ယူနိုက်တက်နဲ့ ပွဲအတွက် ပွဲကြိုတွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့ လန်ဒန်အခြေစိုက် သတင်းထောက်ရဲ့ မေးခွန်းတွေကို လမ်းပတ် အဖြေပြန်ခဲ့မှုအား ဖော်ပြခြင်း ဖြစ်ပါတယ်။

ခုနှစ်ပွဲဆက်တိုက် နိုင်ထားတယ်၊ ၂၁ ဂိုးသွင်းထားတယ်၊ တိုးတက်လာနေပြီလား

ကျနော်တို့ တိုးတက်လာနေပါတယ်။ ဒါက အရေးကြီးဆံးဖြစ်ပြီး ကျနော်တို့ ဆက်သွားရပါမယယ်။ ကောင်းတာတွေ မြင်လာရတာကို ကျေနပ်ပပါတယ်။ နေရာ အများအပြားမှာ တိုးတက်လာတယ်။ ဒါလမ်းကြောင်းကနေ ဖဲ့ခွာသွားတာမျိုး မဖြစ်ခြင်ပပါဘူး။ ဒါပေမယ့် ပိုပြီး အာရုံစိုက် ကြိုးစားရပါမယ်။

မျှော်လင့်ချက်တွေကို ဘယ်လို ကိုင်တွယ်မလဲ

လူတွေရဲ့ အမြင်ကို ကျနော် ဂရုမစိုက်သလို စိတ်ထဲ မထားပါဘူး။ ဒီမှာ ရှိနေတဲ့ ကစားသမားတွေကို ကိုင်တွယ်သွားမှာပါ။ အနာဂတ်အကြောင်း ပြောတာတွေကို အရမ်း နားမထောင်ပါဘူး။ ပြဿနာတွေကို အဖြေရှာသွားမှာဖြစ်ပြီး မှန်ကန်တဲ့ ဦးတည်ချက်နဲ့ အလုပ်လုပ်နိုင်တာက အရမ်း ကောင်းပါတယ်။

ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အမှတ်ပေးပွဲက ဒီပွဲနဲ့ သက်ဆိုင်မလား

အရမ်းကို ဝေးကွာသွားပြီလို့ ခံစားရတယ် ဒါပေမယ့် ကျနော် လျစ်လျူရှုတာတော့ မလုပ်ပါဘူး။ သူတို့က ကျနော်တို့ကို နာကျင်အောင် လေးကြိမ်လောက် လုပ်ခဲ့ပါတယ်။

ဘယ်ဖလားကို အဓိက အာရုံစိုက်မလဲ

ကျနော်တို ဆုဖလားအားလုံကို ပစ်မှတ်ထားပါတယ်။ ရာသီရဲ့ အစောပိုင်းပဲ ရှိသေးတာဖြစ်ပြီး ကွာတားဖိုင်နယ်ကို စောစောစီးစီး ရောက်နိုင်ဖို့ အလားအလာတစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတိုင်းကို ကျနော်တို့ အနိုင်ရလိုပေမယ့် မနက်ဖြန်မှာ ထိပ်တန်း ပြိုင်ဘက်တစ်သင်းနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ ပွဲတိုင်းကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားဖို့ လိုပါတယ်။

ထူးခြားသတင်း

ကျနောတို့ အပြောင်းအလဲ အရမ်းမများပါဘူး။ အချို့သော ကစားသမားတွေအတွက် ပွဲထွက်ခွင့်တွေ ရမှာပေါ့။ ကန်တီန့ ရူဒီဂါလားဆိုရင်တော့ မဟုတ်ပါဘူး။

ZAWGYI

ယူႏုိက္တက္နဲ႔ ပြဲအတြက္ ပြဲၾကိဳေတြ႔ဆံုမႈကို တက္ေရာက္ခဲ့တဲ့ လန္ဒန္အေျခစိုက္ သတင္းေထာက္ရဲ႕ ေမးခြန္းေတြကို လမ္းပတ္ အေျဖျပန္ခဲ့မႈအား ေဖာ္ျပျခင္း ျဖစ္ပါတယ္။

ခုႏွစ္ပြဲဆက္တုိက္ ႏုိင္ထားတယ္၊ ၂၁ ဂိုးသြင္းထားတယ္၊ တိုးတက္လာေနျပီလား

က်ေနာ္တုိ႔ တိုးတက္လာေနပါတယ္။ ဒါက အေရးၾကီးဆံးျဖစ္ျပီး က်ေနာ္တုိ႔ ဆက္သြားရပါမယယ္။ ေကာင္းတာေတြ ျမင္လာရတာကို ေက်နပ္ပပါတယ္။ ေနရာ အမ်ားအျပားမွာ တိုးတက္လာတယ္။ ဒါလမ္းေၾကာင္းကေန ဖဲ့ခြာသြားတာမ်ိဳး မျဖစ္ျခင္ပပါဘူး။ ဒါေပမယ့္ ပိုျပီး အာရံုစိုက္ ၾကိဳးစားရပါမယ္။

ေမွ်ာ္လင့္ခ်က္ေတြကို ဘယ္လို ကိုင္တြယ္မလဲ

လူေတြရဲ႕ အျမင္ကို က်ေနာ္ ဂရုမစိုက္သလို စိတ္ထဲ မထားပါဘူး။ ဒီမွာ ရွိေနတဲ့ ကစားသမားေတြကို ကိုင္တြယ္သြားမွာပါ။ အနာဂတ္အေၾကာင္း ေျပာတာေတြကို အရမ္း နားမေထာင္ပါဘူး။ ျပႆနာေတြကို အေျဖရွာသြားမွာျဖစ္ျပီး မွန္ကန္တဲ့ ဦးတည္ခ်က္နဲ႔ အလုပ္လုပ္ႏုိင္တာက အရမ္း ေကာင္းပါတယ္။

ယူႏုိက္တက္နဲ႔ ကစားခဲ့တဲ့ အမွတ္ေပးပြဲက ဒီပြဲနဲ႔ သက္ဆုိင္မလား

အရမ္းကို ေဝးကြာသြားျပီလို႔ ခံစားရတယ္ ဒါေပမယ့္ က်ေနာ္ လ်စ္လ်ဴရႈတာေတာ့ မလုပ္ပါဘူး။ သူတို႔က က်ေနာ္တုိ႔ကို နာက်င္ေအာင္ ေလးၾကိမ္ေလာက္ လုပ္ခဲ့ပါတယ္။

ဘယ္ဖလားကို အဓိက အာရံုစိုက္မလဲ

က်ေနာ္တုိ ဆုဖလားအားလံုုကို ပစ္မွတ္ထားပါတယ္။ ရာသီရဲ႕ အေစာပိုင္းပဲ ရွိေသးတာျဖစ္ျပီး ကြာတားဖိုင္နယ္ကို ေစာေစာစီးစီး ေရာက္ႏုိင္ဖို႔ အလားအလာတစ္ခုလည္း ျဖစ္ပါတယ္။ ပြဲတိုင္းကို က်ေနာ္တုိ႔ အႏုိင္ရလုိေပမယ့္ မနက္ျဖန္မွာ ထိပ္တန္း ျပိဳင္ဘက္တစ္သင္းနဲ႔ ယွဥ္ျပိဳင္သြားရမွာပါ။ ပြဲတိုင္းကို အႏုိင္ရဖို႔ အစြမ္းကုန္ ၾကိဳးစားဖို႔ လိုပါတယ္။

ထူးျခားသတင္း

က်ေနာတုိ႔ အေျပာင္းအလဲ အရမ္းမမ်ားပါဘူး။ အခ်ိဳ႕ေသာ ကစားသမားေတြအတြက္ ပြဲထြက္ခြင့္ေတြ ရမွာေပါ့။ ကန္တီန႔ ရူဒီဂါလားဆိုရင္ေတာ့ မဟုတ္ပါဘူး။