ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မတ်ဒီဆန် (သို့) ဂရေးလစ် တစ်ဦးဦးကို ခေါ်ယူသင့်ပါတယ်လို့ ဝက်ဘရောင်းက တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ ကွင်းလယ်လူ နှစ်ဦးကို စပါးအသင်းက ပစ်မှတ်ထားနေတာဖြစ်ပေမယ့် ယူနိုက်တက်ကလည်း ဆွဲဆောင်နိုင်မယ်လို့ ဝက်ဘရွန်းက မြင်ပါတယ်။

နယူးရီးယားမှာ ယူနိုက်တက်ဟာ ဈေးကွက်ထဲ ဝင်လာဖို့ရှိပြီး ကလပ်အသင်း နွေတုန်းက မပြီးပြတ်ခဲ့တဲ့ ခေါ်ယူမှုတွေကို ပြန်လည် အသက်သွင်းဖို့ ရှိနေတာပါ။ ဆိုးရှားဟာ တိုက်စစ်မှူးသစ် အလိုရှိပြီး ဂျူဗင်တပ်မှ မန်ဇူကစ်ကို ခေါ်ယူလိုတာက သတင်းစိမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ နောက်ထပ် ဦးစားပေး နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကလည်း ဆိုးရှား အင်အားဖြည့်ဖို့ လိုအပ်နေတဲ့ နောပဲဖြစ်တယ်။

ဝက်ဘရောင်းက “ အရင်ပွဲအနည်းငယ်မှာ ဂရေးလစ်က အရမ်းကောင်းပါတယ်။ ဘောလုံး ဘယ်လိုပေးရမယ်ဆိုတာ သူမြင်နိုင်စွမ်းရှိတယ်။ မတ်ဒီဆန်က အမြဲတမ်း ကောင်းမွန်နေခဲ့ပြီး ဧရိယာထဲ ဝင်ရောက် ခြိမ်းခြောက်နိုင်စွမ်း ရှိသူဖြစ်တယ်။ ဒီ ငယ်ရွယ်တဲ့ အင်္ဂလန်ကစားသမား နှစ်ဦးဟာ ယူနိုက်တက် လူစာရင်းကို တောင့်တင်းလာအောင် ကူညီပေးနိုင်စွမ်း ရှိပါတယ် ” လို့ တိုက်တွန်းခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ဒီရာသီကို ပုံစံဆိုးတွေနဲ့ စတင်လာခဲ့တယ်ဆိုပေမယ့် ကုန်ခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ရလဒ်ကောင်းနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ပြသလာခဲ့တာပါ။ လီဗာပူး၊ ပါတီဇန်၊ နော်ဝစ်၊ ချယ်ဆီးပွဲတွေမှာတော့ ဆိုးရှားရဲ့ အသင်းဟာ ဒီရာသီကို အပြောင်းအလဲတွေ ပြန်ဖြစ်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီး ပရီးမီးယားလိဂ်ကို သတိပေးမှုလည်း ဖြစ်လာစေခဲ့ပါတယ်။

“ ကလပ်က ဆိုးရှားကို အချိန်ပေးဖို့ လိုပါမယ်။ ဘာလို့လည်းဆိုတော့ အားလုံးကို နောက်တစ်ကြိမ် ပြန်စရမှာမို့ပါ။ လူစာရင်းကို ကြည့်မယ်ဆိုရင် မန်နေဂျာ ဘယ်သူပဲဖြစ်ပါစေ ကစားသမားသစ်တွေ လိုအပ်တာကို တွေ့ရမှာပါ။ ဒီတော့ ဆိုရှားကို သူ့စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူခွင့်ပေးပြီး ပြန်လည် စတင်ခွင့် ပြုလိုက်ပါ။

ဆိုးရှားက သူ့မှာ အစီအစဉ်တွေရှိတယ်လို့ ပြောတယ်။ လူသစ်ခေါ်တာတွေက သူလုပ်လိုတာဖြစ်ပြီး ကာလတစ်ခုတော့ စောင့်ရပါမယ်။ ဒါကို လက်ခံဖို့ လိုအပ်သလို ကလပ်အသင်းကလည်း ကောင်းကောင်းကြီး နားလည်မယ်လို့ ထင်ပါတယ်။ သူက ရဲရင့်ပါတယ် ကလပ်အသင်းရဲ့ ရည်မှန်းချက်တွေကလည်း အရမ်း မြင့်ပါတယ် ” လို့ ဝက်ဘရွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ မတ္ဒီဆန္ (သို႔) ဂေရးလစ္ တစ္ဦးဦးကို ေခၚယူသင့္ပါတယ္လို႔ ဝက္ဘေရာင္းက တိုက္တြန္းလိုက္ပါတယ္။ အဆိုပါ ကြင္းလယ္လူ ႏွစ္ဦးကို စပါးအသင္းက ပစ္မွတ္ထားေနတာျဖစ္ေပမယ့္ ယူႏုိက္တက္ကလည္း ဆြဲေဆာင္ႏုိင္မယ္လို႔ ဝက္ဘရြန္းက ျမင္ပါတယ္။

နယူးရီးယားမွာ ယူႏုိက္တက္ဟာ ေစ်းကြက္ထဲ ဝင္လာဖို႔ရွိျပီး ကလပ္အသင္း ေႏြတုန္းက မျပီးျပတ္ခဲ့တဲ့ ေခၚယူမႈေတြကို ျပန္လည္ အသက္သြင္းဖို႔ ရွိေနတာပါ။ ဆိုးရွားဟာ တိုက္စစ္မွဴးသစ္ အလိုရွိျပီး ဂ်ဴဗင္တပ္မွ မန္ဇူကစ္ကို ေခၚယူလိုတာက သတင္းစိမ္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ေနာက္ထပ္ ဦးစားေပး ေနရာျဖစ္တဲ့ ကြင္းလယ္တိုက္စစ္ကလည္း ဆိုးရွား အင္အားျဖည့္ဖို႔ လိုအပ္ေနတဲ့ ေနာပဲျဖစ္တယ္။

ဝက္ဘေရာင္းက “ အရင္ပြဲအနည္းငယ္မွာ ဂေရးလစ္က အရမ္းေကာင္းပါတယ္။ ေဘာလံုး ဘယ္လိုေပးရမယ္ဆိုတာ သူျမင္ႏုိင္စြမ္းရွိတယ္။ မတ္ဒီဆန္က အျမဲတမ္း ေကာင္းမြန္ေနခဲ့ျပီး ဧရိယာထဲ ဝင္ေရာက္ ျခိမ္းေျခာက္ႏုိင္စြမ္း ရွိသူျဖစ္တယ္။ ဒီ ငယ္ရြယ္တဲ့ အဂၤလန္ကစားသမား ႏွစ္ဦးဟာ ယူႏုိုက္တက္ လူစာရင္းကို ေတာင့္တင္းလာေအာင္ ကူညီေပးႏုိင္စြမ္း ရွိပါတယ္ ” လို႔ တိုက္တြန္းခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ ဒီရာသီကို ပံုစံဆိုးေတြနဲ႔ စတင္လာခဲ့တယ္ဆိုေပမယ့္ ကုန္ခဲ့တဲ့ ျပိဳင္ပြဲစံု ၄ ပြဲမွာ ရလဒ္ေကာင္းနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္တိုက္ ျပသလာခဲ့တာပါ။ လီဗာပူး၊ ပါတီဇန္၊ ေနာ္ဝစ္၊ ခ်ယ္ဆီးပြဲေတြမွာေတာ့ ဆိုးရွားရဲ႕ အသင္းဟာ ဒီရာသီကို အေျပာင္းအလဲေတြ ျပန္ျဖစ္ႏုိင္တယ္ဆိုတာကို ျပသခဲ့ျပီး ပရီးမီးယားလိဂ္ကို သတိေပးမႈလည္း ျဖစ္လာေစခဲ့ပါတယ္။

“ ကလပ္က ဆိုးရွားကို အခ်ိန္ေပးဖို႔ လိုပါမယ္။ ဘာလို႔လည္းဆိုေတာ့ အားလံုးကို ေနာက္တစ္ၾကိမ္ ျပန္စရမွာမို႔ပါ။ လူစာရင္းကို ၾကည့္မယ္ဆိုရင္ မန္ေနဂ်ာ ဘယ္သူပဲျဖစ္ပါေစ ကစားသမားသစ္ေတြ လိုအပ္တာကို ေတြ႔ရမွာပါ။ ဒီေတာ့ ဆိုရွားကို သူ႔စိတ္ၾကိဳက္ ကစားသမားေတြ ေခၚယူခြင့္ေပးျပီး ျပန္လည္ စတင္ခြင့္ ျပဳလိုက္ပါ။

ဆိုးရွားက သူ႔မွာ အစီအစဥ္ေတြရွိတယ္လုိ႔ ေျပာတယ္။ လူသစ္ေခၚတာေတြက သူလုပ္လိုတာျဖစ္ျပီး ကာလတစ္ခုေတာ့ ေစာင့္ရပါမယ္။ ဒါကို လက္ခံဖို႔ လိုအပ္သလို ကလပ္အသင္းကလည္း ေကာင္းေကာင္းၾကီး နားလည္မယ္လို႔ ထင္ပါတယ္။ သူက ရဲရင့္ပါတယ္ ကလပ္အသင္းရဲ႕ ရည္မွန္းခ်က္ေတြကလည္း အရမ္း ျမင့္ပါတယ္ ” လို႔ ဝက္ဘရြန္းက ေျပာဆိုခဲ့တာျဖစ္ပါတယ္။