အာဆင်နယ်မှာ ကစားခွင့် နည်းပါးနေတဲ့ ကွင်းလယ် ကစားသမား အိုဇေးအတွက် ၎င်းရဲ့ အသင်းဖော် ကိုစီလာနက်က နည်းပြ အမ်မရီထံ တောင်းဆိုမှု ပြုလုပ်လိုက်ပါတယ်။ ကိုလာစီနက်က အိုဇေးကို မကြာခဏ ပွဲကစားခွင့်ပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပြီး အိုဇေးဟာ လက်ရှိ အနေအထား အပေါ် အနည်းငယ် မပျော်မရွှင် ဖြစ်နေပြီလို့ ၎င်းက ထုတ်ဖော်လိုက်ပါတယ်။

အိုဇေးဟာ ဒီရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ ၃ ပွဲသာ ပါဝင်ကစားထားရပြီး ပွဲချိန်ပြည့် မိနစ် ၉၀ တစ်ပွဲမှ ကစားရခြင်းလည်း မရှိသေးပါဘူး။ ၎င်း နောက်ဆုံး ပါဝင်ထားတာက လီဗာပူးနဲ့ ကာရာဘောင်းဖလား ပွဲ ဖြစ်ပြီး ထိုပွဲစဉ်မှာ လူစားလဲ မခံရခင်ထိ ဂိုးထောက်ပံ့မှု နှစ်ကြိမ် ပြုလုပ်ကာ အသင်းဖော်တွေ ဂိုးရဖို့ ကူညီထားခဲ့ပါတယ်။ အိုဇေးက ထိုပွဲမှာ အစွမ်းပြပြီး အခရာ ကျခဲ့ပေမယ့် ပွဲချိန် မိနစ် ၆၀ ကျော်မှာပဲ ဂွမ်ဒူဇီနဲ့ လူစားလဲ ခံခဲ့ရပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ အိုဇေးကို ကစားခွင့်ပေးဖို့ နည်းပြ အမ်မရီထံ တောင်းဆိုနေကြပြီး စပိန်သား နည်းပြကြီးကတော့ ခေါင်းမာစွာနဲ့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။ အိုဇေးရဲ့ အသင်းဖော် ကိုလာစီနက်ကလည်း ပရိသတ်တွေ နည်းတူ အမ်မရီအား အခုလို တောင်းဆိုမှု ပြုခဲ့တာပါ။

” မီဆွတ် (အိုဇေး)က အသင်းကို တကယ် မောင်းနှင်နိုင်တဲ့ ကစားသမား ဖြစ်တယ်။ ပွဲ ကစားခွင့်နည်းတာ အတွက် သူ မပျော်မရွှင် ဖြစ်နေပါတယ်။ ဒါပေမယ့် ထရိန်နင်မှာတော့ အဲ့လို အပြုအမူ မြင်ရမှာ မဟုတ်ဘူး။ သူ လုပ်လို့ရသမျှ အကုန် ကြိုးစားနေတာပါ။ လိုအပ်တဲ့ အနေအထားရောက်တာ သေချာဖို့ ထရိန်နင်မှာ အချိန်ပိုတောင် ဆင်းပြီး လေ့ကျင့်နေခဲ့တယ်။ မီဆွတ်က မီဆွတ်ပါပဲ။ သူ့မှာ စပါယ်ရှယ် အရည်အချင်းကောင်းတွေ အများကြီး ရှိထားတယ်။ ”

” ဥပမာဗျာ ပြိုင်ဘက်အသင်းက သူသာ ပါရင် ကစားသမား အိုဇေးကို လူကပ်ဖို့ ကစားသမား နှစ်ယောက် သုံးရတော့မယ်။ ဒါက အခြား အသင်းဖော်တွေ အတွက် နေရာလွတ်တွေ ပို ရစေတယ်။ ဒါကတင် ကွင်းထဲမှာ တော်တော် ခြားနားတဲ့ အနေအထား ဖြစ်နေပြီ။ ”

” လူတိုင်းက သူ ဘယ်လို အရည်အချင်းကောင်းတွေ ရှိတယ် ဆိုတာ သိတယ် မြင်လည်း မြင်ဖူးကြတယ်။ သူက ဥရောပ ထိပ်သီးကစားသမားတွေထဲက တစ်ယောက် ဖြစ်တယ်။ သူက အောင်မြင်မှုတွေလည်း အများကြီး ရယူပေးနိုင်သလို သူ ပါဝင်ခွင့် ရရင် အသင်းကို တကယ် အကူအညီ ဖြစ်အောင် ကစားပေးသူ ဖြစ်တယ်။ ” လို့ ကိုလာစီနက်က အိုဇေးဘက်ကနေ ပြောဆိုသွားခဲ့ပါတယ်။

ကိုလာစီနက်က အိုဇေးသာ ကွင်းထဲမှာ ရှိနေရင် အခြေအနေတွေက ခြားနားစေတယ်လို့ ယုံကြည်နေပြီး ၎င်းတို့ နှစ်ဦးဟာ အသင်းဖော် အနေအထားအပြင် မိတ်ဆွေကောင်းတွေလည်း ဖြစ်ကြပုံပါ။

Zawgyi

အာဆင္နယ္မွာ ကစားခြင့္ နည္းပါးေနတဲ့ ကြင္းလယ္ ကစားသမား အိုေဇးအတြက္ ၄င္းရဲ႕ အသင္းေဖာ္ ကိုစီလာနက္က နည္းျပ အမ္မရီထံ ေတာင္းဆိုမႈ ျပဳလုပ္လိုက္ပါတယ္။ ကိုလာစီနက္က အိုေဇးကို မၾကာခဏ ပြဲကစားခြင့္ေပးဖို႔ ေတာင္းဆိုလိုက္တာ ျဖစ္ျပီး အိုေဇးဟာ လက္ရွိ အေနအထား အေပၚ အနည္းငယ္ မေပ်ာ္မရႊင္ ျဖစ္ေနျပီလို႔ ၄င္းက ထုတ္ေဖာ္လိုက္ပါတယ္။

အိုေဇးဟာ ဒီရာသီ အာဆင္နယ္အတြက္ ျပိဳင္ပြဲစံုမွာ ၃ ပြဲသာ ပါ၀င္ကစားထားရျပီး ပြဲခ်ိန္ျပည့္ မိနစ္ ၉၀ တစ္ပြဲမွ ကစားရျခင္းလည္း မရွိေသးပါဘူး။ ၄င္း ေနာက္ဆံုး ပါ၀င္ထားတာက လီဗာပူးနဲ႕ ကာရာေဘာင္းဖလား ပြဲ ျဖစ္ျပီး ထိုပြဲစဥ္မွာ လူစားလဲ မခံရခင္ထိ ဂိုးေထာက္ပံ့မႈ နွစ္ၾကိမ္ ျပဳလုပ္ကာ အသင္းေဖာ္ေတြ ဂိုးရဖို႔ ကူညီထားခဲ့ပါတယ္။ အိုေဇးက ထိုပြဲမွာ အစြမ္းျပျပီး အခရာ က်ခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာပဲ ဂြမ္ဒူဇီနဲ႕ လူစားလဲ ခံခဲ့ရပါတယ္။

အာဆင္နယ္ ပရိသတ္ေတြကေတာ့ အိုေဇးကို ကစားခြင့္ေပးဖို႔ နည္းျပ အမ္မရီထံ ေတာင္းဆိုေနၾကျပီး စပိန္သား နည္းျပၾကီးကေတာ့ ေခါင္းမာစြာနဲ႕ ျငင္းဆန္ထားဆဲ ျဖစ္ပါတယ္။ အိုေဇးရဲ႕ အသင္းေဖာ္ ကိုလာစီနက္ကလည္း ပရိသတ္ေတြ နည္းတူ အမ္မရီအား အခုလို ေတာင္းဆိုမႈ ျပဳခဲ့တာပါ။

” မီဆြတ္ (အိုေဇး)က အသင္းကို တကယ္ ေမာင္းနွင္နိုင္တဲ့ ကစားသမား ျဖစ္တယ္။ ပြဲ ကစားခြင့္နည္းတာ အတြက္ သူ မေပ်ာ္မရႊင္ ျဖစ္ေနပါတယ္။ ဒါေပမယ့္ ထရိန္နင္မွာေတာ့ အဲ့လို အျပဳအမူ ျမင္ရမွာ မဟုတ္ဘူး။ သူ လုပ္လုိ႔ရသမွ် အကုန္ ၾကိဳးစားေနတာပါ။ လိုအပ္တဲ့ အေနအထားေရာက္တာ ေသခ်ာဖို႔ ထရိန္နင္မွာ အခ်ိန္ပိုေတာင္ ဆင္းျပီး ေလ့က်င့္ေနခဲ့တယ္။ မီဆြတ္က မီဆြတ္ပါပဲ။ သူ႔မွာ စပါယ္ရွယ္ အရည္အခ်င္းေကာင္းေတြ အမ်ားၾကီး ရွိထားတယ္။ ”

” ဥပမာဗ်ာ ျပိဳင္ဘက္အသင္းက သူသာ ပါရင္ ကစားသမား အိုေဇးကို လူကပ္ဖို႔ ကစားသမား နွစ္ေယာက္ သံုးရေတာ့မယ္။ ဒါက အျခား အသင္းေဖာ္ေတြ အတြက္ ေနရာလြတ္ေတြ ပို ရေစတယ္။ ဒါကတင္ ကြင္းထဲမွာ ေတာ္ေတာ္ ျခားနားတဲ့ အေနအထား ျဖစ္ေနျပီ။ ”

” လူတိုင္းက သူ ဘယ္လို အရည္အခ်င္းေကာင္းေတြ ရွိတယ္ ဆိုတာ သိတယ္ ျမင္လည္း ျမင္ဖူးၾကတယ္။ သူက ဥေရာပ ထိပ္သီးကစားသမားေတြထဲက တစ္ေယာက္ ျဖစ္တယ္။ သူက ေအာင္ျမင္မႈေတြလည္း အမ်ားၾကီး ရယူေပးနုိင္သလို သူ ပါ၀င္ခြင့္ ရရင္ အသင္းကို တကယ္ အကူအညီ ျဖစ္ေအာင္ ကစားေပးသူ ျဖစ္တယ္။ ” လို႔ ကိုလာစီနက္က အိုေဇးဘက္ကေန ေျပာဆိုသြားခဲ့ပါတယ္။

ကိုလာစီနက္က အိုေဇးသာ ကြင္းထဲမွာ ရွိေနရင္ အေျခအေနေတြက ျခားနားေစတယ္လို႔ ယံုၾကည္ေနျပီး ၄င္းတို႔ နွစ္ဦးဟာ အသင္းေဖာ္ အေနအထားအျပင္ မိတ္ေဆြေကာင္းေတြလည္း ျဖစ္ၾကပံုပါ။