ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ခရစ် စမောလင်းဟာ ဒီရာသီအတါက် အီတလီကလပ် ရိုးမား အသင်းဆီ တစ်ရာသီ အငှားနဲ့ ရောက်ရှိနေတာဖြစ်ပြီး လက်တလောမှာ ခြေစွမ်းကောင်းတွေ ပြသနေကာ ပထမဆုံး သွင်းဂိုးကိုယ်တောင် သွင်းယူသွားခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီ အစောပိုင်း ကလပ်နှစ်သင်းကြား သဘောတူညီမှုအရ ရာသီကုန် အပြီးသတ် ခေါ်ယူခွင့် မပါခဲ့ပေမယ့် ငှားရမ်းခတော့ ရရှိမှာပါ။ ယူနိုက်တက်ဟာ ခံစစ်မှူး စမောလင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းဖြစ်တဲ့ မာဆေးဆိုဒ်ကလပ် အဲဗာတန်အသင်းဘက်က အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး စီးရီးအေကို အငှားချခဲ့တာဖြစ်ပါတယ်။

စမောလင်းဟာ ရိုးမားမှာတော့ အမှတ်ပေးပွဲ ၆ ပွဲကစားရာမှာ clean sheet ၃ ကြိမ်ရခဲ့သလို သွင်းဂိုး တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့တယ်။ ဒီလို ခြေစွမ်းကောင်းနေမှုတွေကြောင့်လည်း ရိုးမားဘက်က လာမယ့် ရက်တွေအတွင်း စမောလင်းကို အပြီးသတ် ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုကို ပေးပို့သွားတော့မယ်လို့ နာမည်ကျော် သတင်းထောက် Fabrizio Romano က အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

ထပ်မံ ကြားသိရတဲ့ သတင်းအရတော့ ရိုးမားဟာ အသက် ၃၀ အရွယ် ကစားသမားအတွက် ပေါင် ၁၅ သန်းကို ပြောင်းရွှေ့ကြေးအဖြစ် ကမ်းလှမ်းမှာဖြစ်ပြီး ဇန်နဝါရီမှာတင် အပြီးသတ် စာချုပ်ချုပ်လိုက်မှာဖြစ်တယ်။ ယူနိုက်တက်ဟာ ဒီနွေမှာ ခံစစ်သမားတွေကို ရှင်းထုတ်မှုတွေ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ကာ စမောလင်းနည်းတူ ဒါးမီးယန်းကလည်း အပြီးသတ် ခေါ်ယူနိုင်ခွင့် ပါဝင်တဲ့ အငှားစားချုပ်နဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်မှာတော့ ဗဟိုခံစစ်မှူးတွေအဖြစ် မက်ဂွဲရား၊ လင်ဒီအော့၊ တွမ်ဇီဘီ၊ ဖီးဂျုံး၊ ရိုဂျို၊ ဘိုင်လီတို့ ကျန်ရှိနေသေးတာဖြစ်လို့ စမောလင်းကို ရောင်းထုတ်ဖို့ရာ ဆိုးရှားအတွက် ပြဿနာ မရှိနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဇန်နဝါရီမှာ လူသစ်ခေါ်ယူမှုတွေ လုပ်ဖွယ်ရှိနေပြီး ကွင်းလယ်နဲ့ တိုက်စစ်ကို အသားပေး အားဖြည့်ဖွယ် ရှိနေပါတယ်။

ZAWGYI

ယူနိုက္တက္ရဲ့ ဗဟိုခံစစ္မွဴး ခရစ္ စေမာလင္းဟာ ဒီရာသီအတါက္ အီတလီကလပ္ ရိုးမား အသင္းဆီ တစ္ရာသီ အငွားနဲ့ ေရာက္ရွိေနတာျဖစ္ျပီး လက္တေလာမွာ ေျခစြမ္းေကာင္းေတြ ျပသေနကာ ပထမဆံုး သြင္းဂိုးကိုယ္ေတာင္ သြင္းယူသြားခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီ အေစာပိုင္း ကလပ္ႏွစ္သင္းၾကား သေဘာတူညီမႈအရ ရာသီကုန္ အျပီးသတ္ ေခၚယူခြင့္ မပါခဲ့ေပမယ့္ ငွားရမ္းခေတာ့ ရရွိမွာပါ။ ယူႏုိက္တက္ဟာ ခံစစ္မွဴး စေမာလင္းအတြက္ ပရီးမီးယားလိဂ္ျပိဳင္ပြဲဝင္ အသင္းျဖစ္တဲ့ မာေဆးဆိုဒ္ကလပ္ အဲဗာတန္အသင္းဘက္က အငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ျပီး စီးရီးေအကို အငွားခ်ခဲ့တာျဖစ္ပါတယ္။

စေမာလင္းဟာ ရိုးမားမွာေတာ့ အမွတ္ေပးပြဲ ၆ ပြဲကစားရာမွာ clean sheet ၃ ၾကိမ္ရခဲ့သလို သြင္းဂိုး တစ္ဂိုးလည္း သြင္းယူႏုိင္ခဲ့တယ္။ ဒီလို ေျခစြမ္းေကာင္းေနမႈေတြေၾကာင့္လည္း ရိုးမားဘက္က လာမယ့္ ရက္ေတြအတြင္း စေမာလင္းကို အျပီးသတ္ ေခၚယူဖို႔ တရားဝင္ ကမ္းလွမ္းမႈကို ေပးပို႔သြားေတာ့့မယ္လို႔ နာမည္ေက်ာ္ သတင္းေထာက္ Fabrizio Romano က အတည္ျပဳသြားခဲ့တာ ျဖစ္ပါတယ္။

ထပ္မံ ၾကားသိရတဲ့ သတင္းအရေတာ့ ရိုးမားဟာ အသက္ ၃၀ အရြယ္ ကစားသမားအတြက္ ေပါင္ ၁၅ သန္းကို ေျပာင္းေရႊ႔ေၾကးအျဖစ္ ကမ္းလွမ္းမွာျဖစ္ျပီး ဇန္နဝါရီမွာတင္ အျပီးသတ္ စာခ်ဳပ္ခ်ဳပ္လိုက္မွာျဖစ္တယ္။ ယူႏုိက္တက္ဟာ ဒီေႏြမွာ ခံစစ္သမားေတြကို ရွင္းထုတ္မႈေတြ စတင္လုပ္ေဆာင္လာခဲ့တာျဖစ္ကာ စေမာလင္းနည္းတူ ဒါးမီးယန္းကလည္း အျပီးသတ္ ေခၚယူႏုိုင္ခြင့္ ပါဝင္တဲ့ အငွားစားခ်ဳပ္နဲ႔ ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိ ယူႏုိက္တက္မွာေတာ့ ဗဟိုခံစစ္မွဴးေတြအျဖစ္ မက္ဂြဲရား၊ လင္ဒီေအာ့၊ တြမ္ဇီဘီ၊ ဖီးဂ်ံဳး၊ ရိုဂ်ိဳ၊ ဘိုင္လီတုိ႔ က်န္ရွိေနေသးတာျဖစ္လို႔ စေမာလင္းကို ေရာင္းထုတ္ဖို႔ရာ ဆိုးရွားအတြက္ ျပႆနာ မရွိႏုိင္တာျဖစ္ပါတယ္။ ယူႏုိက္တက္ကလည္း ဇန္နဝါရီမွာ လူသစ္ေခၚယူမႈေတြ လုပ္ဖြယ္ရွိေနျပီး ကြင္းလယ္နဲ႔ တိုက္စစ္ကို အသားေပး အားျဖည့္ဖြယ္ ရွိေနပါတယ္။