မန်ချက်စတာ ယူနိုက်တက်ဟာ ကာရာဘောင်း နိုင်ပွဲ ရပြီးတဲ့နောက် ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။ ကြားရက် ချယ်ဆီးနဲ့ ပွဲမှာ တိုက်စစ်မှူး ရက်ဖို့ဒ်နဲ့ ခံစစ်မှူး မက်ဂွဲရားတို့ ဒဏ်ရာ အနည်းငယ်စီ ရှိခဲ့ပေမယ့် ဘုန်းမောက်နဲ့ပွဲ အမှီ ပြန် ကစားနိုင်မယ်လို့ ဆိုးရှားက မျှော်လင့်ထားပါတယ်။

ဘုန်းမောက် နဲ့ ယူနိုက်တက်ပွဲဟာ စနေနေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ ချာလီ နစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။

” ဘုန်းမောက်ကတော့ အိမ်ကွင်းမှာ တောင့်တင်းပြီး အမှတ်ယူနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ရဲ့ ကောလမ် ဝီဆန်နဲ့ ဂျို့ရှ် ကင်းလို ကစားသမားတွေကလည်း အားထားရတဲ့သူတွေပါ။ ယူနိုက်တက်ရဲ့ ရှေ့တန်းနဲ့ နောက်တန်းမှာ ချစ်စရာ မေးခွန်းလေးတွေ ရှိနေဆဲပါ။ တိုက်စစ်မှာတော့ မာရှယ် ဦးဆောင်လာတဲ့ အတွက် ခြိမ်းခြောက်နိုင်စွမ်း အနည်းငယ် ပိုလာပါမယ်။ ”

” နောဝစ်နဲ့ ပွဲမှာ ယူနိုက်တက်က နှစ်သက်ဖွယ် ရလဒ်ကောင်း ရယူနိုင်ခဲ့ပါတယ်။ ဘုန်းမောက်ကတော့ ဘယ်အသင်းကို မဆို မထင်မှတ်စွာ စိတ်ပျက်အောင် လုပ်နိုင်တဲ့ အစွမ်း ရှိဆဲပါ အထူးသဖြင့် သူတို့ အိမ်ကွင်းမှာဖြစ်ပါတယ်။ ဒီပွဲက ယူနိုက်တက် အတွက် အန္တရာယ်ကြီးတဲ့ ပွဲ တစ်ပွဲ ဖြစ်ပါလိမ့်ဦးမယ်။ ဒီပွဲမှာ မန်ယူနိုက်တက် နိုင်မယ်လို့ ကျနော် မမြင်မိဘူး။ ”

” မန်နေဂျာနဲ့ ကစားသမားတွေ ကိုယ်တိုင်လည်း မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေကို မရှင်းလင်းနိုင်ကြပါဘူး။ ဘုန်းမောက်က တိုက်စစ် အားသန်စွာ ကစားသွားမှာ ဖြစ်ပြီး ဘောလုံးပွဲကောင်း ဖြစ်အောင် ကြိုးစားပါလိမ့်မယ်။ အေးအေးဆေးဆေးထိုင်ပြီး ဒီပွဲကို ခံစားလိုက်ကြပါဦး။” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၂-၂ မန်ချက်စတာယူနိုက်တက်ပဲ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ ကာရာေဘာင္း နုိင္ပြဲ ရျပီးတဲ့ေနာက္ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ဘုန္းေမာက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ရဦးမွာပဲ ျဖစ္ပါတယ္။ ၾကားရက္ ခ်ယ္ဆီးနဲ႕ ပြဲမွာ တိုက္စစ္မွဴး ရက္ဖို႔ဒ္နဲ႕ ခံစစ္မွဴး မက္ဂြဲရားတို႔ ဒဏ္ရာ အနည္းငယ္စီ ရွိခဲ့ေပမယ့္ ဘုန္းေမာက္နဲ႕ပြဲ အမွီ ျပန္ ကစားနုိင္မယ္လို႔ ဆိုးရွားက ေမွ်ာ္လင့္ထားပါတယ္။

ဘုန္းေမာက္နဲ႕ ယူနိုက္တက္ပြဲဟာ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၇ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ဒီပြဲအတြက္ စကိုင္းစေပါ့မွ ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကို ေဖာ္ျပေပးပါမယ္။

” ဘုန္းေမာက္ကေတာ့ အိမ္ကြင္းမွာ ေတာင့္တင္းျပီး အမွတ္ယူနိုင္တဲ့ အသင္း ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေကာလမ္ ၀ီဆန္နဲ႕ ဂ်ိဳ႕ရွ္ ကင္းလို ကစားသမားေတြကလည္း အားထားရတဲ့သူေတြပါ။ ယူနိုက္တက္ရဲ႕ ေရွ႕တန္းနဲ႕ ေနာက္တန္းမွာ ခ်စ္စရာ ေမးခြန္းေလးေတြ ရွိေနဆဲပါ။ တိုုက္စစ္မွာေတာ့ မာရွယ္ ဦးေဆာင္လာတဲ့ အတြက္ ျခိမ္းေျခာက္နုိင္စြမ္း အနည္းငယ္ ပိုလာပါမယ္။ ”

” ေနာ၀စ္နဲ႕ ပြဲမွာ ယူနိုက္တက္က နွစ္သက္ဖြယ္ ရလဒ္ေကာင္း ရယူနုိင္ခဲ့ပါတယ္။ ဘုန္းေမာက္ကေတာ့ ဘယ္အသင္းကို မဆို မထင္မွတ္စြာ စိတ္ပ်က္ေအာင္ လုပ္နိုင္တဲ့ အစြမ္း ရွိဆဲပါ အထူးသျဖင့္ သူတို႔ အိမ္ကြင္းမွာျဖစ္ပါတယ္။ ဒီပြဲက ယူနိုက္တက္ အတြက္ အႏၱရာယ္ၾကီးတဲ့ ပြဲ တစ္ပြဲ ျဖစ္ပါလိမ့္ဦးမယ္။ ဒီပြဲမွာ မန္ယူနိုက္တက္ နုိင္မယ္လို႔ က်ေနာ္ မျမင္မိဘူး။ ”

” မန္ေနဂ်ာနဲ႕ ကစားသမားေတြ ကိုယ္တိုင္လည္း မန္ခ်က္စတာယူနိုက္တက္ရဲ႕ အေျခအေနကို မရွင္းလင္းနုိင္ၾကပါဘူး။ ဘုန္းေမာက္က တိုက္စစ္ အားသန္စြာ ကစားသြားမွာ ျဖစ္ျပီး ေဘာလံုးပြဲေကာင္း ျဖစ္ေအာင္ ၾကိဳးစားပါလိမ့္မယ္။ ေအးေအးေဆးေဆးထိုင္ျပီး ဒီပြဲကို ခံစားလိုက္ၾကပါဦး။” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ဘုန္းေမာက္ ၂-၂ မန္ခ်က္စတာယူနိုက္တက္ပဲ ျဖစ္ပါတယ္။