ဝတ်ဖို့သွားရမယ့် ပရီးမီးယားလိဂ်ပွဲကြိုမှာပဲ မန်နေဂျာလမ်းပတ်ဟာ စိတ်ညစ်နေရတဲ့ ဒဏ်ရာပြဿနာနဲ့ ပက်သက်ပြီး သတင်းကောင်းတစ်ခုကို စတင်ကာ ရရှိခဲ့ပြီလို့ သိရပါတယ်။

ဒီရာသိမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်နေရတဲ့ ရူဒီဂါဟာ ပြန်သက်သာလာပြီဖြစ်ပြီး ဒီတစ်ပတ် အဝေးကွင်းပွဲမှာ လိုက်ပါသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ ဂျာမန်သား ခံစစ်မှူးဟာ ဒီနွေမှာ ဒူးဒဏ်ရာကို ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပြီး ပွဲကောင်းတွေကို လွဲချော်နေခဲ့တာပါ။ ဒါပေမယ့်လို့ သူဟာ အနာဂတ်မှာတော့ အဓိက ကစားသမားအဖြစ် ပြန်လည် ပွဲထွက်ပေးလာတာကို မြင်ရတော့မှာဖြစ်တယ်။

စက်တင်ဘာလတုန်းက ဝုဗ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ရူဒီဂါဟာ သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ပြန်ကစားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ လူစားပြန်လဲခံခဲ့ရပြီး ထိုစဉ်တည်းက အသင်းလူစာရင်းမှာ ပြန်မပပါနိုင်တော့တာဖြစ်တယ်။ လမ်းပတ်က ခံစစ်မှူးဟာ ကြံ့ခိုင်မှု တိုးတက်လာနေကြောင်း သတင်းတွေမှာ ဖြေကြားပေးပေမယ့် ဒီတစ်ကြိမ် သူ့ရဲ့ ဖြေဆိုပေးမှုက ဗဟိုခံစစ်ပိုင်း လူအင်အားနည်းနေမှုအတွက် အားတက်စရာ ဖြစ်လာခဲ့ပါတယ်။

လမ်းပတ်က ” ကျွမ်းကျင်ပုဂ္ဂိုလ်တွေနဲ့ ရူဒီဂါ လေ့ကျင့်ရေး ပြန်ဆင်းနေပါပြီ။ သူ့အတွက်တော့ တိုးတက်မှုလည်းဖြစ်ပါတယ်။ သူက လူတိုင်းအတွက် ခက်ခဲတဲ့ ဒဏ်ရာပြဿနာမျိုးကို ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ အပြင်ထွက်လာနိုင်တာက တကယ်ကို အပေါင်းလက္ခဏာဆောင်ပါတယ်။ ပွဲနေ့ ကြံ့ခိုင်မှုတွေအတွက် သူက အလုပ်တွေကို အကောင်းဆုံး လုပ်ဆောင်ထားတယ်။ သူ အပြင်ကို ပြန်ရောက်လာတာ ကျနော်တို့အတွက် တကယ်ကို ကျေနပ်စရာ ဖြစ်ပါတယ် ” လို ဆိုခဲ့ပါတယ်။

ချယ်ဆီးက ကာရာဘောင်းပွဲမှာ ယူနိုက်တက်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့်လို့ ဆက်လက် ယှဉ်ပြိုင်ရမယ့် ဝတ်ဖို့ပွဲမှာ ရူဒီဂါရဲ့ အခြေအနေနဲ့ ပက်သက်လို့ ” သူ့ကို အချိန်အကြာကြီး စောင့်နေခဲ့ရတာပါ။ ကျနော် အရွတ်မှာ ဒဏ်ရာရတုန်းကတောင်မှ အဲ့လောက်ထိ မကြာခဲ့ပါဘူး။ ကျနော်တုန်းကလည်း ကစားလိုစိတ်တွေ တရွရွဖြစ်နေခဲ့ပေမယ့် စိတ်ရှည်ခဲ့ပါတယ် ” ဆိုပြီး ရူဒီဂါကို ချက်ခြင်းတော့ ပြန်သုံးမှာ မဟုတ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

ZAWGYI

ဝတ္ဖို႔သြားရမယ့္ ပရီးမီးယားလိဂ္ပြဲၾကိဳမွာပဲ မန္ေနဂ်ာလမ္းပတ္ဟာ စိတ္ညစ္ေနရတဲ့ ဒဏ္ရာျပႆနာနဲ႔ ပက္သက္ျပီး သတင္းေကာင္းတစ္ခုကို စတင္ကာ ရရွိခဲ့ျပီလို႔ သိရပါတယ္။

ဒီရာသိမွာ ၾကံ႕ခိုင္မႈပိုင္းဆိုင္ရာ ရုန္းကန္ေနရတဲ့ ရူဒီဂါဟာ ျပန္သက္သာလာျပီျဖစ္ျပီး ဒီတစ္ပတ္ အေဝးကြင္းပြဲမွာ လိုက္ပါသြားဖို႔ အဆင္သင့္ျဖစ္ေနျပီျဖစ္ပါတယ္။ ဂ်ာမန္သား ခံစစ္မွဴးဟာ ဒီေႏြမွာ ဒူးဒဏ္ရာကို ခြဲစိတ္မႈ ခံယူခဲ့ရတာျဖစ္ျပီး ပြဲေကာင္းေတြကို လြဲေခ်ာ္ေနခဲ့တာပါ။ ဒါေပမယ့္လို႔ သူဟာ အနာဂတ္မွာေတာ့ အဓိက ကစားသမားအျဖစ္ ျပန္လည္ ပြဲထြက္ေပးလာတာကို ျမင္ရေတာ့မွာျဖစ္တယ္။

စက္တင္ဘာလတုန္းက ဝုဗ္ကို ရင္ဆုိင္ကစားတဲ့ပြဲမွာ ရူဒီဂါဟာ သူ႔ရဲ႕ ပထမဆံုးပြဲအျဖစ္ ျပန္ကစားႏုိင္ခဲ့တယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ လူစားျပန္လဲခံခဲ့ရျပီး ထိုစဥ္တည္းက အသင္းလူစာရင္းမွာ ျပန္မပပါႏုိင္ေတာ့တာျဖစ္တယ္။ လမ္းပတ္က ခံစစ္မွဴးဟာ ၾကံ႕ခိုင္မႈ တိုးတက္လာေနေၾကာင္း သတင္းေတြမွာ ေျဖၾကားေပးေပမယ့္ ဒီတစ္ၾကိမ္ သူ႔ရဲ႕ ေျဖဆိုေပးမႈက ဗဟိုခံစစ္ပိုင္း လူအင္အားနည္းေနမႈအတြက္ အားတက္စရာ ျဖစ္လာခဲ့ပါတယ္။

လမ္းပတ္က ” ကၽြမ္းက်င္ပုဂၢိဳလ္ေတြနဲ႔ ရူဒီဂါ ေလ့က်င့္ေရး ျပန္ဆင္းေနပါျပီ။ သူ႔အတြက္ေတာ့ တိုးတက္မႈလည္းျဖစ္ပါတယ္။ သူက လူတိုင္းအတြက္ ခက္ခဲတဲ့ ဒဏ္ရာျပႆနာမ်ိဳးကို ပိုင္ဆုိင္ခဲ့တာပါ။ ဒါေပမယ့္ အခုခ်ိန္မွာ အျပင္ထြက္လာႏုိင္တာက တကယ္ကို အေပါင္းလကၡဏာေဆာင္ပါတယ္။ ပြဲေန႔ ၾကံ႔ခိုင္မႈေတြအတြက္ သူက အလုပ္ေတြကို အေကာင္းဆံုး လုပ္ေဆာင္ထားတယ္။ သူ အျပင္ကို ျပန္ေရာက္လာတာ က်ေနာ္တုိ႔အတြက္ တကယ္ကို ေက်နပ္စရာ ျဖစ္ပါတယ္ ” လုိ ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးက ကာရာေဘာင္းပြဲမွာ ယူႏုိက္တက္ကို ၂-၁ နဲ႔ အေရးနိမ့္ခဲ့တာပါ။ ဒါေပမယ့္လို႔ ဆက္လက္ ယွဥ္ျပိဳင္ရမယ့္ ဝတ္ဖို႔ပြဲမွာ ရူဒီဂါရဲ႕ အေျခအေနနဲ႔ ပက္သက္လို႔ ” သူ႔ကို အခ်ိန္အၾကာၾကီး ေစာင့္ေနခဲ့ရတာပါ။ က်ေနာ္ အရြတ္မွာ ဒဏ္ရာရတုန္းကေတာင္မွ အဲ့ေလာက္ထိ မၾကာခဲ့ပါဘူး။ က်ေနာ္တုန္းကလည္း ကစားလိုစိတ္ေတြ တရြရြျဖစ္ေနခဲ့ေပမယ့္ စိတ္ရွည္ခဲ့ပါတယ္ ” ဆိုျပီး ရူဒီဂါကို ခ်က္ျခင္းေတာ့ ျပန္သံုးမွာ မဟုတ္ေၾကာင္း ေျဖဆိုခဲ့ပါတယ္။