ယူနိုက်တက်ရဲ့ ပြိုင်ဘက် လီဗာပူူးအသင်း ကစားသမားဟောင်းကြီး ကာရေဂါက စကိုင်းစပေါ့မှာ ဝေဖန်သူတွေအဖြစ် တွဲဘက် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးကို ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေနဲ့ ပက်သက်ပြီး လှောင်ပြောင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

စကိုင်းစပေါ့မှာ အပြန်အလှန် တွယ်နေကြတဲ့ ဒီကစားသမားဟောင်း နှစ်ဦးဟာ သက်တော်ရှက် အမှုထမ်းခဲ့ကြသူတွေပီပီ သူတို့ရဲ့ မခံချိမခံသာ ဖြစ်လောက်တဲ့ စကားတွေက နှစ်ဘက် ပရိသတ်တွေကိုလည်း အမြဲတမ်း စိတ်နာစရာတွေ ဖစ်စေခဲ့တာပါ။ ဒီတစ်ကြိမ် ကာရေဂါက အိုထရတ်ဖိုဒ့် ကစားသမားဘဝ အောင်မြင်မှုများစွာ ရခဲ့တဲ့ နဗီးကို ဦးတည်ပြီး လက်ရှိ အခြေအနေကို ထောက်ပြခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဂန္တင်မန်နေဂျာကြီး ဆာအဲလက်စ်ဟာ ကလပ်အသင်းကို ကိုင်တွယ်တ့ ၂၆ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၃၈ လုံးကို အောင်မြင်ခဲ့ပြီး အမှတ်ပေးဖလား ၁၃ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်တို့ ပါဝင်ခဲ့တာပါ။ နဗီးဟာ ဆာအဲလက်စ်လက်ထက် ၉၂ မျိုးဆက်ထဲက တစ်ဦးဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေ များစွာ ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ယူနိုက်တက်ရဲ့ အားနည်းချက်က ဆာအဲလက်စ် မရှိတဲ့နောက်ပိုင်း စီမံခန့်ခွဲမှုတွေကို ညံ့ဖျင်းစွာ လုပ်ဆောင်နေခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းအဖြစ်ကနေ ကျဆင်းလာခဲ့တာဖြစ်တယ်။ ဒါနဲ့ ပက်သက်ပြီး ကာရေဂါက ဖဲ့သွားခဲ့တာဖြစ်တယ်။

စကိုင်းကို နဗီးက ပြောရာမှာ ” နဗီးကို ကျနော် သဘောမကျပါဘူး။ ဒါပေမယ့် သူက အောင်နိုင်သူလို့ ထင်ပါတယ်။ တကယ်ကို ထိပ်တန်း ကစားသမားဖြစ်ခဲ့ပြီး ဆာအဲလက်စ်လို ပုဂ္ဂိုလ်လက်အောက်မှာ ကစားခွင့်ရခဲ့တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့်လို့ ယူနိုက်တက်မှာရှိတဲ့သူတွေ အားလုံး မေ့နေကြတာက ဆာအဲလက်စ် ဖာဂူဆန် မရှိတဲ့နောက် သူတို့ ဘာကိုမှ အနိုင်မရနိုင်ဘူး။ အင်္ဂလန်မှာ နေက်ပြီး ဗလန်စီယာမှာပေါ့။

ဆာအဲလစ် ဖာဂူဆန် ထွက်သွားတဲ့နောက် ယူနိုက်တက်ဟာ အောင်မြင်မှုတွေ ပြန်ရဖို့ ခက်ခဲနေခဲ့တယ်။ သူနဲ့အတူ ရှိခဲ့ရတာ ယူနိုက်တက်တို့ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ။ သူတို့ အောင်မြင်ခဲ့တာတွေ သူတို့လုပ်နိုင်ခဲ့တာတွေအကြောင်း ပြောမယ်ဆိုရင် ဘယ်လို ကစားသမားနဲ့မဆို သူက အောင်မြင်အောင် လုပ်နိုင်မှာပဲ ” လို့ ဆိုခဲ့တာပါ။

ကာရေဂါရဲ့ ပြောစကားကို နဗီးက ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး သူဟာ ကစားသမားဘဝ နှစ် ပေါင်း ၂၀ ကို အကောင်းဆုံး ကျော်ဖြတ်ခဲ့တာကြောင့် ဒီလိုစကားအတွက် ဘာမှတ်ချက်မှ မပေးနိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ZAWGYI

ယူႏုိက္တက္ရဲ႕ ျပိဳင္ဘက္ လီဗာပူူးအသင္း ကစားသမားေဟာင္းၾကီး ကာေရဂါက စကိုင္းစေပါ့မွာ ေဝဖန္သူေတြအျဖစ္ တြဲဘက္ လုပ္ကိုင္ေနတဲ့ ဂယ္ရီနဗီးကို ယူႏုိက္တက္ရဲ႕ လက္ရွိ အေျခအေနနဲ႔ ပက္သက္ျပီး ေလွာင္ေျပာင္မႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

စကိုင္းစေပါ့မွာ အျပန္အလွန္ တြယ္ေနၾကတဲ့ ဒီကစားသမားေဟာင္း ႏွစ္ဦးဟာ သက္ေတာ္ရွက္ အမႈထမ္းခဲ့ၾကသူေတြပီပီ သူတို႔ရဲ႕ မခံခ်ိမခံသာ ျဖစ္ေလာက္တဲ့ စကားေတြက ႏွစ္ဘက္ ပရိသတ္ေတြကိုလည္း အျမဲတမ္း စိတ္နာစရာေတြ ဖစ္ေစခဲ့တာပါ။ ဒီတစ္ၾကိမ္ ကာေရဂါက အိုထရတ္ဖိုဒ့္ ကစားသမားဘဝ ေအာင္ျမင္မႈမ်ားစြာ ရခဲ့တဲ့ နဗီးကို ဦးတည္ျပီး လက္ရွိ အေျခအေနကို ေထာက္ျပခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဂႏၱင္မန္ေနဂ်ာၾကီး ဆာအဲလက္စ္ဟာ ကလပ္အသင္းကို ကိုင္တြယ္တ့ ၂၆ ႏွစ္အတြင္းမွာ ဆုဖလားေပါင္း ၃၈ လံုးကို ေအာင္ျမင္ခဲ့ျပီး အမွတ္ေပးဖလား ၁၃ ၾကိမ္၊ အက္ဖ္ေအဖလား ၅ ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ၾကိမ္တို႔ ပါဝင္ခဲ့တာပါ။ နဗီးဟာ ဆာအဲလက္စ္လက္ထက္ ၉၂ မ်ိဳးဆက္ထဲက တစ္ဦးျဖစ္ျပီး ဆုဖလားေအာင္ျမင္မႈေတြ မ်ားစြာ ရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ယူႏုိက္တက္ရဲ႕ အားနည္းခ်က္က ဆာအဲလက္စ္ မရွိတဲ့ေနာက္ပိုင္း စီမံခန္႔ခြဲမႈေတြကို ညံ့ဖ်င္းစြာ လုပ္ေဆာင္ေနခဲ့ျပီး ပရီးမီးယားလိဂ္ အေကာင္းဆံုးအသင္းအျဖစ္ကေန က်ဆင္းလာခဲ့တာျဖစ္တယ္။ ဒါနဲ႔ ပက္သက္ျပီး ကာေရဂါက ဖဲ့သြားခဲ့တာျဖစ္တယ္။

စကိုင္းကို နဗီးက ေျပာရာမွာ ” နဗီးကို က်ေနာ္ သေဘာမက်ပါဘူး။ ဒါေပမယ့္ သူက ေအာင္ႏုိင္သူလို႔ ထင္ပါတယ္။ တကယ္ကို ထိပ္တန္း ကစားသမားျဖစ္ခဲ့ျပီး ဆာအဲလက္စ္လို ပုဂၢိဳလ္လက္ေအာက္မွာ ကစားခြင့္ရခဲ့တာက အရမ္းေကာင္းပါတယ္။ ဒါေပမယ့္လို႔ ယူႏုိက္တက္မွာရွိတဲ့သူေတြ အားလံုး ေမ့ေနၾကတာက ဆာအဲလက္စ္ ဖာဂူဆန္ မရွိတဲ့ေနာက္ သူတို႔ ဘာကိုမွ အႏုိင္မရႏုိင္ဘူး။ အဂၤလန္မွာ ေနက္ျပီး ဗလန္စီယာမွာေပါ့။

ဆာအဲလစ္ ဖာဂူဆန္ ထြက္သြားတဲ့ေနာက္ ယူႏုိက္တက္ဟာ ေအာင္ျမင္မႈေတြ ျပန္ရဖို႔ ခက္ခဲေနခဲ့တယ္။ သူနဲ႔အတူ ရွိခဲ့ရတာ ယူႏုိက္တက္တို႔ ဘယ္ေလာက္ထိ ကံေကာင္းခဲ့လဲ။ သူတို႔ ေအာင္ျမင္ခဲ့တာေတြ သူတို႔လုပ္ႏုိုင္ခဲ့တာေတြအေၾကာင္း ေျပာမယ္ဆိုရင္ ဘယ္လို ကစားသမားနဲ႔မဆို သူက ေအာင္ျမင္ေအာင္ လုပ္ႏုိုင္မွာပဲ ” လို႔ ဆိုခဲ့တာပါ။

ကာေရဂါရဲ႕ ေျပာစကားကို နဗီးက ခါးခါးသီးသီး ျငင္းဆိုခဲ့ျပီး သူဟာ ကစားသမားဘဝ ႏွစ္ ေပါင္း ၂၀ ကို အေကာင္းဆံုး ေက်ာ္ျဖတ္ခဲ့တာေၾကာင့္ ဒီလိုစကားအတြက္ ဘာမွတ္ခ်က္မွ မေပးႏုိင္ဘူးလို႔ တုန္႔ျပန္ခဲ့ပါတယ္။