကစားကာ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် တိုးတက်မှုတွေ မြန်ဆန်နေပြီး ယူနိုက်တက် လူငယ်တွေထက် ပိုကောင်းမွန်နေတယ်လို့ ပြောဆိုထားပါတယ်။ ဆိုးရှားရဲ့ မှတ်ချက်ကို လမ်းပတ်က ငြင်းဆန်လိုက်ပြီး ယူနိုက်တက်မှာလည်း လူငယ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ တုန့်ပြန်ထောက်ပြခဲ့ပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းဟာ ဒီရာသီ ဒုတိယအကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့ညမှာ ကာရာဘောင်းဖလားပွဲစဉ် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပထမအကြိမ် ပရီးမီးယားလိဂ်ပွဲ သြဂုတ်လထဲ ကစားခဲ့စဉ်က ယူနိုက်တက် လေးဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာပါ။ ဒါပေမယ့် အဲဒီပွဲနောက်ပိုင်း အသင်း နှစ်သင်း အနေအထားက ပြောင်းပြန်လို ဖြစ်သွားခဲ့ကာ ချယ်ဆီးအသင်း ပုံစံကောင်းတွေ ပြန်ရလာခဲ့ပါတယ်။

ဒီတပတ် ပွဲစဉ် မတိုင်ခင်မှာပဲ ဆိုးရှားက – ” ချယ်ဆီးအသင်းက ရင်ခုန်စရာ ဖြစ်နေပါပြီ။ သူ့မှာ ချန်ပီယံရှစ်မှာ အငှားထွက်ကစားထားတဲ့ လူငယ်တွေ ရှိထားပြီး အခုမှ ကြိုးစားကာစ ကျနော့်အသင်းက လူငယ်တွေနဲ့ ကွာပြားခြားနားတဲ့ အနေအထား ရှိနေတယ်။” လို့ ပြောဆိုထားပါတယ်။

ဆိုးရှားစကားကို လမ်းပတ်က – ” ကျနော်တော့ မပြောတတ်ပါဘူး တစ်ပွဲချင်းပဲ ကြည့် ဆုံးဖြတ်သွားကြတာလား။ ရက်ဖို့ဒ်လည်း ငယ်ရွယ်တဲ့ ကစားသမား ဖြစ်တယ်။ သူဆို နိုင်ငံအသင်းအတွက် ဘယ်နှပွဲတောင် ကစားပြီးပြီလဲ။ တူရမ်ဇီဘီဆို မနှစ်က အငှားထွက် ကစားခဲ့တာ ချန်ပီယံရှစ်မှာ အစွမ်းပြခဲ့တာလေ။ ဒန်နီရယ် ဂျိမ်းစ် ဆိုလည်း ရောက်တည်းက အစွမ်းပြထားလို့ ယူနိုက်တက် အတွက် ခေါ်ယူမှုကောင်း ဖြစ်ခဲ့တယ်။

ကျနော်ကတော့ အားလုံးက မျှတတဲ့ အတွေ့အကြံရှိ ကစားသမားတွေ ပိုင်ဆိုင်ထားကြတယ်။ မန်ယူနိုက်တက်လည်း ကစားသမားကောင်းတွေ တော်တော် ရှိပါတယ်။ အငှားချတာနဲ့ ပတ်သတ်ပြီး အသိအမှတ် ပြုပေးရမှာတွေ ရှိတာပေါ့။ အငှားစေလွှတ်တယ်ဆိုတာ မှန်ကန်တဲ့ အနေထား မှန်ကန်တဲ့ ကလပ်တွေ ဖြစ်ဖို့ လိုတယ်။ ကျနော်ဆို မနှစ်က မေဆန် (မောင့်)နဲ့ ဖီကာယို (တိုမိုရီ) ရထားတာ သိပ် ကံကောင်းခဲ့တယ်။ သူတို့က ကျနော့်အတွက် သိပ်ကောင်းကောင်း ကစားပေးခဲ့တယ်။ ကျနော်လည်း သူတို့အတွက် နည်းပြကောင်း ဖြစ်ခဲ့မယ် မျှော်လင့်ပါတယ်။ အငှားစနစ်က ဒီလိုပဲ သွားတာပဲ ဒါ အကောင်းဆုံး အနေထား ဖြစ်တယ်။” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

လောလောဆယ် ချယ်ဆီးအသင်း ရလဒ်ကောင်းတွေ ရရှိထားတာမှာ အဓိကကျတာက ၎င်းတို့ လူငယ်ကစားသမားတွေ ဖြစ်ပြီး တမ်မီ အေဗရာဟမ်၊ မေဆန်မောင့်၊ တိုမိုရီတို့က ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်မှာ ကောင်းမွန်စွာ အထိုင်ကျကစားနိုင်နေကြပါတယ်။

Zawgyi

ဒီတပတ္ ကာရာေဘာင္းပြဲ မတိုင္ခင္မွာပဲ ယူနိုက္တက္နည္းျပ ဆိုးရွားက ခ်ယ္ဆီးအသင္း လူငယ္ကစားသမားေတြဟာ ခ်န္ပီယံရွစ္မွာ အငွား ထြက္ကစားကာ ေအာင္ျမင္ခဲ့တဲ့ အေတြ႔အၾကံဳေတြေၾကာင့္ တိုးတက္မႈေတြ ျမန္ဆန္ေနျပီး ယူနိုက္တက္ လူငယ္ေတြထက္ ပိုေကာင္းမြန္ေနတယ္လို႔ ေျပာဆိုထားပါတယ္။ ဆိုးရွားရဲ႕ မွတ္ခ်က္ကို လမ္းပတ္က ျငင္းဆန္လိုက္ျပီး ယူနိုက္တက္မွာလည္း လူငယ္ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားတယ္လို႔ တုန္႔ျပန္ေထာက္ျပခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ နွစ္သင္းဟာ ဒီရာသီ ဒုတိယအၾကိမ္ အျဖစ္ ဗုဒၶဟူးေန႔ညမွာ ကာရာေဘာင္းဖလားပြဲစဥ္ အျဖစ္ ရင္ဆိုင္ရမွာ ျဖစ္ျပီး ပထမအၾကိမ္ ပရီးမီးယားလိဂ္ပြဲ ၾသဂုတ္လထဲ ကစားခဲ့စဥ္က ယူနိုက္တက္ ေလးဂိုးျပတ္နဲ႕ အနိုင္ရထားခဲ့တာပါ။ ဒါေပမယ့္ အဲဒီပြဲေနာက္ပိုင္း အသင္း နွစ္သင္း အေနအထားက ေျပာင္းျပန္လို ျဖစ္သြားခဲ့ကာ ခ်ယ္ဆီးအသင္း ပံုစံေကာင္းေတြ ျပန္ရလာခဲ့ပါတယ္။

ဒီတပတ္ ပြဲစဥ္ မတိုင္ခင္မွာပဲ ဆိုးရွားက – ” ခ်ယ္ဆီးအသင္းက ရင္ခုန္စရာ ျဖစ္ေနပါျပီ။ သူ႔မွာ ခ်န္ပီယံရွစ္မွာ အငွားထြက္ကစားထားတဲ့ လူငယ္ေတြ ရွိထားျပီး အခုမွ ၾကိဳးစားကာစ က်ေနာ့္အသင္းက လူငယ္ေတြနဲ႕ ကြာျပားျခားနားတဲ့ အေနအထား ရွိေနတယ္။” လို႔ ေျပာဆိုထားပါတယ္။

ဆိုးရွားစကားကို လမ္းပတ္က – ” က်ေနာ္ေတာ့ မေျပာတတ္ပါဘူး တစ္ပြဲခ်င္းပဲ ၾကည့္ ဆံုးျဖတ္သြားၾကတာလား။ ရက္ဖို႔ဒ္လည္း ငယ္ရြယ္တဲ့ ကစားသမား ျဖစ္တယ္။ သူဆို နုိင္ငံအသင္းအတြက္ ဘယ္နွပြဲေတာင္ ကစားျပီးျပီလဲ။ တူရမ္ဇီဘီဆို မနွစ္က အငွားထြက္ ကစားခဲ့တာ ခ်န္ပီယံရွစ္မွာ အစြမ္းျပခဲ့တာေလ။ ဒန္နီရယ္ ဂ်ိမ္းစ္ ဆိုလည္း ေရာက္တည္းက အစြမ္းျပထားလို႔ ယူနိုက္တက္ အတြက္ ေခၚယူမႈေကာင္း ျဖစ္ခဲ့တယ္။

က်ေနာ္ကေတာ့ အားလံုးက မွ်တတဲ့ အေတြ႕အၾကံရွိ ကစားသမားေတြ ပိုင္ဆိုင္ထားၾကတယ္။ မန္ယူနိုက္တက္လည္း ကစားသမားေကာင္းေတြ ေတာ္ေတာ္ ရွိပါတယ္။ အငွားခ်တာနဲ႕ ပတ္သတ္ျပီး အသိအမွတ္ ျပဳေပးရမွာေတြ ရွိတာေပါ့။ အငွားေစလႊတ္တယ္ဆိုတာ မွန္ကန္တဲ့ အေနထား မွန္ကန္တဲ့ ကလပ္ေတြ ျဖစ္ဖို႔ လိုတယ္။ က်ေနာ္ဆို မနွစ္က ေမဆန္ (ေမာင့္)နဲ႕ ဖီကာယို (တိုမိုရီ) ရထားတာ သိပ္ ကံေကာင္းခဲ့တယ္။ သူတို႔က က်ေနာ့္အတြက္ သိပ္ေကာင္းေကာင္း ကစားေပးခဲ့တယ္။ က်ေနာ္လည္း သူတို႔အတြက္ နည္းျပေကာင္း ျဖစ္ခဲ့မယ္ ေမွ်ာ္လင့္ပါတယ္။ အငွားစနစ္က ဒီလိုပဲ သြားတာပဲ ဒါ အေကာငး္ဆံုး အေနထား ျဖစ္တယ္။” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ေလာေလာဆယ္ ခ်ယ္ဆီးအသင္း ရလဒ္ေကာင္းေတြ ရရွိထားတာမွာ အဓိကက်တာက ၄င္းတို႔ လူငယ္ကစားသမားေတြ ျဖစ္ျပီး တမ္မီ ေအဗရာဟမ္၊ ေမဆန္ေမာင့္၊ တိုမိုရီတို႔က ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္မွာ ေကာင္းမြန္စြာ အထိုင္က်ကစားနိုင္ေနၾကပါတယ္။