အက်စတွန်ဗီလာနဲ့ ကာရာဘောင်း ကွာတားဖိုင်နယ် ကစားရဖို့ ရှိနေတဲ့ လီဗာပူးကို ပရီးမီးယားလိဂ်က မည့်သည့် အမှတ်ပေးပွဲကိုမှ ရွှေ့ဆိုင်းပေးဖွယ် မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အာဆင်နယ်ကို အနိုင်ရလိုက်တာကြောင့် လီဗာပူးဟာ ကာရာဘောင်းမှာ ကွားတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်တယ်။ မူလ ကစားရမယ့် ရက်စွဲအရ ပရီးမီးယားလိဂ်ပွဲအပြီးနဲ့ ဖီဖာပြိုင်ပွဲတစ်ရပ်အဖြစ် ကာတာကို သွားရောက် ယှဉ်ပြိုင်ရမယ့် ကလပ်များကမ္ဘာဖလားကြားဖြစ်တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အဆိုပါ ဖီဖာပြိုင်ပွဲကြောင့်ပဲ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရပြီဖြစ်ပြီး အက်စတွန်ဗီလာနဲ့ပွဲကိုလည်း ရွှေ့ဆိုင်းပေးဖို့ လီဗာပူးနဲ့ ကာရာဘောင်း တာဝန်ရှိသူတွေက စကားပြောဆိုနေကြတာဖြစ်တယ်။ ကာရာဘောင်းပွဲ မပါပဲကို လီဗာပူးဟာ ဒီဇင်ဘာမှာ ပွဲစဉ် ၈ ပွဲထိ ယှဉ်ပြိုင်ရဖို့ ပွဲစဉ်ဇယား ထွက်ပေါ်ထားခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲ၊ ချန်ပီယံလိဂ် ၁ ပွဲနဲ့ ကလပ်များကမ္ဘာဖလား ၂ ပွဲတို့ဖြစ်ပါတယ်။

ဇန်နဝါရီမှာတော့ အက်ဖ်အေဖလား တတိယအဆင့်ပွဲတွေ ပါဝင်လာမှာဖြစ်ပြီး အစောပိုင်းမှာတော့ အက်ဖ်အေပွဲပြီးရင် ကာရာဘောင်း ဆီမီးဖိုင်နယ်ကို ဆက်ကစားရဖို့လည်း ရှိထားခဲ့တာပါ။ အဆိုပါ ပွဲစဉ်ဇယားအတိုင်းဆိုရင် လီဗာပူးက နားရက် ၂၄ နာရီတောင် မရပဲ ဖလားပွဲနှစ်ပွဲကို ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ပွဲစဉ်ဇယား ရေးဆွဲသူတွေကို စိတ်ပျက်နေပြီး ပွဲနေ့တွေ မပြင်ပေးရင် ကာရာဘောင်းကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားတာဖြစ်တယ်။ လက်ရှိမှာ တာဝန်ရှိသူတွေက မရွှေ့ပေးဖို့ အသံတွေထွက်လာတာကြောင့် ကာရာဘောင်းကို နုတ်ထွက်မလား လူငယ်အသင်းနဲ့ ကန်ခိုင်းမလားကို လီဗာပူးဘက်က ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်လာပြီလို့ သိလာရတာဖြစ်ပါတယ်။

လီဗာပူးဟာ ဥရောပချန်ပီယံအဖြစ် ဒီရာသီမှာ စူပါဖလား၊ ကလပ်များကမ္ဘာဖလားလို ပြိုင်ပွဲတွေကိုပါ ပါဝင်ကစားရတာကြောင့် ပြိုင်ပွဲပေါင်း ၇ ခုထိကို ဒီရာသီမှာ ယှဉ်ပြိုင်ထားရပြီး လက်ကျန် ပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ကာရာဘောင်းနဲ့ ကလပ်များကမ္ဘာဖလား ဆိုတဲ့ ပြိုင်ပွဲ ၅ ခုလုံးမှာ ဆက်လက် ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ ကာရာေဘာင္း ကြာတားဖိုင္နယ္ ကစားရဖို႔ ရွိေနတဲ့ လီဗာပူးကို ပရီးမီးယားလိဂ္က မည့္သည့္ အမွတ္ေပးပြဲကိုမွ ေရႊ႔ဆိုင္းေပးဖြယ္ မရွိဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚလာျပီျဖစ္ပါတယ္။

အာဆင္နယ္ကို အႏုိင္ရလိုက္တာေၾကာင့္ လီဗာပူးဟာ ကာရာေဘာင္းမွာ ကြားတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့ျပီျဖစ္တယ္။ မူလ ကစားရမယ့္ ရက္စြဲအရ ပရီးမီးယားလိဂ္ပြဲအျပီးနဲ႔ ဖီဖာျပိဳင္ပြဲတစ္ရပ္အျဖစ္ ကာတာကို သြားေရာက္ ယွဥ္ျပိဳင္ရမယ့္ ကလပ္မ်ားကမၻာဖလားၾကားျဖစ္တဲ့ ဒီဇင္ဘာ ၁၆ ရက္ေန႔မွာ အက္စတြန္ဗီလာနဲ႔ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။

အဆုိပါ ဖီဖာျပိဳင္ပြဲေၾကာင့္ပဲ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ကုိ ေရႊ႔ဆုိင္းထားခဲ့ရျပီျဖစ္ျပီး အက္စတြန္ဗီလာနဲ႔ပြဲကိုလည္း ေရႊ႔ဆိုင္းေပးဖို႔ လီဗာပူးနဲ႔ ကာရာေဘာင္း တာဝန္ရွိသူေတြက စကားေျပာဆိုေနၾကတာျဖစ္တယ္။ ကာရာေဘာင္းပြဲ မပါပဲကို လီဗာပူးဟာ ဒီဇင္ဘာမွာ ပြဲစဥ္ ၈ ပြဲထိ ယွဥ္ျပိဳင္ရဖို႔ ပြဲစဥ္ဇယား ထြက္ေပၚထားခဲ့ျပီး ပရီးမီးယားလိဂ္ ၅ ပြဲ၊ ခ်န္ပီယံလိဂ္ ၁ ပြဲနဲ႔ ကလပ္မ်ားကမၻာဖလား ၂ ပြဲတို႔ျဖစ္ပါတယ္။

ဇန္နဝါရီမွာေတာ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲေတြ ပါဝင္လာမွာျဖစ္ျပီး အေစာပိုင္းမွာေတာ့ အက္ဖ္ေအပြဲျပီးရင္ ကာရာေဘာင္း ဆီမီးဖိုင္နယ္ကို ဆက္ကစားရဖို႔လည္း ရွိထားခဲ့တာပါ။ အဆိုပါ ပြဲစဥ္ဇယားအတိုင္းဆိုရင္ လီဗာပူးက နားရက္ ၂၄ နာရီေတာင္ မရပဲ ဖလားပြဲႏွစ္ပြဲကို ဆက္တိုက္ ကစားရမွာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က ပြဲစဥ္ဇယား ေရးဆြဲသူေတြကို စိတ္ပ်က္ေနျပီး ပြဲေန႔ေတြ မျပင္ေပးရင္ ကာရာေဘာင္းကေန ႏုတ္ထြက္မယ္လို႔ ျခိမ္းေျခာက္ထားတာျဖစ္တယ္။ လက္ရွိမွာ တာဝန္ရွိသူေတြက မေရႊ႔ေပးဖို႔ အသံေတြထြက္လာတာေၾကာင့္ ကာရာေဘာင္းကို ႏုတ္ထြက္မလား လူငယ္အသင္းနဲ႔ ကန္ခိုင္းမလားကို လီဗာပူးဘက္က ေဆြးေႏြးမႈေတြ လုပ္ဖို႔ လိုအပ္လာျပီလို႔ သိလာရတာျဖစ္ပါတယ္။

လီဗာပူးဟာ ဥေရာပခ်န္ပီယံအျဖစ္ ဒီရာသီမွာ စူပါဖလား၊ ကလပ္မ်ားကမၻာဖလားလို ျပိဳင္ပြဲေတြကိုပါ ပါဝင္ကစားရတာေၾကာင့္ ျပိဳင္ပြဲေပါင္း ၇ ခုထိကို ဒီရာသီမွာ ယွဥ္ျပိဳင္ထားရျပီး လက္က်န္ ျပိဳင္ပြဲေတြမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအ၊ ကာရာေဘာင္းနဲ႔ ကလပ္မ်ားကမၻာဖလား ဆိုတဲ့ ျပိဳင္ပြဲ ၅ ခုလံုးမွာ ဆက္လက္ ယွဥ္ျပိဳင္ေနရတာျဖစ္ပါတယ္။