ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာတော့ လီဗာပူးဟာ အဝေးကွင်းပွဲအဖြစ် ပရီးမီးယားလိဂ် တန်းတက်ကလပ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့ အပတ်တုန်းက မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားထားခဲ့ပြီး ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမယ့် ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အသင်းပါ။ မိုက်ကယ်အိုဝင်က ဒီတစ်ကြိမ် အိမ်ကွင်းအဖြစ် အမှတ်ပေးဇယား ဦးဆောင်သူတွေကို ဧည့်ခံရာမှာ ဗီလာဟာ ရလဒ်ကောင်း မရနိုင်ပဲ ကြားရက်မှာ အနားကောင်းကောင်း ရထားခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ အသင်းကပဲ အသာစီးယူ ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က ” အရင်အပတ်ပွဲတုန်းက အီးသီးဟတ်မှာ အက်စတွန်ဗီလာဟာ ချန်ပီယံ မန်စီးတီးကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့က အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးအသင်းကိုလည်း အနိုင်သုံးမှတ်ရအောင် စွမ်းဆောင်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ ဗီလာရဲ့ နောက်ဆုံး အိမ်ကွင်းပွဲမှာဆိုရင် ဘရိုက်ဆန်ဟာ သွင်းဂိုးအတွက် ဂိုးပေါက် ခြိမ်းခြောက်မှု အကြိမ် ၂၀ တောင် လုပ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းကို တိုက်စစ်ဖွင့် ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပဲ နောက်ထပ် အဝေးကွင်း နိုင်ပွဲကို လီဗာပူးကပဲ ရယူသွားမှာပါ။ ဗီလာမန်နေဂျာ ဒန်းစမစ်က ကြားရက်မှာ မပါနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဂရေးလစ် ပြန်ပါဖို့ မျှော်လင့်နေမှာပါ။ ဝုဗ်နဲ့ပွဲမှာ နောက်ကျောဒဏ်ရာကြောင့် သူအနားယူနေခဲ့ရတာဖြစ်ပြီး ပြန်ပါလာမယ်ဆိုရင်တောင် ဗီလာပတ်ခ်မှာ အနိုင်ရမယ့်အသင်းက လီဗာပူးပဲ ဖြစ်ပါလိမ့်မယ် ” လို့ ပွဲအပေါ် သုံးသပ်သွားခဲ့တာဖြစ်တယ်။

အက်စတွန်ဗီလာနဲ့ လီဗာပူးပွဲမှာ ထွက်ပေါ်မယ့် ရလဒ်အတွက်တော့ မိုက်ကယ်အိုဝင်က ပထမပိုင်းမှာကော ဒုတိယပိုင်းမှာပါ လီဗာပူးကပဲ ရလဒ်အသာစီးတွေ ရယူသွားမှာဖြစ်ကာ အနိုင်သုံးမှတ်နဲ့ အိမ်ပြန်လိမ့်မယ်လိုပ ခန့်မှန်းခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ မွာေတာ့ လီဗာပူးဟာ အေဝးကြင္းပြဲအျဖစ္ ပရီးမီးယားလိဂ္ တန္းတက္ကလပ္ျဖစ္တဲ့ အက္စတြန္ဗီလာအသင္း အိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

အက္စတြန္ဗီလာဟာ ျပီးခဲ့တဲ့ အပတ္တုန္းက မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားထားခဲ့ျပီး ပထမပိုင္း ကစားပံု ေကာင္းခဲ့ေပမယ့္ ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ အသင္းပါ။ မုိက္ကယ္အိုဝင္က ဒီတစ္ၾကိမ္ အိမ္ကြင္းအျဖစ္ အမွတ္ေပးဇယား ဦးေဆာင္သူေတြကို ဧည့္ခံရာမွာ ဗီလာဟာ ရလဒ္ေကာင္း မရႏုိင္ပဲ ၾကားရက္မွာ အနားေကာင္းေကာင္း ရထားခဲ့တဲ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကပဲ အသာစီးယူ ကစားႏုိင္မယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။

မိုက္ကယ္အိုဝင္က ” အရင္အပတ္ပြဲတုန္းက အီးသီးဟတ္မွာ အက္စတြန္ဗီလာဟာ ခ်န္ပီယံ မန္စီးတီးကို ယွဥ္ျပိဳင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။ သူတို႔က အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးအသင္းကိုလည္း အႏုိင္သံုးမွတ္ရေအာင္ စြမ္းေဆာင္ႏုိင္မယ္လုိ႔ က်ေနာ္ မထင္ပါဘူး။ ဗီလာရဲ႕ ေနာက္ဆံုး အိမ္ကြင္းပြဲမွာဆိုရင္ ဘရိုက္ဆန္ဟာ သြင္းဂိုးအတြက္ ဂိုးေပါက္ ျခိမ္းေျခာက္မႈ အၾကိမ္ ၂၀ ေတာင္ လုပ္ႏုိင္ခဲ့ေသးတာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကို တုိက္စစ္ဖြင့္ ရင္ဆုိင္ဖုိ႔ဆိုတာ မျဖစ္ႏုိင္ပဲ ေနာက္ထပ္ အေဝးကြင္း ႏိုင္ပြဲကို လီဗာပူးကပဲ ရယူသြားမွာပါ။ ဗီလာမန္ေနဂ်ာ ဒန္းစမစ္က ၾကားရက္မွာ မပါႏုိင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ဂေရးလစ္ ျပန္ပါဖို႔ ေမွ်ာ္လင့္ေနမွာပါ။ ဝုဗ္နဲ႔ပြဲမွာ ေနာက္ေက်ာဒဏ္ရာေၾကာင့္ သူအနားယူေနခဲ့ရတာျဖစ္ျပီး ျပန္ပါလာမယ္ဆိုရင္ေတာင္ ဗီလာပတ္ခ္မွာ အႏုိင္ရမယ့္အသင္းက လီဗာပူးပဲ ျဖစ္ပါလိမ့္မယ္ ” လို႔ ပြဲအေပၚ သံုးသပ္သြားခဲ့တာျဖစ္တယ္။

အက္စတြန္ဗီလာနဲ႔ လီဗာပူးပြဲမွာ ထြက္ေပၚမယ့္ ရလဒ္အတြက္ေတာ့ မိုက္ကယ္အိုဝင္က ပထမပိုင္းမွာေကာ ဒုတိယပိုင္းမွာပါ လီဗာပူးကပဲ ရလဒ္အသာစီးေတြ ရယူသြားမွာျဖစ္ကာ အႏုိုင္သံုးမွတ္နဲ႔ အိမ္ျပန္လိမ့္မယ္လိုပ ခန္႔မွန္းခဲ့တာပဲျဖစ္ပါတယ္။