စနေနေ့ အစောပိုင်းပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဘုန်းမောက်နဲ့ပွဲမှာ ယူနိုက်တက် အဓိက ကစားသမားတွေဖြစ်တဲ့ ရပ်ဖို့၊ မက်ဂွဲရားနဲ့ လင်ဒီအော့တို့ဟာ ကြံ့ခိုင်မှုဆိုင်ရာ နောက်ဆုံးစစ်ဆေးမှုကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်တယ်လို့ မန်နေဂျာဆိုးရှားက ထုတ်ဖော်ပြောဆိပါတယ်။

ဆိုးရှားက အဆိုပါ ကစားသမား သုံးဦးဟာ ဒီအပတ် အဝေးကွင်းပွဲမှာ လိုက်ပါနိုင်မလားဆိုတာ ပြောနိုင်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ ” မနေ့က သူတို့တွေ ကုသမှုတွေ ခံယူထားရပါတယ်။ ဒီကနေ့မှာ သူတို့ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ထားတယ်။ သူတို့ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ အခြေအနေ အတိအကျကိုတော့ ကျနော်တို့လည်း မပြောနိုင်သေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ ပွဲစဉ်တွေမှာ အဝေးကွင်းပွဲတွေပဲ ယှဉ်ပြိုင်နေရတာဖြစ်ပြီး ကြားရက်က ကာရာဘောင်းပွဲမှာလည်း အဓိက ကစားသမားတွေကို အနားမပေးပဲ လူစုံထုတ်ကစားခဲ့တာပါ။ ဒါကြောင့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအရ မနက်ဖြန်မှာ သူတို့ ပါဝင်နိုင်မလားဆိုတာ သေချာတဲ့ အဖြေတစ်ခုကို ရဖို့ လိုအပ်မှာဖြစ်တယ်။

လက်ရှိ ယူနိုက်တက် အသင်းသားတွေထဲမှာ ပေါ့ဘာက အနားယူနေရဆဲဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ် အကုန်ထိ ပြန်ကစားနိုင်ဖို့ မရှိသေးပါဘူး။ တွမ်ဇီဘီ၊ မာတစ်နဲ့ လုရှောတို့ကလည်း တူညီတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ စတမ်းဖိုဒ့်ဘရစ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီး အသက် ၂၂ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ ရပ်ဖို့က ယူနိုက်တက်ရဲ့ နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုးထိ သွင်းယူပေပးထားသူဖြစ်ပါတယ်။

အဓိက ဗဟိုခံစစ်အတွဲဖြစ်တ့ မက်ဂွဲရား၊ လင်ဒီအော့တို့ဟာ ရိုဂျိုနဲ့အတူ ခံစစ် သုံးယောက်တန်းမှာ အကောင်းဆုံး ကစားပြနေတာပါ။ အကယ်လို့ ခံစစ်မှူး နှစ်ဦးကို အသုံးပြုနိုင်ခြင်း မရှိရင်တော့ မန်နေဂျာဆိုးရှားဟာ ရိုဂျိုကို ဖီးဂျုံးနဲ့ တွဲဘက်ပြီး ပွဲထုတ်လို့လည်း ရနိုင်တာဖြစ်ကာ ဘစ်ဆာကာနဲ့ ဝီလီယမ်လို တောင်ပံသမားကောင်းတွေလည်း ကြံ့ခိုင်မှုကောင်းစွာ ရှိနေသေးတာဖြစ်ပါတယ်။

ZAWGYI

စေနေန႔ အေစာပိုင္းပြဲအျဖစ္ ယွဥ္ျပိဳင္ကစားရမယ့္ ဘုန္းေမာက္နဲ႔ပြဲမွာ ယူႏုိက္တက္ အဓိက ကစားသမားေတြျဖစ္တဲ့ ရပ္ဖို႔၊ မက္ဂြဲရားနဲ႔ လင္ဒီေအာ့တို႔ဟာ ၾကံ႕ခုိင္မႈဆိုင္ရာ ေနာက္ဆုံးစစ္ေဆးမႈကို ေက်ာ္ျဖတ္ႏုိင္ဖို႔ လိုအပ္တယ္လို႔ မန္ေနဂ်ာဆိုးရွားက ထုတ္ေဖာ္ေျပာဆိပါတယ္။

ဆိုးရွားက အဆိုပါ ကစားသမား သံုးဦးဟာ ဒီအပတ္ အေဝးကြင္းပြဲမွာ လိုက္ပါႏုိင္မလားဆိုတာ ေျပာႏုိင္ဖို႔ ခက္ခဲတယ္ဆိုတာကိုေတာ့ ” မေန႔က သူတို႔ေတြ ကုသမႈေတြ ခံယူထားရပါတယ္။ ဒီကေန႔မွာ သူတို႔ ေလ့က်င့္ေရး အစီအစဥ္မွာ ပါဝင္ထားတယ္။ သူတို႔ အဆင္သင့္ျဖစ္ေနဖို႔ ေမွ်ာ္လင့္ပါတယ္။ အေျခအေန အတိအက်ကိုေတာ့ က်ေနာ္တုိ႔လည္း မေျပာႏုိင္ေသးပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ ပြဲစဥ္ေတြမွာ အေဝးကြင္းပြဲေတြပဲ ယွဥ္ျပိဳင္ေနရတာျဖစ္ျပီး ၾကားရက္က ကာရာေဘာင္းပြဲမွာလည္း အဓိက ကစားသမားေတြကို အနားမေပးပဲ လူစံုထုတ္ကစားခဲ့တာပါ။ ဒါေၾကာင့္ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈအရ မနက္ျဖန္မွာ သူတို႔ ပါဝင္ႏုိင္မလားဆိုတာ ေသခ်ာတဲ့ အေျဖတစ္ခုကို ရဖို႔ လိုအပ္မွာျဖစ္တယ္။

လက္ရွိ ယူနုိက္တက္ အသင္းသားေတြထဲမွာ ေပါ့ဘာက အနားယူေနရဆဲျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္ အကုန္ထိ ျပန္ကစားႏုိင္ဖို႔ မရွိေသးပါဘူး။ တြမ္ဇီဘီ၊ မာတစ္နဲ႔ လုေရွာတို႔ကလည္း တူညီတဲ့ အေနအထားနဲ႔ ရင္ဆိုင္ေနရတာျဖစ္တယ္။ စတမ္းဖိုဒ့္ဘရစ္မွာ ၂ ဂိုး သြင္းယူခဲ့ျပီး အသက္ ၂၂ ႏွစ္ ျပည့္ခဲ့ျပီျဖစ္တဲ့ ရပ္ဖို႔က ယူႏုိက္တက္ရဲ႕ ေနာက္ဆံုး ၄ ပြဲမွာ ၄ ဂိုးထိ သြင္းယူေပပးထားသူျဖစ္ပါတယ္။

အဓိက ဗဟိုခံစစ္အတြဲျဖစ္တ့ မက္ဂြဲရား၊ လင္ဒီေအာ့တို႔ဟာ ရိုဂ်ိဳနဲ႔အတူ ခံစစ္ သံုးေယာက္တန္းမွာ အေကာင္းဆံုး ကစားျပေနတာပါ။ အကယ္လို႔ ခံစစ္မွဴး ႏွစ္ဦးကို အသံုးျပဳႏုိင္ျခင္း မရွိရင္ေတာ့ မန္ေနဂ်ာဆိုးရွားဟာ ရိုဂ်ိဳကို ဖီးဂ်ံဳးနဲ႔ တြဲဘက္ျပီး ပြဲထုတ္လို႔လည္း ရႏုိင္တာျဖစ္ကာ ဘစ္ဆာကာနဲ႔ ဝီလီယမ္လို ေတာင္ပံသမားေကာင္းေတြလည္း ၾကံ႕ခိုင္မႈေကာင္းစြာ ရွိေနေသးတာျဖစ္ပါတယ္။