ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ၁၂ နာရီ တိတိပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း သုံးသပ်ချက်ကို ဖော်ပြပေးပါမယ်။

” ကျနော်ကတော့ ချယ်ဆီးအသင်းကို ကြည့်မိရင် ကိုယ့်လက်ကိုယ် မျက်နှာအုပ်ပြီး ဝိုး လို့ အော်မိမယ်။ လူငယ်တွေရဲ့ အစွမ်းပြ ကစားနေပုံ မြင်ရတာ၊ ကန်တေ မပါဘဲတောင် သူတို့ ဟန်ချက်ညီအောင် ထိန်းနိုင်နေတာက ချီးကျူးစရာပါ။ တကယ်လို့ အေဗရာဟမ်က ဂိုး မသွင်းရင် ပူလီဆစ် ရှိတယ်။ ဒါ့အပြင် အိုဒွိုင်း ရှိမယ် ဝီလီယံကလည်း ပုံစံကောင်း ပြန်ရနေပြီ။ သူတို့ကို ကြည့်ရတာ လုံး၀ အားရစရာပါ။ ရိုမန် အေဗရာမိုဗစ်က ဒီလို ပုံစံမျိုး မြင်ရဖို့ အကြာကြီး စောင့်နေခဲ့တာ ဖြစ်တယ်။ ”

” ချယ်ဆီးက ပရီးမီးယားလိဂ် အကြိမ်နည်းနည်း ဗိုလ်စွဲဖူးတယ် ချန်ပီယံလိဂ်လည်း ရဖူးခဲ့ပြီ။ ဒါပေမယ့် အခု လက်ရှိက သူတို့အတွက် လုံး၀ အသစ်ပဲ။ သူတို့ဟာ ဘန်လေနဲ့ပွဲမှာ ရိုလာကိုစတာလို အတက်အကျ ကြမ်းလိမ့်မယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် သူတို့က အသင်း ရလဒ်ကောင်းကို ရအောင် ထိန်းသွားခဲ့တယ်။ ချယ်ဆီးကို ဒီလို အနေအထားမျိုးမှာ ဘယ်လို ဆန့်ကျင်ပြောရဲကြတော့မလဲ။ ”

” ဒါပေမယ့် ဝက်ဖို့ဒ်ကလည်း အစွမ်းကုန် အားထုတ်ပြီး ကစားနေတာ တွေ့ရမယ်။ ဘုန်းမောက်နဲ့ ပွဲမှာ သူတို့ ပွဲအစပိုင်း မိနစ် ၂၀ က တော်တော်ကို ကောင်းခဲ့တယ် ဒါပေမယ့် လက်ကျန် မိနစ် ၇၀ မှာတော့ တော်တော် ဆိုးခဲ့တာပါ။ Abdoulaye Doucoure နဲ့ Gerard Deulofeu က ဒီလို အစွမ်းပြရမှာ ဖြစ်တယ်။ ”

” ချယ်ဆီးပွဲတွေ မှန်းရင် ကျနော် ဆက်တိုက် မှားနေတယ်။ ဒါပေမယ့် ဒီပွဲ အခု ကျနော် တွေးမိတဲ့အတိုင်း ပြောရင် မှားကောင်း မှားဦးမှာပါ။ ဒါပေမယ့် ဒီပွဲက စောင့်ကြည့်စရာ ကောင်းပါတယ်။” လို့ ချာလီက သုံးသပ် ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးကို ချီးကျူးခဲ့ပေမယ့် ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဝက်ဖို့ဒ် ၂-၂ ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ မွာ ၀က္ဖို႕ဒ္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ အခ်ိန္ကေတာ့ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၂ နာရီ တိတိပါ။ ဒီပြဲအတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္း သံုးသပ္ခ်က္ကို ေဖာ္ျပေပးပါမယ္။

” က်ေနာ္ကေတာ့ ခ်ယ္ဆီးအသင္းကို ၾကည့္မိရင္ ကိုယ့္လက္ကိုယ္ မ်က္နွာအုပ္ျပီး ၀ိုး လို႔ ေအာ္မိမယ္။ လူငယ္ေတြရဲ႕ အစြမ္းျပ ကစားေနပံု ျမင္ရတာ၊ ကန္ေတ မပါဘဲေတာင္ သူတို႔ ဟန္္ခ်က္ညီေအာင္ ထိန္းနုိင္ေနတာက ခ်ီးက်ဴးစရာပါ။ တကယ္လို႔ ေအဗရာဟမ္က ဂိုး မသြင္းရင္ ပူလီဆစ္ ရွိတယ္။ ဒါ့အျပင္ အိိုဒြိဳင္း ရွိမယ္ ၀ီလီယံကလည္း ပံုစံေကာင္း ျပန္ရေနျပီ။ သူတို႔ကို ၾကည့္ရတာ လံုး၀ အားရစရာပါ။ ရိုမန္ ေအဗရာမိုဗစ္က ဒီလို ပံုစံမ်ိဳး ျမင္ရဖို႔ အၾကာၾကီး ေစာင့္ေနခဲ့တာ ျဖစ္တယ္။ ”

” ခ်ယ္ဆီးက ပရီးမီးယားလိဂ္ အၾကိမ္နည္းနည္း ဗိုလ္စြဲဖူးတယ္ ခ်န္ပီယံလိဂ္လည္း ရဖူးခဲ့ျပီ။ ဒါေပမယ့္ အခု လက္ရွိက သူတို႔အတြက္ လံုး၀ အသစ္ပဲ။ သူတို႔ဟာ ဘန္ေလနဲ႕ပြဲမွာ ရိုလာကိုစတာလို အတက္အက် ၾကမ္းလိမ့္မယ္လို႔ ဆိုခဲ့တယ္။ ဒါေပမယ့္ သူတို႔က အသင္း ရလဒ္ေကာင္းကို ရေအာင္ ထိန္းသြားခဲ့တယ္။ ခ်ယ္ဆီးကို ဒီလို အေနအထားမ်ိဳးမွာ ဘယ္လို ဆန္႔က်င္ေျပာရဲၾကေတာ့မလဲ။ ”

” ဒါေပမယ့္ ၀က္ဖို႔ဒ္ကလည္း အစြမ္းကုန္ အားထုတ္ျပီး ကစားေနတာ ေတြ႔ရမယ္။ ဘုန္းေမာက္နဲ႕ ပြဲမွာ သူတို႔ ပြဲအစပိုင္း မိနစ္ ၂၀ က ေတာ္ေတာ္ကို ေကာင္းခဲ့တယ္ ဒါေပမယ့္ လက္က်န္ မိနစ္ ၇၀ မွာေတာ့ ေတာ္ေတာ္ ဆိုးခဲ့တာပါ။ Abdoulaye Doucoure နဲ႕ Gerard Deulofeu က ဒီလို အစြမ္းျပရမွာ ျဖစ္တယ္။ ”

” ခ်ယ္ဆီးပြဲေတြ မွန္းရင္ က်ေနာ္ ဆက္တိုက္ မွားေနတယ္။ ဒါေပမယ့္ ဒီပြဲ အခု က်ေနာ္ ေတြးမိတဲ့အတိုင္း ေျပာရင္ မွားေကာင္း မွားဦးမွာပါ။ ဒါေပမယ့္ ဒီပြဲက ေစာင့္ၾကည့္စရာ ေကာင္းပါတယ္။” လို႔ ခ်ာလီက သံုးသပ္ ေဖာ္ျပခဲ့ပါတယ္။

ခ်ယ္ဆီးကို ခ်ီးက်ဴးခဲ့ေပမယ့္ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ၀က္ဖို႔ဒ္ ၂-၂ ခ်ယ္ဆီး ျဖစ္ပါတယ္။