ချယ်ဆီးရဲ့ လက်ရှိအခြေအနေနဲ့ အိုလီဂန်နာဆိုးရှား ရဲ့ ယူနိုက်တက် နည်းပြဘဝ အစောပိုင်း ရက်တွေကြားမှာ တူညီမှု အနည်းငယ် ရှိတယ်လို့ တယ်လီဂရပ်ဖ် သတင်းမှာ သုံးသပ် ဖော်ပြလာပါတယ်။ ယူနိုက်တက် ဟာ နည်းပြအဖြစ် ကစားသမားဟောင်း ကို ခန့်အပ်ခဲ့သလို ချယ်ဆီးကလည်း ကစားသမားဟောင်း ဖရန့်လမ်းပတ် ကို ခေါ်ယူခဲ့တာပါ။

၂၀၁၈ အကုန်မှာ ဆိုးရှား ရောက်လာပြီးနောက် ခဏလေးအတွင်း အိုးလ်ထရက်ဖို့ဒ်အတွက် ပျော်ရွှင်စရာတွေ ယူဆောင်ပေးခဲ့သလို အခု လမ်းပတ်ကလဲ စတန်းဖို့ဒ်ဘရစ်ချ် မှာ ကောင်းမွန်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ နည်းပြနှ စ်ယောက်လုံးက ပရိသတ်တွေရဲ့ လေးစားမှုကို အလွယ်တကူ ရရှိခဲ့ပြီး နည်းပြဘဝ စတင်ခဲ့တာပါ။ ကစားသမားတွေ အဖြစ် သူတို့ကိုယ်သူတို့ သက်သေပြခဲ့ပြီးဖြစ်လို့ နည်းပြဘဝမှာ ပရိသတ်တွေနဲ့ ဘာအခက်အခဲ မှ မရှိခဲ့ပါဘူး။

ဆိုးရှားနဲ့ လမ်းပတ်တို့ရဲ့ ငယ်ရွယ်မှု၊ အင်အားနဲ့ လူငယ်တွေအတွက် များပြားတဲ့ ကစားချိန်အပေါ် အာရုံစိုက်မှု ခံခဲ့ရပါတယ်။ ဒါတွေက အခုချိန်မှာ အဆင်မပြေရင်တောင် ကစားသမား တွေက အတွေ့အကြုံ ပိုရလာသလို နောက်ဆူံးမှာ တိုးတက်လာနိူင်တယ် ဆိုတဲ့ အခွင့်အရေး ရှိပါတယ်။ နှစ်ယောက်စလုံးက အခြေအနေ ဆိုးဝါးရင်တောင် ပြောင်းလဲဖို့ အချိန်ပေးနိုင်တဲ့ နေရာမှာ ရှိနေတာပါ။ ဘာပဲဖြစ်ဖြစ် ချယ်ဆီးကတော့ ခုလက်ရှိမှာ ကောင်းကောင်း လုပ်ဆောင်နေပါတယ်။

စနေနေ့မှာတော့ ပူလီဆစ်က ဘန်လေကို အနိူင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ချယ်ဆီးဟာ နောက်ဆုံး ၇ပွဲကို အနိုင်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး အဝေးကွင်း ၆ပွဲကို အနိူင်ရခဲ့ပြီး အဲ့ထဲက လေးပွဲက လိဂ်မှာ ဖြစ်တဲ့အပြင် ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တပွဲကို အနည်းဆုံး သုံးဂိုးစီ သွင်းယူခဲ့တာပါ။ ဆိုးရှားရဲ့ ယူနိုက်တက် နည်းပြဘဝ အစောပိုင်း အချိန်တွေနဲ့ အနည်းငယ် သွားတူနေပါတယ်။

အိုးလ်ထရက်ဖို့ဒ် မှာ ဆိုးရှားရဲ့ အကျိုးသက်ရောက်မှုက ချက်ချင်းကို သိသိသာသာ ဖြစ်ခဲ့တာပါ။ ကစားသမားတွေဟာ ဟိုဆေးမော်ရင်ညို လက်အောက်မှာ မလုပ်နိုင်ခဲ့တဲ့ လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဆိုးရှားဟာ ယူနိုက်တက် နည်းပြဘဝ အစမှာ ၈ပွဲဆက် နိူင်ခဲ့ပြီး ချန်ပီယံလိဂ် မှာ ပီအက်စ်ဂျီ ကို တကျော့ပြန် အနိူင်ရခဲ့တာ အပါအဝင် ပထမဆုံး ၁၇ပွဲမှာ ၁၄ပွဲအထိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့မတ်လမှာ ရီယိုဖာဒီနန်ကလဲ အားရဝမ်းသာနဲ့ အချိန်မတန်သေးပဲ ချီးကျူးပြောဆိုခဲ့ပါတယ်။ ” ယူနိုက်တက်ဟာ (ယာယီနည်းပြ) ဆိုးရှားကို စာချုပ်မှာ သူလိုချင်သလောက် ပမာဏကို ရေးခိူင်းပြီး စာချုပ်ချုပ်သင့်ပါတယ်။ အိုလီက ပဲ့ကိုင်ရှင်ပါ။ ယူနိုက်တက် ပြန်လာပါပြီ။” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကလဲ အိုလီကို အမြဲတမ်းနည်းပြ အဖြစ် စာချုပ်ချုပ်ခဲ့ပေမယ့် အဲ့ဒီ့နောက်ပိုင်း အရာအားလုံး က ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ယူနိုက်တက်အတွက် ဒုက္ခကတော့ သူတို့ဟာ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ပြီလို့ အယုံကြည်လွန်ခဲ့တာပါပဲ။ သူတို့ဟာ သိပ် အကောင်းကြီး ကစားခဲ့တာ မဟုတ်ပဲ ပွဲတွေကို အနိုင်ရခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာ သူတို့ဟာ ကျရှုံးမှာပဲဆိုတာ အချက်အလက် တွေက သက်သေပြခဲ့ပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက် နည်းပြဘဝ မရှုံးခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၁၂ပွဲမှာ အသင်းဟာ ၂၉ဂိုး သွင်းယူခဲ့ပြီး ၉ဂိုး ခွင့်ပြုခဲ့ရပါတယ်။ သူတို့ဟာ တိုက်စစ်အတွက် ယုံကြည်မှုအသစ် ရလာတာ၊ ပုံမှန်အားဖြင့် လွဲချော်နိူင်တဲ့ အခွင့်အရေး တွေကို အဆုံးသတ်နိုင်တာနဲ့ ဒီဂီယာရဲ့ ကောင်းမှုကြောင့်သာ အင်အားရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ သူတို့ဟာ မနှစ်ကလိုပဲ ဒုံရင်းပြန်ဆိုက်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှုနဲ့ ဂိုးသွင်းယူမှု အပိုင်းမှာလဲ အတော်လေး နည်းပါးသွားခဲ့တာပါ။

လမ်းပတ်ရဲ့ အသင်းမှာလဲ သံသယ ဖြစ်စရာတွေ ရှိနေနနိုင်ပါတယ်။ ချယ်ဆီးဟာ ယုံကြည်မှု အပြည့်အဝ ရှိနေပြီး ဆိုးရှားရဲ့ ယူနိုက်တက် နည်းပြဘဝ အစောပိုင်း လိုပဲ တစ်ပွဲပြီးတစ်ပွဲ အနိူင်ရနေတာမျိုးလား ဆိုရင် ပြောစရာဖြစ်ခဲ့တဲ့ ပွဲအနည်းငယ် ရှိခဲ့oသလို သူတို့ ထိုက်တန်ခဲ့ရက်နဲ့ ရလဒ်မကောင်းခဲ့တာတွေလဲ ရှိပါတယ်။ လီဗာပူး၊ ရှက်ဖီးတို့နဲ့ ပွဲတွေက သူတို့ အနိုင်ရခဲ့သင့်တာပါ။

ဗုဒ္ဓဟူးညမှာတော့ ချယ်ဆီးဟာ ဆိုးရှားရဲ့ ယူနိုက်တက်နဲ့ တွေ့ရမှာပါ။ ဒါက လမ်းပတ်ရဲ့ နည်းပြဘဝက အစပဲ ကောင်းတာ မဟုတ်ဘူးဆိုတာ ပြသနိုင်မယ့် အခွင့်အရေး ပဲ ဖြစ်ပါတယ်။ ယခုလက်ရှိ အခြေအနေအရတော့ ချယ်ဆီးဟာ တကယ် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာ အမှန်ပါပဲ။

Zawgyi

ခ်ယ္ဆီးရဲ႕ လက္ရွိအေျခအေနနဲ႔ အိုလီဂန္နာဆိုးရွား ရဲ႕ ယူႏိုက္တက္ နည္းျပဘဝ အေစာပိုင္း ရက္ေတြၾကားမွာ တူညီမႈ အနည္းငယ္ ရွိတယ္လို႔ တယ္လီဂရပ္ဖ္ သတင္းမွာ သံုးသပ္ ေဖာ္ျပလာပါတယ္။ ယူႏိုက္တက္ ဟာ နည္းျပအျဖစ္ ကစားသမားေဟာင္း ကို ခန္႔အပ္ခဲ့သလို ခ်ယ္ဆီးကလည္း ကစားသမားေဟာင္း ဖရန္႔လမ္းပတ္ ကို ေခၚယူခဲ့တာပါ။

၂၀၁၈ အကုန္မွာ ဆိုးရွား ေရာက္လာၿပီးေနာက္ ခဏေလးအတြင္း အိုးလ္ထရက္ဖို႔ဒ္အတြက္ ေပ်ာ္႐ႊင္စရာေတြ ယူေဆာင္ေပးခဲ့သလို အခု လမ္းပတ္ကလဲ စတန္းဖို႔ဒ္ဘရစ္ခ်္ မွာ ေကာင္းမြန္တဲ့ အေျခအေန ျဖစ္ေနပါတယ္။ နည္းျပႏွ စ္ေယာက္လုံးက ပရိသတ္ေတြရဲ႕ ေလးစားမႈကို အလြယ္တကူ ရရွိခဲ့ၿပီး နည္းျပဘဝ စတင္ခဲ့တာပါ။ ကစားသမားေတြ အျဖစ္ သူတို႔ကိုယ္သူတို႔ သက္ေသျပခဲ့ၿပီးျဖစ္လို႔ နည္းျပဘဝမွာ ပရိသတ္ေတြနဲ႔ ဘာအခက္အခဲ မွ မရွိခဲ့ပါဘူး။

ဆိုးရွားနဲ႔ လမ္းပတ္တို႔ရဲ႕ ငယ္႐ြယ္မႈ၊ အင္အားနဲ႔ လူငယ္ေတြအတြက္ မ်ားျပားတဲ့ ကစားခ်ိန္အေပၚ အာ႐ုံစိုက္မႈ ခံခဲ့ရပါတယ္။ ဒါေတြက အခုခ်ိန္မွာ အဆင္မေျပရင္ေတာင္ ကစားသမား ေတြက အေတြ႕အႀကဳံ ပိုရလာသလို ေနာက္ဆူံးမွာ တိုးတက္လာႏိူင္တယ္ ဆိုတဲ့ အခြင့္အေရး ရွိပါတယ္။ ႏွစ္ေယာက္စလုံးက အေျခအေန ဆိုးဝါးရင္ေတာင္ ေျပာင္းလဲဖို႔ အခ်ိန္ေပးႏိုင္တဲ့ ေနရာမွာ ရွိေနတာပါ။ ဘာပဲျဖစ္ျဖစ္ ခ်ယ္ဆီးကေတာ့ ခုလက္ရွိမွာ ေကာင္းေကာင္း လုပ္ေဆာင္ေနပါတယ္။

စေနေန႔မွာေတာ့ ပူလီဆစ္က ဘန္ေလကို အႏိူင္ရေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ခ်ယ္ဆီးဟာ ေနာက္ဆုံး ၇ပြဲကို အႏိုင္ရရွိခဲ့ပါတယ္။ သူတို႔ရဲ႕ ေနာက္ဆုံး အေဝးကြင္း ၆ပြဲကို အႏိူင္ရခဲ့ၿပီး အဲ့ထဲက ေလးပြဲက လိဂ္မွာ ျဖစ္တဲ့အျပင္ ကလပ္သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ တပြဲကို အနည္းဆုံး သုံးဂိုးစီ သြင္းယူခဲ့တာပါ။ ဆိုးရွားရဲ႕ ယူႏိုက္တက္ နည္းျပဘဝ အေစာပိုင္း အခ်ိန္ေတြနဲ႔ အနည္းငယ္ သြားတူေနပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ မွာ ဆိုးရွားရဲ႕ အက်ိဳးသက္ေရာက္မႈက ခ်က္ခ်င္းကို သိသိသာသာ ျဖစ္ခဲ့တာပါ။ ကစားသမားေတြဟာ ဟိုေဆးေမာ္ရင္ညိဳ လက္ေအာက္မွာ မလုပ္ႏိုင္ခဲ့တဲ့ လြတ္လြတ္လပ္လပ္ တိုက္စစ္ဆင္ကစားခြင့္ ရရွိခဲ့ပါတယ္။ ဆိုးရွားဟာ ယူႏိုက္တက္ နည္းျပဘဝ အစမွာ ၈ပြဲဆက္ ႏိူင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ မွာ ပီအက္စ္ဂ်ီ ကို တေက်ာ့ျပန္ အႏိူင္ရခဲ့တာ အပါအဝင္ ပထမဆုံး ၁၇ပြဲမွာ ၁၄ပြဲအထိ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့မတ္လမွာ ရီယိုဖာဒီနန္ကလဲ အားရဝမ္းသာနဲ႔ အခ်ိန္မတန္ေသးပဲ ခ်ီးက်ဴး​ေျပာဆိုခဲ့ပါတယ္။ ” ယူႏိုက္တက္ဟာ (ယာယီနည္းျပ) ဆိုးရွားကို စာခ်ဳပ္မွာ သူလိုခ်င္သေလာက္ ပမာဏကို ေရးခိူင္းၿပီး စာခ်ဳပ္ခ်ဳပ္သင့္ပါတယ္။ အိုလီက ပဲ့ကိုင္ရွင္ပါ။ ယူႏိုက္တက္ ျပန္လာပါၿပီ။” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ကလဲ အိုလီကို အၿမဲတမ္းနည္းျပ အျဖစ္ စာခ်ဳပ္ခ်ဳပ္ခဲ့ေပမယ့္ အဲ့ဒီ့ေနာက္ပိုင္း အရာအားလုံး က ထင္သလို ျဖစ္မလာခဲ့ပါဘူး။ ယူႏိုက္တက္အတြက္ ဒုကၡကေတာ့ သူတို႔ဟာ ေအာင္ျမင္မႈအထြတ္အထိပ္ကို ေရာက္ၿပီလို႔ အယုံၾကည္လြန္ခဲ့တာပါပဲဲ။ သူတို႔ဟာ သိပ္ အေကာင္းႀကီး ကစားခဲ့တာ မဟုတ္ပဲ ပြဲေတြကို အႏိုင္ရခဲ့တာ ျဖစ္ၿပီး ေနာက္ဆုံးမွာ သူတို႔ဟာ က်ရႈံးမွာပဲဆိုတာ အခ်က္အလက္ ေတြက သက္ေသျပခဲ့ပါတယ္။

ဆိုးရွားရဲ႕ ယူႏိုက္တက္ နည္းျပဘဝ မရႈံးခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ ၁၂ပြဲမွာ အသင္းဟာ ၂၉ဂိုး သြင္းယူခဲ့ၿပီး ၉ဂိုး ခြင့္ျပဳခဲ့ရပါတယ္။ သူတို႔ဟာ တိုက္စစ္အတြက္ ယုံၾကည္မႈအသစ္ ရလာတာ၊ ပုံမွန္အားျဖင့္ လြဲေခ်ာ္ႏိူင္တဲ့ အခြင့္အေရး ေတြကို အဆုံးသတ္ႏိုင္တာနဲ႔ ဒီဂီယာရဲ႕ ေကာင္းမႈေၾကာင့္သာ အင္အားရွိလာခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီမွာ သူတို႔ဟာ မႏွစ္ကလိုပဲ ဒုံရင္းျပန္ဆိုက္ခဲ့ၿပီး အခြင့္အေရး ဖန္တီးမႈနဲ႔ ဂိုးသြင္းယူမႈ အပိုင္းမွာလဲ အေတာ္ေလး နည္းပါးသြားခဲ့တာပါ။

လမ္းပတ္ရဲ႕ အသင္းမွာလဲ သံသယ ျဖစ္စရာေတြ ရွိေနနႏိုင္ပါတယ္။ ခ်ယ္ဆီးဟာ ယုံၾကည္မႈ အျပည့္အဝ ရွိေနၿပီး ဆိုးရွားရဲ႕ ယူႏိုက္တက္ နည္းျပဘဝ အေစာပိုင္း လိုပဲ တစ္ပြဲၿပီးတစ္ပြဲ အႏိူင္ရေနတာမ်ိဳးလား ဆိုရင္ ေျပာစရာျဖစ္ခဲ့တဲ့ ပြဲအနည္းငယ္ ရွိခဲ့oသလို သူတို႔ ထိုက္တန္ခဲ့ရက္နဲ႔ ရလဒ္မေကာင္းခဲ့တာေတြလဲ ရွိပါတယ္။ လီဗာပူး၊ ရွက္ဖီးတို႔နဲ႔ ပြဲေတြက သူတို႔ အႏိုင္ရခဲ့သင့္တာပါ။

ဗုဒၶဟူးညမွာေတာ့ ခ်ယ္ဆီးဟာ ဆိုးရွားရဲ႕ ယူႏိုက္တက္နဲ႔ ေတြ႕ရမွာပါ။ ဒါက လမ္းပတ္ရဲ႕ နည္းျပဘဝက အစပဲ ေကာင္းတာ မဟုတ္ဘူးဆိုတာ ျပသႏိုင္္မယ့္ အခြင့္အေရး ပဲ ျဖစ္ပါတယ္။ ယခုလက္ရွိ အေျခအေနအရေတာ့ ခ်ယ္ဆီးဟာ တကယ္ ေကာင္းမြန္တဲ့ အေနအထားမွာ ရွိေနတယ္ဆိုတာ အမွန္ပါပဲ။