လီဗာပူးအသင်း ခံစစ်မှူးဟောင်း ဂျင်မီ ကာရေဂါက လက်ရှိ လက်စတာအသင်းနဲ့ အတူ ရလဒ်ကောင်းများ ရယူပေးနေတဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာ ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြတော့ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အကြောင်း ရှင်းလင်း ပြောဆိုသွားပါတယ်။ လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းများ မရယူနိုင်ဘဲ အဆင့် ၇ နေရာမှာသာ အသင်းကို ဆွဲတင်ထားနိုင်တာကြောင့် ဖိအားများ ရှိနေပါတယ်။

ရော်ဂျာကတော့ လက်စတာနဲ့ အတူ ဘောလုံးရာသီကောင်း စတင်ထားပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေကာ ဆိုးရှားနေရာ အစားဝင်လာနိုင်မယ့် နည်းပြ အဖြစ် ရေပန်းစားနေပါတယ်။ ကာရေဂါကတော့ ဘရန်ဒန်ရော်ဂျာဟာ လီဗာပူးမှာ နည်းပြ အဖြစ် တာဝန်ယူဖူးသူ ဖြစ်တာကြောင့် ယူနိုက်တက်သို့ မသွားနိုင်တဲ့ အကြောင်း အခိုင်အမာ ဆိုလာတာပါ။

” လီဗာပူး ဆိုရင် ယူနိုက်တက် အတွက် မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘရန်ဒန်ရော်ဂျာက လီဗာပူး မန်နေဂျာ ဖြစ်ဖူးသူပါ။ အာဆင်နယ်နဲ့ ချယ်ဆီးကို လာမယ့် နှစ်နည်းနည်းလောက် စောင့်ကြည့်လိုက်ပါ။ ဖရန့်ကလည်း အဲဒီမှာ ဘယ်လောက် ကြာမလဲ မပြောနိုင်ဘူးလေ။ ”

” ရော်ဂျာက ချယ်ဆီးနဲ့ အချိတ်အဆက် ရှိထားသူပါ။ လူငယ်အသင်းနဲ့ အရန်အသင်းတွေ ကိုင်တွယ်ဘူးတယ်။ အဲဒီတော့ (အာဆင်နယ်၊ ချယ်ဆီး) နှစ်သင်းကပဲ ရော်ဂျာ အနေနဲ့ နိုင်ငံတကာ အတိုင်းအတာနဲ့ ကျေနပ်လောက်မယ့် အနေအထားတွေ ဖြစ်ပါလိမ့်မယ်။ ” လို့ ကာရေဂါက ဆိုပါတယ်။

ဘရန်ဒန်ရော်ဂျာက ၂၀၁၂ ကနေ ၂၀၁၅ အတွင်း ဘောလုံးရာသီ သုံးရာသီပြည့် လီဗာပူးအသင်းကို ကိုင်တွယ်သွားဖူးသူပါ။ ၎င်းရှိစဉ်က လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ နီးစပ်ခဲ့ဖူးပြီး ထိုစဉ်က ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

Zawgyi

လီဗာပူးအသင္း ခံစစ္မွဴးေဟာင္း ဂ်င္မီ ကာေရဂါက လက္ရွိ လက္စတာအသင္းနဲ႕ အတူ ရလဒ္ေကာင္းမ်ား ရယူေပးေနတဲ့ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာ ဟာ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပေတာ့ ဘယ္လိုမွ ျဖစ္မလာနိုင္တဲ့ အေၾကာင္း ရွင္းလင္း ေျပာဆိုသြားပါတယ္။ လက္ရွိ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းမ်ား မရယူနိုင္ဘဲ အဆင့္ ၇ ေနရာမွာသာ အသင္းကို ဆြဲတင္ထားနိုင္တာေၾကာင့္ ဖိအားမ်ား ရွိေနပါတယ္။

ေရာ္ဂ်ာကေတာ့ လက္စတာနဲ႕ အတူ ေဘာလံုးရာသီေကာင္း စတင္ထားျပီး လက္ရွိ အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရွိေနကာ ဆိုးရွားေနရာ အစား၀င္လာနုိင္မယ့္ နည္းျပ အျဖစ္ ေရပန္းစားေနပါတယ္။ ကာေရဂါကေတာ့ ဘရန္ဒန္ေရာ္ဂ်ာဟာ လီဗာပူးမွာ နည္းျပ အျဖစ္ တာ၀န္ယူဖူးသူ ျဖစ္တာေၾကာင့္ ယူနိုက္တက္သို႔ မသြားနုိင္တဲ့ အေၾကာင္း အခိုင္အမာ ဆိုလာတာပါ။

” လီဗာပူး ဆိုရင္ ယူနိုက္တက္ အတြက္ မျဖစ္နုိင္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘရန္ဒန္ေရာ္ဂ်ာက လီဗာပူး မန္ေနဂ်ာ ျဖစ္ဖူးသူပါ။ အာဆင္နယ္နဲ႕ ခ်ယ္ဆီးကို လာမယ့္ နွစ္နည္းနည္းေလာက္ ေစာင့္ၾကည့္လိုက္ပါ။ ဖရန္႕ကလည္း အဲဒီမွာ ဘယ္ေလာက္ ၾကာမလဲ မေျပာနုိင္ဘူးေလ။ ”

” ေရာ္ဂ်ာက ခ်ယ္ဆီးနဲ႕ အခ်ိတ္အဆက္ ရွိထားသူပါ။ လူငယ္အသင္းနဲ႕ အရန္အသင္းေတြ ကိုင္တြယ္ဘူးတယ္။ အဲဒီေတာ့ (အာဆင္နယ္၊ ခ်ယ္ဆီး) နွစ္သင္းကပဲ ေရာ္ဂ်ာ အေနနဲ႕ နုိင္ငံတကာ အတိုင္းအတာနဲ႕ ေက်နပ္ေလာက္မယ့္ အေနအထားေတြ ျဖစ္ပါလိမ့္မယ္။ ” လို႔ ကာေရဂါက ဆိုပါတယ္။

ဘရန္ဒန္ေရာ္ဂ်ာက ၂၀၁၂ ကေန ၂၀၁၅ အတြင္း ေဘာလံုးရာသီ သံုးရာသီျပည့္ လီဗာပူးအသင္းကို ကိုင္တြယ္သြားဖူးသူပါ။ ၄င္းရွိစဥ္က လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ဗိုလ္စြဲဖို႔ နီးစပ္ခဲ့ဖူးျပီး ထိုစဥ္က ဒုတိယေနရာနဲ႕ ေက်နပ္ခဲ့ရပါတယ္။