မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အစောပိုင်း ပွဲအဖြစ် ဘုန်းမောက်ကွင်းမှာ ယူနိုက်တက်တို့ အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

လီဗာပူးကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ပြီးနောက်ပိုင်း ယူနိုက်တက်ဟာ အဝေးကွင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ဘုန်းမောက်နဲ့ပွဲလည်း ပါဝင်နေဆဲပါ။ အိုထရတ်ဖိုဒ့်က နောက်ဆုံးပွဲမှာ ခြေစွမ်းကောင်းခဲ့တဲ့နောက် ယူနိုက်တက်ဟာ တက်ရိပ်တွေ ပြသလာခဲ့ပြီး ဒီပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွေကို ပြန်လည် စိန်ခေါ်နိုင်မှာ ဖြစ်ပေမယ့် မိုက်ကယ်အိုဝင်ကတော့ အဲ့လို မမြင်ပါဘူး။

ယူနိုက်တက် ကစားသမားဟောင်းကြီးက ” လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ယူနိုက်တက်က ခက်ခဲပြီး အဖိုးတန်တဲ့ ရမှတ်ကို ရယူကာ ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်။ ဒီအခြေအနေမှာတော့ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ပြန်ရယူနိုင်ခဲ့တဲ့ အပြင် ကာရာဘောင်းပွဲအဖြစ် စတမ်းဖိုဒ့်ဘရစ်မှာ ယှဉ်ပြိုင်ရတဲ့ အသေးစား ယှဉ်ပြိုင်မှု ပြိုင်ပွဲကိုပါ အနိုင်ရထားတာဖြစ်ပါတယ်။

ယှဉ်ပြိုင်ရမယ့် ၉ ပွဲထဲက ၄ ပွဲကို အဝေးကွင်းပွဲတွေအဖြစ် ကစားရမှာဖြစ်တယ်။ ဒါပေမယ့် စနေနေ့ပွဲမှာတော့ အစောပိုင်းအဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဘုန်းမောက်ကွင်းမှာ ဆိုးရှားရဲ့ အသင်းက ရမှတ် ရယူနိုင်မယ်လို့ ထင်ပါတယ်။ ဘုန်းမောက်က ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ ဂိုးရယူဖို့ ရုန်းကန်နေရပေမယ့် ဒီတစ်ကြိမ် အိမ်ကွင်းမှာတော့ ဂုဏ်ယူရအောင် လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ် ” လို့ ပွဲအပေါ် သုံးသပ်သွားခဲ့တာဖြစ်တယ်။

ဘုန်းမောက်နဲ့ ယူနိုက်တက်တို့ရဲ့ အစောပိုင် ပွဲရလဒ်နဲ့ ပတ်သက်ပြီး မိုက်ကယ်အိုင်ဝင်က ပွဲက သရေကျပါလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကြားရက်မှာ အနိုင်ရခြင်းကြောင့် ခြေစွမ်းတက်နေတဲ့ ယူနိုက်တက်တို့ ဒီတစ်ကြိမ်မှာ အနိုင်ရလဒ်အတွက် ရုန်းကန်ရမယ်လို့ အိုဝင်က မြင်ထားတာပဲဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ အေစာပိုင္း ပြဲအျဖစ္ ဘုန္းေမာက္ကြင္းမွာ ယူႏုိက္တက္တို႔ အေဝးကြင္းပြဲ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာပဲျဖစ္ပါတယ္။

လီဗာပူးကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ျပီးေနာက္ပိုင္း ယူႏုိက္တက္ဟာ အေဝးကြင္းေတြ ဆက္တိုက္ ယွဥ္ျပိဳင္ရမယ့္ အေနအထားမွာ ဘုန္းေမာက္နဲ႔ပြဲလည္း ပါဝင္ေနဆဲပါ။ အိုထရတ္ဖိုဒ့္က ေနာက္ဆံုးပြဲမွာ ေျခစြမ္းေကာင္းခဲ့တဲ့ေနာက္ ယူႏုိက္တက္ဟာ တက္ရိပ္ေတြ ျပသလာခဲ့ျပီး ဒီပြဲကို အႏုိင္ရမယ္ဆိုရင္ အမွတ္ေပးဇယား ထိပ္ဆံုးေနရာေတြကို ျပန္လည္ စိန္ေခၚႏုိင္မွာ ျဖစ္ေပမယ့္ မိုက္ကယ္အိုဝင္ကေတာ့ အဲ့လို မျမင္ပါဘူး။

ယူႏုိက္တက္ ကစားသမားေဟာင္းၾကီးက ” လီဗာပူးကို ရင္ဆုိင္ကစားတဲ့ပြဲမွာ ယူႏုိက္တက္က ခက္ခဲျပီး အဖိုးတန္တဲ့ ရမွတ္ကို ရယူကာ ျပန္လည္ တည္ေဆာက္ႏုိင္ခဲ့တယ္။ ဒီအေျခအေနမွာေတာ့ ယူရိုပါလိဂ္နဲ႔ ပရီးမီးယားလိဂ္မွာ ႏုိုင္ပြဲေတြ ျပန္ရယူႏုိင္ခဲ့တဲ့ အျပင္ ကာရာေဘာင္းပြဲအျဖစ္ စတမ္းဖိုဒ့္ဘရစ္မွာ ယွဥ္ျပိဳင္ရတဲ့ အေသးစား ယွဥ္ျပိဳင္မႈ ျပိဳင္ပြဲကိုပါ အႏုိင္ရထားတာျဖစ္ပါတယ္။

ယွဥ္ျပိဳင္ရမယ့္ ၉ ပြဲထဲက ၄ ပြဲကို အေဝးကြင္းပြဲေတြအျဖစ္ ကစားရမွာျဖစ္တယ္။ ဒါေပမယ့္ စေနေန႔ပြဲမွာေတာ့ အေစာပိုင္းအျဖစ္ ယွဥ္ျပိဳင္ကစားရမယ့္ ဘုန္းေမာက္ကြင္းမွာ ဆိုးရွားရဲ႕ အသင္းက ရမွတ္ ရယူႏုိင္မယ္လို႔ ထင္ပါတယ္။ ဘုန္းေမာက္က ပရီးမီးယားလိဂ္ ေနာက္ဆံုး သံုးပြဲမွာ ဂိုးရယူဖို႔ ရုန္းကန္ေနရေပမယ့္ ဒီတစ္ၾကိမ္ အိမ္ကြင္းမွာေတာ့ ဂုဏ္ယူရေအာင္ လုပ္ႏုိင္မယ္လုိ႔ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ပြဲအေပၚ သံုးသပ္သြားခဲ့တာျဖစ္တယ္။

ဘုန္းေမာက္နဲ႔ ယူႏုိက္တက္တို႔ရဲ႕ အေစာပိုင္ ပြဲရလဒ္နဲ႔ ပတ္သက္ျပီး မိုက္ကယ္အိုင္ဝင္က ပြဲက သေရက်ပါလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။ ၾကားရက္မွာ အႏုိင္ရျခင္းေၾကာင့္ ေျခစြမ္းတက္ေနတဲ့ ယူႏုိက္တက္တို႔ ဒီတစ္ၾကိမ္မွာ အႏုိင္ရလဒ္အတြက္ ရုန္းကန္ရမယ္လို႔ အိုဝင္က ျမင္ထားတာပဲျဖစ္ပါတယ္။