လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က အာဆင်နယ် လူငယ်တိုက်စစ်သမား မာတင်နယ်လီဟာ ရာစုနှစ် တစ်ခုစာ အတွင်း အထူးချွန်ဆုံး ပါရမီရှင် ကစားသမားလို့ ချီးကျူး စကား ဆိုလိုက်ပါတယ်။ ကလော့ပ်က မာတင်နယ်လီရဲ့ ခြေစွမ်းကို ကာရာဘောင်းဖလား ပွဲမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် အရွယ် ဘရာဇီးသားဟာ ဒီနွေမှာ Ituano အသင်းကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးနဲ့ ၅-၅ သရေကျတဲ့ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့သူပါ။ ဒါပေမယ့် အာဆင်နယ်က ပင်နယ်တီမှာ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာ ခဲ့ရပါတယ်။

မာတင်နယ်လီဟာ ထိုပွဲမှာ လီဗာပူး ဂိုးသမား ကလယ်ဟားရဲ့ ကာကွယ်မှုက ပြန်အံထွက်လာတဲ့ ဘောလုံးကို ပါးနပ်စွာ ပိတ်ပြီး တစ်ဂိုး သွင်းခဲ့တဲ့ အပြင် ဆယ်မိနစ် အကြာမှာပဲ ဆာကာရဲ့ ဖြတ်တင်ဘောကို လှပစွာ ကန်သွင်းကာ ဒုတိယဂိုး ရယူခဲ့တာပါ။ မာတင်နယ်လီရဲ့ ခြေစွမ်းတွေက အူနိုင်း အမ်မရီရဲ့ အာဆင်နယ် စီနီယာအသင်းကြီးမှာ ပါဝင်ကစားဖို့ ထိုက်တန်နေပြီး လီဗာပူးနဲ့ ပွဲဟာ ၎င်း ထပ်မံ အစွမ်းပြခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ မာတင်နယ်လီဟာ ကလပ်အသင်းသစ် အတွက် ၇ ဂိုး သွင်းယူပေးထားပြီး ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ကလည်း အာဆင်နယ်နဲ့ ပွဲမှာ လူငယ် ကစားသမား အများအပြား ပွဲထုတ်လာခဲ့ပြီး မာတင်နယ်လီက လီဗာပူးလူငယ်တွေ တားဆီးရ ခက်ခဲခဲ့တဲ့သူ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

” ဗန်ဒါဘတ်အတွက် ပွဲကောင်း တစ်ပွဲ ကြုံခဲ့ရတာပါ။ ဒီကောင်လေးတွေကို တားဆီးဖို့က အရမ်း ခက်ခဲတယ်။ အထူးသဖြင့် မာတင်နယ်လီက တူညီတဲ့ အသက်ရွယ်တန်းထဲမှာတောင် သိပ်ကောင်းခဲ့တယ်။ သူက ရာစုနှစ် တစ်ခုထဲမှာ အကောင်းဆုံး ပါရမီရှင် ကစားသမားတစ်ယောက်ပါ။ လုံး၀ ကောင်းမွန်လွန်းတဲ့ တိုက်စစ်မှူး ဖြစ်တယ်။ ဒါကြောင့်လည်း တကယ်ကို ခက်ခဲခဲ့တာပါ။”

” သူ့အပြင် အိုဇေးလည်းရှိတယ် ဝယ်လော့လည်း ရှိတယ်။ ဝယ်လော့ ဂိုးလည်းဆို တကယ် ကောင်းမွန်တယ်။ အာဆင်နယ်လို့ ကောင်တာ တိုက်စစ် ကောင်းနေတဲ့ အသင်း တစ်သင်းကို တိုးဝင် ကစားရတာ ဘောလုံးလည်း အများကြီး ဆုံးရှုံးသလို တော်တော်လည်း ခက်ခဲခဲ့ပါတယ်။ ” လို့ ကလော့ပ်က ပြောကြားလိုက်ပါတယ်။

Zawgyi

လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အာဆင္နယ္ လူငယ္တိုက္စစ္သမား မာတင္နယ္လီဟာ ရာစုနွစ္ တစ္ခုစာ အတြင္း အထူးခၽြန္ဆံုး ပါရမီရွင္ ကစားသမားလို႔ ခ်ီးက်ဴး စကား ဆိုလိုက္ပါတယ္။ ကေလာ့ပ္က မာတင္နယ္လီရဲ႕ ေျခစြမ္းကို ကာရာေဘာင္းဖလား ပြဲမွာ မ်က္၀ါးထင္ထင္ ျမင္ခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၁၈ နွစ္ အရြယ္ ဘရာဇီးသားဟာ ဒီေႏြမွာ Ituano အသင္းကေန အာဆင္နယ္ထံ ေျပာင္းေရႊ႕လာသူ ျဖစ္ျပီး လီဗာပူးနဲ႕ ၅-၅ သေရက်တဲ့ ပြဲမွာ ၂ ဂိုး သြင္းယူခဲ့သူပါ။ ဒါေပမယ့္ အာဆင္နယ္က ပင္နယ္တီမွာ အေရးနိမ့္ခဲ့တာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာ ခဲ့ရပါတယ္။

မာတင္နယ္လီဟာ ထိုပြဲမွာ လီဗာပူး ဂိုးသမား ကလယ္ဟားရဲ႕ ကာကြယ္မႈက ျပန္အံထြက္လာတဲ့ ေဘာလံုးကို ပါးနပ္စြာ ပိတ္ျပီး တစ္ဂိုး သြင္းခဲ့တဲ့ အျပင္ ဆယ္မိနစ္ အၾကာမွာပဲ ဆာကာရဲ႕ ျဖတ္တင္ေဘာကို လွပစြာ ကန္သြင္းကာ ဒုတိယဂိုး ရယူခဲ့တာပါ။ မာတင္နယ္လီရဲ႕ ေျခစြမ္းေတြက အူနိုင္း အမ္မရီရဲ႕ အာဆင္နယ္ စီနီယာအသင္းၾကီးမွာ ပါ၀င္ကစားဖို႔ ထိုက္တန္ေနျပီး လီဗာပူးနဲ႕ ပြဲဟာ ၄င္း ထပ္မံ အစြမ္းျပခဲ့တဲ့ ပြဲ ျဖစ္ပါတယ္။ မာတင္နယ္လီဟာ ကလပ္အသင္းသစ္ အတြက္ ၇ ဂိုး သြင္းယူေပးထားျပီး ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ကလည္း အာဆင္နယ္နဲ႕ ပြဲမွာ လူငယ္ ကစားသမား အမ်ားအျပား ပြဲထုတ္လာခဲ့ျပီး မာတင္နယ္လီက လီဗာပူးလူငယ္ေတြ တားဆီးရ ခက္ခဲခဲ့တဲ့သူ ျဖစ္ေၾကာင္း ၀န္ခံခဲ့ပါတယ္။

” ဗန္ဒါဘတ္အတြက္ ပြဲေကာင္း တစ္ပြဲ ၾကံဳခဲ့ရတာပါ။ ဒီေကာင္ေလးေတြကို တားဆီးဖို႔က အရမ္း ခက္ခဲတယ္။ အထူးသျဖင့္ မာတင္နယ္လီက တူညီတဲ့ အသက္ရြယ္တန္းထဲမွာေတာင္ သိပ္ေကာင္းခဲ့တယ္။ သူက ရာစုနွစ္ တစ္ခုထဲမွာ အေကာင္းဆံုး ပါရမီရွင္ ကစားသမားတစ္ေယာက္ပါ။ လံုး၀ ေကာင္းမြန္လြန္းတဲ့ တိုက္စစ္မွဴး ျဖစ္တယ္။ ဒါေၾကာင့္လည္း တကယ္ကို ခက္ခဲခဲ့တာပါ။”

” သူ႔အျပင္ အိုေဇးလည္းရွိတယ္ ၀ယ္ေလာ့လည္း ရွိတယ္။ ၀ယ္ေလာ့ ဂိုးလည္းဆို တကယ္ ေကာင္းမြန္တယ္။ အာဆင္နယ္လုိ႔ ေကာင္တာ တိုက္စစ္ ေကာင္းေနတဲ့ အသင္း တစ္သင္းကို တိုး၀င္ ကစားရတာ ေဘာလံုးလည္း အမ်ားၾကီး ဆံုးရွံဳးသလို ေတာ္ေတာ္လည္း ခက္ခဲခဲ့ပါတယ္။ ” လို႔ ကေလာ့ပ္က ေျပာၾကားလိုက္ပါတယ္။