အာဆင်နယ်အသင်းက ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ ည မြန်မာစံတော်ချိန် ၈ နာရီခွဲပါ။ ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားမှာ အာဆင်နယ်က ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိပြီး ဝုဗ်ကတော့ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၂ နေရမှာ ရှိနေပါတယ်။

အာဆင်နယ်နဲ့ ဝုဗ်ပွဲအတွင် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ကို ပြန်လည်ဖော်ပြပေးပါမယ်။

” ဒီပွဲမှာ ဇာခါ စတင်ပွဲထွက်မလား ဒါမှမဟုတ် နောက်ဆုံ ဝီစီမှုတ်သံမတိုင်ခင်ပဲ ကွင်းထဲက ထွက်ခွာရဦးမှာလား။ ဒါပေမယ့် ကျနော့် အမြင်တော့ သူ့အနေအထားက ပွဲပြီးသွားပါပြီ။ အာဆင်နယ် ပရိသတ်တွေ ထွက်နေတဲ့ ဒေါသက အချိန် အတော်ကြာခဲ့ပြီ ဖြစ်တယ်။ သူတို့က အူနိုင်း အမ်မရီကို ခေါင်းသုံးဖို့ တောင်းဆိုနေတော့တာ မဟုတ်ဘူး ဒါပေမယ့် အမ်မရီကရော အသင်းကို ဟန်ချက်ညီအောင် ထိန်းသိမ်း နိုင်ပါဦးမလား။ သူကသာ အဓိကကျတဲ့ ခံစစ် ပြသနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင် အားလုံးက ဒီအားနည်းချက်ကိုပဲ လက်ညှိုး ထိုးနေကြဦးမှာပါ။ ”

” ကျနော်က လာကာဇက်တီ၊ အူဘာမီးယန်းနဲ့ နစ်ကိုးလပ်စ်ပီပီတို့ကို တိုက်စစ်မှာ ထားပြီး နောက်မှာ ဒန်နီ ဆီးဘယ်လော့ကို လိုက်ပါ ကစားစေချင်တဲ့သူပါ။ ဝုဗ်နဲ့ ပွဲမှာ သူတို့ကို မြင်ရဖွယ် ရှိပါတယ်။ ခံစစ်သမားတွေရဲ့ ပခုံးပေါ်က ဝန်တွေကို လျှော့ချပေးဖို့ ဒီကစားသမားတွေ ပွဲထါက် ကစားပြီး ပြိုင်ဘက်ကို ဖိအားပေးဖို့ လိုပါတယ်။ သူတို့ အဲဒီလိုပဲ လုပ်မယ် ထင်ပါတယ်။ ”

” ဝုဗ်အသင်းက အခုချိန်ထိ ခန့်မှန်းရ ခက်ဆဲပါ။ သူတို့ ဘယ်ကို သွားချင်တယ် ဘာလုပ်ချင်တယ် မပြောနိုင်သေးပါဘူး။ မနှစ်က အမ်းမရိတ်ကို လာကစားတဲ့ ပွဲတုန်းကတော့ ဝုဗ်က နိုင်ခဲ့သင့်တာပါ။ ဝုဗ်သာ အစွမ်းပြရင် ၂-၀ ဒါမှမဟုတ် ၃-၀ နဲ့တောင် လွယ်လွယ် နိုင်သွားနိုင်ပါတယ်။ ဒါပေမယ့် ပရိသတ်ကတော့ အာဆင်နယ်ဘက်က ရှိနေပါလိမ့်မယ်။ ဒီပွဲမှာ နည်းနည်းတော့ ပြောရခက်ပေမယ့်လေ။ ” လို့ ချာလီ နစ်ကိုးလပ်စ်က ဆိုထားပါတယ်။

ဒီပွဲအတွက် ချာလီရဲ့ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၂-၁ ဝုဗ် ပဲ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္အသင္းက ဒီတပတ္မွာေတာ့ ပရီးမီးယားလိဂ္မွာ ၀ုဗ္အသင္းကို အိမ္ကြင္းအမ္းမရိတ္မွာ ဧည့္ခံကစားရမွာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ ည ျမန္မာစံေတာ္ခ်ိန္ ၈ နာရီခြဲပါ။ ဒီပြဲမတိုင္ခင္ အမွတ္ေပးဇယားမွာ အာဆင္နယ္က ရမွတ္ ၁၆ မွတ္နဲ႕ အဆင့္ ၅ ေနရာမွာ ရွိျပီး ၀ုဗ္ကေတာ့ ရမွတ္ ၁၂ မွတ္နဲ႕ အဆင့္ ၁၂ ေနရမွာ ရွိေနပါတယ္။

အာဆင္နယ္နဲ႕ ၀ုဗ္ပြဲအတြင္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ ကို ျပန္လည္ေဖာ္ျပေပးပါမယ္။

” ဒီပြဲမွာ ဇာခါ စတင္ပြဲထြက္မလား ဒါမွမဟုတ္ ေနာက္ဆံု ၀ီစီမႈတ္သံမတိုင္ခင္ပဲ ကြင္းထဲက ထြက္ခြာရဦးမွာလား။ ဒါေပမယ့္ က်ေနာ့္ အျမင္ေတာ့ သူ႔အေနအထားက ပြဲဲျပီးသြားပါျပီ။ အာဆင္နယ္ ပရိသတ္ေတြ ထြက္ေနတဲ့ ေဒါသက အခ်ိန္ အေတာ္ၾကာခဲ့ျပီ ျဖစ္တယ္။ သူတုိ႔က အူနုိင္း အမ္မရီကို ေခါင္းသံုးဖို႔ ေတာင္းဆိုေနေတာ့တာ မဟုတ္ဘူး ဒါေပမယ့္ အမ္မရီကေရာ အသင္းကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္း နုိင္ပါဦးမလား။ သူကသာ အဓိကက်တဲ့ ခံစစ္ ျပသနာေတြကို မေျဖရွင္းနုိင္ဘူး ဆိုရင္ အားလံုးက ဒီအားနည္းခ်က္ကိုပဲ လက္ညွိဳး ထိုးေနၾကဦးမွာပါ။ ”

” က်ေနာ္က လာကာဇက္တီ၊ အူဘာမီးယန္းနဲ႕ နစ္ကိုးလပ္စ္ပီပီတို႔ကို တိုက္စစ္မွာ ထားျပီး ေနာက္မွာ ဒန္နီ ဆီးဘယ္ေလာ့ကို လိုက္ပါ ကစားေစခ်င္တဲ့သူပါ။ ၀ုဗ္နဲ႕ ပြဲမွာ သူတို႔ကို ျမင္ရဖြယ္ ရွိပါတယ္။ ခံစစ္သမားေတြရဲ႕ ပခံုးေပၚက ၀န္ေတြကို ေလွ်ာ့ခ်ေပးဖို႔ ဒီကစားသမားေတြ ပြဲထါက္ ကစားျပီး ျပိဳင္ဘက္ကို ဖိအားေပးဖို႔ လိုပါတယ္။ သူတို႔ အဲဒီလိုပဲ လုပ္မယ္ ထင္ပါတယ္။ ”

” ၀ုဗ္အသင္းက အခုခ်ိန္ထိ ခန္႔မွန္းရ ခက္ဆဲပါ။ သူတို႔ ဘယ္ကို သြားခ်င္တယ္ ဘာလုပ္ခ်င္တယ္ မေျပာနိုင္ေသးပါဘူး။ မနွစ္က အမ္းမရိတ္ကို လာကစားတဲ့ ပြဲတုန္းကေတာ့ ၀ုဗ္က နိုင္ခဲ့သင့္တာပါ။ ၀ုဗ္သာ အစြမ္းျပရင္ ၂-၀ ဒါမွမဟုတ္ ၃-၀ နဲ႕ေတာင္ လြယ္လြယ္ နုိင္သြားနိုင္ပါတယ္။ ဒါေပမယ့္ ပရိသတ္ကေတာ့ အာဆင္နယ္ဘက္က ရွိေနပါလိမ့္မယ္။ ဒီပြဲမွာ နည္းနည္းေတာ့ ေျပာရခက္ေပမယ့္ေလ။ ” လို႔ ခ်ာလီ နစ္ကိုးလပ္စ္က ဆိုထားပါတယ္။

ဒီပြဲအတြက္ ခ်ာလီရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္ ၂-၁ ၀ုဗ္ ပဲ ျဖစ္ပါတယ္။