ချိန်ဘာလိန်ဟာ ကလော့ပ်ရဲ့ အသင်းမှာ အမြဲတမ်း ပွဲထွက်ခွင့်ရ ကစားသမား ဖြစ်ဖို့ လိုအပ်တဲ့အဆင့်အတန်း မရှိဘူးဆိုတဲ့ အမှန်တရားကို အံ့ဩစရာကောင်းတဲ့ ဂိုးအနည်းငယ်က မဖုံးကွယ်နိုင်ဘူးဆိုတာကို လက်ခံခဲ့ပါတယ်။

ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ အပတ်က ဂျန့်၊ အာဆင်နယ်တို့နဲ့ ပွဲတွေမှာ ဂိုးတွေသွင်းယူပြီး တိုးတက်မှုကို ပြသခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်လူက သူ့အသင်းဖော် ဖာဘင်ဟိုဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ သူ့နေရာပြန်ရဖို့ ဘယ်လောက် ကြိုးစားရမယ်ဆိုတာကို ဥပမာအနေနဲ့ ပြောပြခဲ့ပါတယ်။

” အမှန်တိုင်း ပြောရရင် ကျနော့် ကစားပုံနဲ့ ပတ်သက်ပြီး သိပ်တော့ မကျေနပ်ပါဘူး။ ကျနော် ဘောလုံးကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး။ ကျနော် လိုချင်တဲ့ အဆင့်နဲ့ ဝေးကွာနေသေးတယ်။ တကယ်ကို မြင့်မားတဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ စွမ်းဆောင်ရည် ရှိဖို့ လိုတယ်။ ဖာဘင်ဟိုက ဒီတစ်ပတ်မှာ ကောင်းကောင်း လုပ်ပြခဲ့တယ်။ ဒါကြောင့် ကျနော် ကိုယ့်ကိုယ်ကို တွန်းအားပေးနေဖို့ လိုတယ်။ အခွင့်အရေး ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ဆိုပါတယ်။

ချိန်ဘာလိန်အနေနဲ့ ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာတဲ့အခါ နေရာရဖို့အတွက် စိတ်ရှည်ဖို့ လိုကြောင်း ကလော့ပ်က မကြာခဏ ပြောခဲ့ဖူးပါတယ်။ ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်သလို ချိန်ဘာလိန် သွင်းယူတတ်တဲ့ အံ့ဩစရာကောင်းတဲ့ အဝေးကန်ချက် သွင်းဂိုးတွေဟာ သူ့ကို အသင်းမှာ အနည်းဆုံးတော့ တစ်နေရာရာ ရရှိစေမှာပါ။

လက်တလော ပြဿနာ အနေနဲ့က လီဗာပူးဟာ ပွဲစဉ်ဇယား ကြပ်တည်းမှုတွေကြောင့် ကာရာဘောင်းနဲ့ပွဲမှာ အခက်အခဲတွေ့နေတာဖြစ်တယ်။ လိဂ်က တာဝန်ရှိသူတွေက အက်စ်တွန်ဗီလာ နဲ့ လီဗာပူး ရဲ့ ကွာတားဖိုင်နယ်ပွဲ အချိန်ဇယားကို ပြန်ပြင်ဆင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ လီဗာပူးဟာ ဒီဇင်ဘာ ၁၆ မှာ ကလပ်များ ကမ္ဘာဖလားအဖြစ် ကာတာမှာ ရှိနေမှာ ဖြစ်တာကြောင့် ကစားနိင်မှာ မဟုတ်ပါဘူး။

“လီဗာပူးက ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်နေတာကြောင့် ပွဲစဉ်ဇယားကို ပြောင်းလဲဖို့ EFL က ကလပ်နဲ့ ဆွေးနွေးနေပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ိန္ဘာလိန္ဟာ ကေလာ့ပ္ရဲ႕ အသင္းမွာ အၿမဲတမ္း ပြဲထြက္ခြင့္ရ ကစားသမား ျဖစ္ဖို႔ လိုအပ္တဲ့အဆင့္အတန္း မရွိဘူးဆိုတဲ့ အမွန္တရားကို အံ့ဩစရာေကာင္းတဲ့ ဂိုးအနည္းငယ္က မဖုံးကြယ္ႏိုင္ဘူးဆိုတာကို လက္ခံခဲ့ပါတယ္။

ခ်ိန္ဘာလိန္ဟာ ၿပီးခဲ့တဲ့ အပတ္က ဂ်န္႔၊ အာဆင္နယ္တို႔နဲ႔ ပြဲေတြမွာ ဂိုးေတြသြင္းယူၿပီး တိုးတက္မႈကို ျပသခဲ့တာပါ။ ဒါေပမယ့္ ကြင္းလယ္လူက သူ႔အသင္းေဖာ္ ဖာဘင္ဟိုဟာ ကာလရွည္ ဒဏ္ရာကေန ျပန္လာၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္မွာ သူ႔ေနရာျပန္ရဖို႔ ဘယ္ေလာက္ ႀကိဳးစားရမယ္ဆိုတာကို ဥပမာအေနနဲ႔ ေျပာျပခဲ့ပါတယ္။

” အမွန္တိုင္း ေျပာရရင္ က်ေနာ့္ ကစားပုံနဲ႔ ပတ္သက္ၿပီး သိပ္ေတာ့ မေက်နပ္ပါဘူး။ က်ေနာ္ ေဘာလုံးကို ေကာင္းေကာင္း မကိုင္တြယ္ႏိုင္ခဲ့ဘူး။ က်ေနာ္ လိုခ်င္တဲ့ အဆင့္နဲ႔ ေဝးကြာေနေသးတယ္။ တကယ္ကို ျမင့္မားတဲ့ ႐ုပ္ပိုင္းဆိုင္ရာ အဆင့္အတန္းနဲ႔ စြမ္းေဆာင္ရည္ ရွိဖို႔ လိုတယ္။ ဖာဘင္ဟိုက ဒီတစ္ပတ္မွာ ေကာင္းေကာင္း လုပ္ျပခဲ့တယ္။ ဒါေၾကာင့္ က်ေနာ္ ကိုယ့္ကိုယ္ကို တြန္းအားေပးေနဖို႔ လိုတယ္။ အခြင့္အေရး ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ဆိုပါတယ္။

ခ်ိန္ဘာလိန္အေနနဲ႔ ဒဏ္ရာရ ကစားသမားေတြ ျပန္ေကာင္းလာတဲ့အခါ ေနရာရဖို႔အတြက္ စိတ္ရွည္ဖို႔ လိုေၾကာင္း ကေလာ့ပ္က မၾကာခဏ ေျပာခဲ့ဖူးပါတယ္။ ေပါက္ကြဲအားေကာင္းေကာင္း ကစားႏုိင္သလို ခ်ိန္ဘာလိန္ သြင္းယူတတ္တဲ့ အံ့ဩစရာေကာင္းတဲ့ အေဝးကန္ခ်က္ သြင္းဂိုးေတြဟာ သူ႔ကုိ အသင္းမွာ အနည္းဆုံးေတာ့ တစ္ေနရာရာ ရရွိေစမွာပါ။

လက္တေလာ ျပႆနာ အေနနဲ႔က လီဗာပူးဟာ ပြဲစဥ္ဇယား ၾကပ္တည္းမႈေတြေၾကာင့္ ကာရာေဘာင္းနဲ႔ပြဲမွာ အခက္အခဲေတြ႔ေနတာျဖစ္တယ္။ လိဂ္က တာဝန္ရွိသူေတြက အက္စ္တြန္ဗီလာ နဲ႔ လီဗာပူး ရဲ႕ ကြာတားဖိုင္နယ္ပြဲ အခ်ိန္ဇယားကို ျပန္ျပင္ဆင္ဖို႔ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လို႔ ဆိုပါတယ္။ လီဗာပူးဟာ ဒီဇင္ဘာ ၁၆ မွာ ကလပ္မ်ား ကမၻာဖလားအျဖစ္ ကာတာမွာ ရွိေနမွာ ျဖစ္တာေၾကာင့္ ကစားနိင္မွာ မဟုတ္ပါဘူး။

“လီဗာပူးက ဖီဖာကလပ္ကမာၻ႔ဖလားမွာ ပါဝင္ေနတာေၾကာင့္ ပြဲစဥ္ဇယားကို ေျပာင္းလဲဖို႔ EFL က ကလပ္နဲ႔ ေဆြးေႏြးေနပါတယ္။” လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့တာ ျဖစ္ပါတယ္။