ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အက်စတွန်ဗီလာပွဲကြို မီဒီယာတွေ့ဆုံမှုကို မဲဝုဒ်မှာ ပြုလုပ်နေပါတယ်။ ယာဂင်ကလေ့ပ်က လက်တလော သတင်းကြီးနေတဲ့ ကာရာဘောင်းမှာ ပါမပါ ကိစ္စကို အခုလို ဖြေဆိုပေးခဲ့ပါတယ်။ အင်တာဗျူး ပထမပိုင်းဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေနဲ့ ဖာဘင်ညို အခြေအနေကို ဆက်လက် ဖြေဆိုပေးမှုတွေကိုတော့ ထပ်မံ စုစည်း ဖော်ပြသွားပါမယ်။

ပွဲစဉ်ဇယားနဲ့ ပက်သက်ပြီး

ဆုံးဖြတ်ချက်တွေက အရမ်းလွန်တယ်။ သူတို့ ဘယ်လို လုပ်ပေးမလဲ ကြည့်ရမယ်။ ပွဲစဉ်ဇယားက အဆင်ပြေရင်တော့ အားလုံး အဆင်ပြေတာပေါ့။ ဒီဇင်ဘာမှာ ပင်ပင်ပန်းပန်းကစားရပြီး ဇန်နဝါရီမှာ ဆီမီးနှစ်ပွဲကစားရမယ်။ ဘာလိုပ ဆီမီးဖိုင်နယ်ကို နှစ်ပွဲ ကစားခိုင်းနေတာလဲ။ ကျနော်တို့မှာ အက်ဖ်အေဖလားလည်း ကစားရဦးမယ်။ ဘယ်သူမှ အဲ့လို မကစားချင်ဘူး။

ကမ္ဘာအကောင်းဆုံး ကစားသမားတွေက သူတို့ လုပ်နိုင်သလောက် ဘာလို့ အချိန်အကြာကြီး ခြေစွမ်းကောင်းတွေ မပြနိုင်လဲဆိုတာကို ကျနော်တို့ အမြဲ အံ့သြမိကြတယ်။ လူတွေက ကျနော်တို့မှာ လူစာရင်းကြီးတွေ ရှိကြတယ်လို့ ပြောကြတာတွေရှိတယ်။ ဒီအခြေအနေမှာ ကစားသမားတွေနဲ့ ကျနော်တို့ အနားပေးဖို့ လိုအပ်တဲ့ အရည်အတွက်ကြားမှာ ဟန်ချက် မညီပါဘူး။ တစ်နှစ်လုံးမှ နှစ်ပတ်ပဲ နားချိန်ရှိတာက မလုံလောက်ပါဘူး။

ကာရာဘောင်း ကွာတားဖိုင်နယ်ကို ယှဉ်ပြိုင်မလား

ဆုံးဖြတ်ချက်တော့ အတည်မလုပ်ရသေးဘူး။ အကယ်လို့ ကာတာမှာ သွားပြိုင်နေရင်တော့ ခြားနားတဲ့ နှစ်သင်းနဲ့ ပြိုင်မှပဲ ရတော့မယ်။ ဒါပေမယ့် ကျနော်တို့ ကလပ်များကမ္ဘာဖလားကို ပြိုင်နေတုန်းမှာ ဘယ်ကစားသမားကိုမှ ကာရာဘောင်းအတွက် မလွတ်နိုင်ဘူး။ အဲ့တာက မလုပ်မှ မဖြစ်တာ။

ဒီရာသီနဲ့ ပက်သက်ပြီး

ကျနော်တို့ ပွဲတွေ အများကြီး ကစားရဖို့ ရှိနေပါတယ်။ အသင်းသားတိုင်းက ကာရာဘောင်းကို ကျော်ဖြတ်နိုင်ဖို့လည်း ကြိုးစားခဲ့တယ်။ ကျနော်တို့ အများကြီး ဆက်သွားဖို့လိုတယ်။ အခြေခံကျကျနဲ့ ရမှတ်တွေကို ယူနိုင်ဖို့လိုတယ်။ ကျနော်တို့ အက်စတွန်ဗီလာနဲ့ ပွဲအတွက်ပဲ စဉ်းစားပါတယ်။ အသင်းကောင်းပါ။ ရလဒ်တွေအတွက် သူတို့ ကံသိပ်မကောင်းခဲ့တာပါ။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ အျဖစ္ အေဝးကြင္းမွာ ယွဥ္ျပိဳင္ကစားရမယ့္ အက္စတြန္ဗီလာပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈကို မဲဝုဒ္မွာ ျပဳလုပ္ေနပါတယ္။ ယာဂင္ကေလ့ပ္က လက္တေလာ သတင္းၾကီးေနတဲ့ ကာရာေဘာင္းမွာ ပါမပါ ကိစၥကို အခုလို ေျဖဆိုေပးခဲ့ပါတယ္။ အင္တာဗ်ဴး ပထမပိုင္းျဖစ္ျပီး ဒဏ္ရာရ ကစားသမားေတြနဲ႔ ဖာဘင္ညိဳ အေျခအေနကို ဆက္လက္ ေျဖဆိုေပးမႈေတြကိုေတာ့ ထပ္မံ စုစည္း ေဖာ္ျပသြားပါမယ္။

ပြဲစဥ္ဇယားနဲ႔ ပက္သက္ျပီး

ဆံုးျဖတ္ခ်က္ေတြက အရမ္းလြန္တယ္။ သူတို႔ ဘယ္လို လုပ္ေပးမလဲ ၾကည့္ရမယ္။ ပြဲစဥ္ဇယားက အဆင္ေျပရင္ေတာ့ အားလံုး အဆင္ေျပတာေပါ့။ ဒီဇင္ဘာမွာ ပင္ပင္ပန္းပန္းကစားရျပီး ဇန္နဝါရီမွာ ဆီမီးႏွစ္ပြဲကစားရမယ္။ ဘာလိုပ ဆီမီးဖုိင္နယ္ကို ႏွစ္ပြဲ ကစားခိုင္းေနတာလဲ။ က်ေနာ္တုိ႔မွာ အက္ဖ္ေအဖလားလည္း ကစားရဦးမယ္။ ဘယ္သူမွ အဲ့လို မကစားခ်င္ဘူး။

ကမၻာအေကာင္းဆံုး ကစားသမားေတြက သူတို႔ လုပ္ႏုိင္သေလာက္ ဘာလို႔ အခ်ိန္အၾကာၾကီး ေျခစြမ္းေကာင္းေတြ မျပႏုိင္လဲဆိုတာကို က်ေနာ္တုိ႔ အျမဲ အံ့ၾသမိၾကတယ္။ လူေတြက က်ေနာ္တို႔မွာ လူစာရင္းၾကီးေတြ ရွိၾကတယ္လုိ႔ ေျပာၾကတာေတြရွိတယ္။ ဒီအေျခအေနမွာ ကစားသမားေတြနဲ႔ က်ေနာ္တုိ႔ အနားေပးဖို႔ လိုအပ္တဲ့ အရည္အတြက္ၾကားမွာ ဟန္ခ်က္ မညီပါဘူး။ တစ္ႏွစ္လံုးမွ ႏွစ္ပတ္ပဲ နားခ်ိန္ရွိတာက မလံုေလာက္ပါဘူး။

ကာရာေဘာင္း ကြာတားဖိုင္နယ္ကို ယွဥ္ျပိဳင္မလား

ဆံုးျဖတ္ခ်က္ေတာ့ အတည္မလုပ္ရေသးဘူး။ အကယ္လို႔ ကာတာမွာ သြားျပိဳင္ေနရင္ေတာ့ ျခားနားတဲ့ ႏွစ္သင္းနဲ႔ ျပိဳင္မွပဲ ရေတာ့မယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ ကလပ္မ်ားကမၻာဖလားကို ျပိဳင္ေနတုန္းမွာ ဘယ္ကစားသမားကိုမွ ကာရာေဘာင္းအတြက္ မလြတ္ႏုိင္ဘူး။ အဲ့တာက မလုပ္မွ မျဖစ္တာ။

ဒီရာသီနဲ႔ ပက္သက္ျပီး

က်ေနာ္တို႔ ပြဲေတြ အမ်ားၾကီး ကစားရဖို႔ ရွိေနပါတယ္။ အသင္းသားတိုင္းက ကာရာေဘာင္းကို ေက်ာ္ျဖတ္ႏုိင္ဖို႔လည္း ၾကိဳးစားခဲ့တယ္။ က်ေနာ္တုိ႔ အမ်ားၾကီး ဆက္သြားဖို႔လိုတယ္။ အေျခခံက်က်နဲ႔ ရမွတ္ေတြကို ယူႏုိင္ဖို႔လိုတယ္။ က်ေနာ္တုိ႔ အက္စတြန္ဗီလာနဲ႔ ပြဲအတြက္ပဲ စဥ္းစားပါတယ္။ အသင္းေကာင္းပါ။ ရလဒ္ေတြအတြက္ သူတို႔ ကံသိပ္မေကာင္းခဲ့တာပါ။