လီဗာပူးနဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ ကင်းထောက်တွေလည်း တက်ရောက်ခဲ့ပြီး စပါးအသင်းသား အဲရစ်ဆန်ကို အဓိက စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်ကို ပြောင်းလာပြီးနောက်ပိုင်း မြောက်လန်ဒန်ကလပ်ရဲ့ အဓိက အသင်းသားဖြစ်လာခဲ့ပေမယ့် ဒီနှစ်ပြီးရင် သက်တမ်းမတိုးလိုတဲ့ အဲရစ်ဆန်ကို ခေါ်ယူဖို့ အလေးအနက်ထားနေတာပါ။ ဒါပေမယ့်လို့ ဂျူဗင်တပ်ဟာ လီဗာပူး အသင်းသား အချို့နဲ့လည်း သတင်းတွေ ထွက်ခဲ့ဖူးတာကြောင့် သူတို့ ကင်းထောက်စောင့်ကြည့်မှု လာလုပ်တဲ့ ကစားသမားတွေထဲ ယာဂင်ကလော့ပ်ရဲ့ တပည့်တွေ ပါဝင်မလားဆိုတာက သိလိုကြတဲ့ မေးခွန်းလည်းဖြစ်ပါတယ်။

ဒီကိစ္စအတွက် စိတ်ပူစရာမရှိတာက ဂျူဗင်တပ်ဟာ အဲရစ်ဆန်ရဲ့ ခြေစွမ်းကိုပဲ လာရောက် စောင့်ကြည့်ခဲ့တာဖြစ်ပြီး သူတို့ အစီအစဉ်မှာ လီဗာပူးအသင်းသားတွေကို စောင့်ကြည့်ဖို့ မရှိသလို အနာဂတ်မှာလည်း လီဗာပူး ကစားသမားတွေကို ခေါ်ယူမှုတွေ ထပ်မံ လုပ်ဆောင်ဖို့ မရှိဘူးလို့ ယုံကြည်ရတယ်။ ဂျူဗင်တပ်ဟာ မကြာသေးခင်ကပဲ ချန်ကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်ဖြစ်သူ Simon Hughes က ဂျူဗင်တပ်အကြီးအကဲကို လီဗာပူးအသင်းသားတွေကိုကော ကင်းထောက်စောင့်ကြည့်ခြင်း ရှိပါသလားလို့ တိုက်ရိုက် မေးခဲ့ရာမှာ ၎င်းက “ လီဗာပူးအသင်းသား တစ်ဦးတစ်ယောက်ကိုမျှ သူတို့ ခေါ်ယူဖို့ မတတ်နိုင်ဘူး ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ် ကိုင်တွယ်မှုနောက်ပိုင်းမှာ လီဗာပူးရဲ့ ပွဲထွက်လူစာရင်းဟာ တန်ကြေး အတော်ကို တက်လာခဲ့တာဖြစ်ပြီး နောက်ဆုံး ရောင်းထုတ်ထားတဲ့ အဓိကကစားသမား ကော်တင်ညိုဟာဆိုရင် ဘာစီလိုနာကို ပေါင် ၁၄၂ သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်တယ်။ လက်ရှိ စီနီယာကစားသမားတိုင်းရဲ့ တန်ကြေးဟာ အတော်မြင့်မားတဲ့ ပမာဏကို ရောက်နေတာဖြစ်လို့ လီဗာပူးအသင်းသားတွေကို ခေါ်ယူဖို့ ဈေးမတတ်နိုင်ပါဘူးလို့ ဂျူဗင်တပ်အကြီးအကဲက ဖြေဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ကွင်းလယ်လူ ဖာဘင်ညို၊ ခံစစ်မှူး ဗန်ဒိုက်တို့ဟာ ဥရောပ ထိပ်တန်းအသင်းတိုင်း အလိုရှိနေတဲ့ ကစားသမားတွေ ဖြစ်လာနေခဲ့ပြီး ယာဂင်ကလော့ပ်ကတော့ ၎င်းတို့ကို လုံးဝ ရောင်းမထုတ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ စပါးတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲမွာေတာ့ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းရဲ႕ ကင္းေထာက္ေတြလည္း တက္ေရာက္ခဲ့ျပီး စပါးအသင္းသား အဲရစ္ဆန္ကို အဓိက ေစာင့္ၾကည့္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္ဟာ ၂၀၁၃ ခုႏွစ္က ေအဂ်က္ကို ေျပာင္းလာျပီးေနာက္ပိုင္း ေျမာက္လန္ဒန္ကလပ္ရဲ႕ အဓိက အသင္းသားျဖစ္လာခဲ့ေပမယ့္ ဒီႏွစ္ျပီးရင္ သက္တမ္းမတိုးလိုတဲ့ အဲရစ္ဆန္ကို ေခၚယူဖို႔ အေလးအနက္ထားေနတာပါ။ ဒါေပမယ့္လို႔ ဂ်ဴဗင္တပ္ဟာ လီဗာပူး အသင္းသား အခ်ိဳ႕နဲ႔လည္း သတင္းေတြ ထြက္ခဲ့ဖူးတာေၾကာင့္ သူတို႔ ကင္းေထာက္ေစာင့္ၾကည့္မႈ လာလုပ္တဲ့ ကစားသမားေတြထဲ ယာဂင္ကေလာ့ပ္ရဲ႕ တပည့္ေတြ ပါဝင္မလားဆိုတာက သိလိုၾကတဲ့ ေမးခြန္းလည္းျဖစ္ပါတယ္။

ဒီကိစၥအတြက္ စိတ္ပူစရာမရွိတာက ဂ်ဴဗင္တပ္ဟာ အဲရစ္ဆန္ရဲ႕ ေျခစြမ္းကိုပဲ လာေရာက္ ေစာင့္ၾကည့္ခဲ့တာျဖစ္ျပီး သူတို႔ အစီအစဥ္မွာ လီဗာပူးအသင္းသားေတြကို ေစာင့္ၾကည့္ဖို႔ မရွိသလို အနာဂတ္မွာလည္း လီဗာပူး ကစားသမားေတြကို ေခၚယူမႈေတြ ထပ္မံ လုပ္ေဆာင္ဖို႔ မရွိဘူးလို႔ ယံုၾကည္ရတယ္။ ဂ်ူဗင္တပ္ဟာ မၾကာေသးခင္ကပဲ ခ်န္ကို အလႊတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားတာျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ျဖစ္သူ Simon Hughes က ဂ်ဴဗင္တပ္အၾကီးအကဲကို လီဗာပူးအသင္းသားေတြကိုေကာ ကင္းေထာက္ေစာင့္ၾကည့္ျခင္း ရွိပါသလားလို႔ တိုက္ရိုက္ ေမးခဲ့ရာမွာ ၄င္းက “ လီဗာပူးအသင္းသား တစ္ဦးတစ္ေယာက္ကိုမွ် သူတို႔ ေခၚယူဖို႔ မတတ္ႏုိင္ဘူး ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ ကိုင္တြယ္မႈေနာက္ပိုင္းမွာ လီဗာပူးရဲ႕ ပြဲထြက္လူစာရင္းဟာ တန္ေၾကး အေတာ္ကို တက္လာခဲ့တာျဖစ္ျပီး ေနာက္ဆံုး ေရာင္းထုတ္ထားတဲ့ အဓိကကစားသမား ေကာ္တင္ညိဳဟာဆိုရင္ ဘာစီလိုနာကို ေပါင္ ၁၄၂ သန္းနဲ႔ ေရာက္ရွိခဲ့တာျဖစ္တယ္။ လက္ရွိ စီနီယာကစားသမားတိုင္းရဲ႕ တန္ေၾကးဟာ အေတာ္ျမင့္မားတဲ့ ပမာဏကို ေရာက္ေနတာျဖစ္လို႔ လီဗာပူးအသင္းသားေတြကို ေခၚယူဖို႔ ေစ်းမတတ္ႏုိင္ပါဘူးလို႔ ဂ်ဴဗင္တပ္အၾကီးအကဲက ေျဖဆိုခဲ့ျခင္းပဲ ျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္သမားေတြျဖစ္တဲ့ ဆာလက္၊ မာေနး၊ ကြင္းလယ္လူ ဖာဘင္ညိဳ၊ ခံစစ္မွဴး ဗန္ဒိုက္တို႔ဟာ ဥေရာပ ထိပ္တန္းအသင္းတိုင္း အလိုရွိေနတဲ့ ကစားသမားေတြ ျဖစ္လာေနခဲ့ျပီး ယာဂင္ကေလာ့ပ္ကေတာ့ ၄င္းတို႔ကို လံုးဝ ေရာင္းမထုတ္ဖို႔ ဆံုးျဖတ္ထားတာ ျဖစ္ပါတယ္။