လီဗာပူးအသင်းဟာ ဒီစနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီခွဲပါ။

ဒီပွဲမတိုင်ခင်မှာ လီဗာပူးက ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယား ပထမနေရာမှာ ရှိပြီး အက်စတွန်ဗီလာကတော့ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိပါတယ်။ အက်စတွန်ဗီလာ – လီဗာပူးပွဲအတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းတွေကို ဖော်ပြပေးပါမယ်။

” ဒီတပတ် စနေကတော့ စိတ်လှုပ်ရှားစရာ ပွဲတွေနဲ့ ပြည့်နှက်နေတာပါ။ လီဗာပူးအသင်းက အမှတ်ပေးဖလားကို ဗိုလ်မစွဲရသေးပေမယ့် အတော်လည်း နီးစပ်လာတဲ့ အရည်အချင်းတွေကို တွေ့နေရပါတယ်။ အက်စတွန် ဗီလာကတော့ နည်းနည်း ထူးဆန်ပါတယ်။ သူတို့မှာ တိုက်စစ်ကောင်းနေပြီး အားနည်းချက်ကတော့ နောက်တန်းမှာ ရှိနေတယ်။ ”

” လီဗာပူးမှာ ကစားသမား အလန်းစားတွေ အများအပြား ရှိထားပြီး အထူးသဖြင့် တိုက်စစ်သုံးဦးပါ။ တကယ်လို့ တစ်ယောက်ယောက်က မပါရင်တောင် ဟန်ချက် အကြီးကြီးတော့ မပျက်သွားပါဘူး။ ဒါပေမယ့် ကွင်းလယ်ကတော့ မတည်ငြိမ်သေးပါဘူး ဒါကြောင့် ကလော့ပ်က အပြောင်းအလဲတွေ အမြဲ လုပ်နေတာပါ။ လီဗာပူး အစွန်ခံစစ်မှူးတွေကတော့ လီဗာပူး လိုင်းမြင့်မြင့်ထားပြီး ဖိအားပေးတိုင်း တိုက်စစ်ကို လိုက်ပါလေ့ ရှိပါတယ်။ ဘယ်သူကမှ လီဗာပူးတိုက်စစ်ထဲက ရုန်း မထွက်နိုင်သလို ဗီလာလဲ ကျော်နိုင်မယ် မထင်ပါဘူး။ ”

” အက်စတွန်ဗီလာက သိပ် သတိကြီးကြီး ထားနိုင် ဗျူဟာကျ ကစားနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ သူတို့က မက်ဂျင်း ဒါမှမဟုတ် ဂရေးလစ်ချ်ကိုသာ ဘောလုံးပေးဖို့ ကြိုးစားကြမှာပါ။ သူတို့ရဲ့ စွမ်းအင်နဲ့ မောင်းနှင်အားတွေက လီဗာပူး ဟ ချန်ထားမယ့် ဟာကွက်ေ်တွ ယိုပေါက်တွေကို ထိုးနှက်ပါလိမ့်မယ်။ ”

” လီဗာပူးရဲ့ နေရာလွတ်တွေ ကျန်ခဲ့မယ့် တောင်ပံတွေမှာ ဒုက္ခကောင်းကောင်းပေးနိုင်သူကတော့ Trezeguet ပါ။ လူတိုင်းက ထရန့် အလက်ဇန်းဒါး အာနိုးကို မယုံနိုင်လောက်အောင် ကောင်းတယ် တိုက်စစ် ကူနိုင်တယ် ချီးကျူးနေကြပေမယ့် သူတက်သွားတိုင် ခံစစ်မှာ နေရာလွတ်တွေ ကျန်ခဲ့ပါတယ်။ ဒါကို ဗီလာ ဘယ်လို အသုံးချမလဲပါပဲ။ အဲဒီ တောင်ပံ နေရလွတ်တွေကပဲ လီဗာပူးကို နိုင်ပွဲ ရစေသလို ရှုံးပွဲလည်း တွေ့သွားစေနိုင်ပါတယ်။ နေရာလွတ်တွေကနေ ဗီလာ ကြိုးစား တိုက်စစ်ဆင်မှာ ဖြစ်သလို သူတို့ ခံစားသွားရနိုင်ပါတယ်။ ဒါက လီဗာပူး ကျွမ်းကျင်နေတဲ့ ကစားဟန်ပါ။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ အက်စတွန်ဗီလာ ၁-၃ လီဗာပူးပဲ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဒီစေနေန႔မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ အျဖစ္ အက္စတြန္ဗီလာအသင္းကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီခြဲပါ။

ဒီပြဲမတိုင္ခင္မွာ လီဗာပူးက ရမွတ္ ၂၈ မွတ္နဲ႕ အမွတ္ေပးဇယား ပထမေနရာမွာ ရွိျပီး အက္စတြန္ဗီလာကေတာ့ ရမွတ္ ၁၁ မွတ္နဲ႕ အဆင့္ ၁၅ ေနရာမွာ ရွိပါတယ္။ အက္စတြန္ဗီလာ – လီဗာပူးပြဲအတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းေတြကို ေဖာ္ျပေပးပါမယ္။

” ဒီတပတ္ စေနကေတာ့ စိတ္လႈပ္ရွားစရာ ပြဲေတြနဲ႕ ျပည့္နွက္ေနတာပါ။ လီဗာပူးအသင္းက အမွတ္ေပးဖလားကို ဗိုလ္မစြဲရေသးေပမယ့္ အေတာ္လည္း နီးစပ္လာတဲ့ အရည္အခ်င္းေတြကုိ ေတြ႔ေနရပါတယ္။ အက္စတြန္ ဗီလာကေတာ့ နည္းနည္း ထူးဆန္ပါတယ္။ သူတို႔မွာ တိုက္စစ္ေကာင္းေနျပီး အားနည္းခ်က္ကေတာ့ ေနာက္တန္းမွာ ရွိေနတယ္။ ”

” လီဗာပူးမွာ ကစားသမား အလန္းစားေတြ အမ်ားအျပား ရွိထားျပီး အထူးသျဖင့္ တိုက္စစ္သံုးဦးပါ။ တကယ္လို႔ တစ္ေယာက္ေယာက္က မပါရင္ေတာင္ ဟန္ခ်က္ အၾကီးၾကီးေတာ့ မပ်က္သြားပါဘူး။ ဒါေပမယ့္ ကြင္းလယ္ကေတာ့ မတည္ျငိမ္ေသးပါဘူး ဒါေၾကာင့္ ကေလာ့ပ္က အေျပာင္းအလဲေတြ အျမဲ လုပ္ေနတာပါ။ လီဗာပူး အစြန္ခံစစ္မွဴးေတြကေတာ့ လီဗာပူး လိုင္းျမင့္ျမင့္ထားျပီး ဖိအားေပးတိုုင္း တိုက္စစ္ကို လိုက္ပါေလ့ ရွိပါတယ္။ ဘယ္သူကမွ လီဗာပူးတိုက္စစ္ထဲက ရုန္း မထြက္နုိင္သလို ဗီလာလဲ ေက်ာ္နုိင္မယ္ မထင္ပါဘူး။ ”

” အက္စတြန္ဗီလာက သိပ္ သတိၾကီးၾကီး ထားနုိင္ ဗ်ဴဟာက် ကစားနိုင္တဲ့ အေနအထား မရွိေသးပါဘူး။ သူတို႔က မက္ဂ်င္း ဒါမွမဟုတ္ ဂေရးလစ္ခ်္ကိုသာ ေဘာလံုးေပးဖို႔ ၾကိဳးစားၾကမွာပါ။ သူတို႔ရဲ႕ စြမ္းအင္နဲ႕ ေမာင္းနွင္အားေတြက လီဗာပူး ဟ ခ်န္ထားမယ့္ ဟာကြက္ေ္တြ ယိုေပါက္ေတြကို ထိုးနွက္ပါလိမ့္မယ္။ ”

” လီဗာပူးရဲ႕ ေနရာလြတ္ေတြ က်န္ခဲ့မယ့္ ေတာင္ပံေတြမွာ ဒုကၡေကာင္းေကာင္းေပးနုိင္သူကေတာ့ Trezeguet ပါ။ လူတိုင္းက ထရန္႔ အလက္ဇန္းဒါး အာနုိးကို မယံုနုိင္ေလာက္ေအာင္ ေကာင္းတယ္ တိုက္စစ္ ကူနုိင္တယ္ ခ်ီးက်ဴးေနၾကေပမယ့္ သူတက္သြားတိုင္ ခံစစ္မွာ ေနရာလြတ္ေတြ က်န္ခဲ့ပါတယ္။ ဒါကို ဗီလာ ဘယ္လို အသံုးခ်မလဲပါပဲ။ အဲဒီ ေတာင္ပံ ေနရလြတ္ေတြကပဲ လီဗာပူးကို နုိင္ပြဲ ရေစသလို ရွံဳးပြဲလည္း ေတြ႔သြားေစနုိင္ပါတယ္။ ေနရာလြတ္ေတြကေန ဗီလာ ၾကိဳးစား တိုက္စစ္ဆင္မွာ ျဖစ္သလို သူတို႔ ခံစားသြားရနိုင္ပါတယ္။ ဒါက လီဗာပူး ကၽြမ္းက်င္ေနတဲ့ ကစားဟန္ပါ။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ အက္စတြန္ဗီလာ ၁-၃ လီဗာပူးပဲ ျဖစ္ပါတယ္။