လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားရမယ့် အက်စတွန်ဗီလာနဲ့ပွဲမှာ ဖာဘင်ညိုကို ချန်ထားရမလား ထည့်သွင်းရမလားဆိုတာ အတည်ပြုရခြင်း မရှိသေးကြောင်း ဖြေဆိုပေးမှုနဲ့အတူ ဒဏ်ရာပြဿနာတွေအတွက် စကားပြောလာခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ကာရာဘောင်းပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကီတာနဲ့ မပါနိုင်ခဲ့တဲ့ မာတစ်တို့ ကြံ့ခိုင်မှု အခြေအနေကို “ နာဘီရဲ့ အခြေအနေကတော့ အခုချိန်ထိ ကျနော် မသိသေးပါဘူး။ စောင့်ကြည့်ရမှာပါ။ မာတစ်ကတော့ နောက်အပတ် အနည်းငယ်အထိ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး ” လို့ ဖေဆြိုပေးခဲ့တယ်။

ဖာဘင်ညိုဟာ ဒီရာသီမှာ အဝါကဒ် ၄ ကြိမ်ထိ ရထားခဲ့ပြီဖြစ်လို့ အက်စတွန်ဗီလာနဲ့ပွဲ ပါဝင်ကစားပြီး အဝါထိခဲ့ရင် မန်စီးတီးနဲ့ပွဲကို လွဲချော်မှာဖြစ်တယ်။ ယာဂင်ကလော့ပ်က သူလည်း ဒီအခြေအနေကို သိထားပါတယ်လို့ ပြောဆိုခဲ့ပေမယ့် ဘရာဇီးသား ကွင်းလယ်လူကို ထည့်သုံးရမလား အနားပေးရမလား မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ ဖာဘင်ညိုဟာ ဒီရာသီ လီဗာပူးရဲ့ အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပွဲတိုင်း တည်ငြိမ်တဲ့ ခြေစွမ်း ပြသနေတာပါ။

ကလော့ပ်က ” အခုချိန်ထိတော့ မသိသေးပါဘူး။ သူ့ကို ထည့်စဉ်းစားရမလားဆိုတာ စောင့်ကြည့်ရပါမယ်။ သူ အဝါတကဒ်ထိရင် ပွဲပပယ်ရမှာဖြစ်ပြီး စိန်ခေါ်မှုတွေ လုပ်လို့ မရဘူးဆိုတာ ကျနော်သိတယ်။ ကျနော် ပြောသလိုပဲ အက်စတွန်ဗီလာနဲ့ပွဲမှာ စိန်ခေါ်မှုတွေ မရှိဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ကစားသမားတွေ အားလုံးလည်း သိကြတယ်၊ ကျနော်လည်း သိတယ်။ ဒီတော့ ကျနော် နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မလုပ်ရသေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ် အနေနဲ့ ဖာဘင်ညိုကို မသုံးရင်တော့ ဟန်ဒိုနဲ့ ဝိုက်နယ်ဒမ်ကို တွဲဘက်ပြီး ကွင်းလယ်အထိုင်အဖြစ် ကစားစေနိုင်သလို မီလ်နာနဲ့ ချိန်ဘာလိန်တို့ကိုလည်း ရွှေးချယ်ဖို့ ရှိနေသေးတာဖြစ်တယ်။ နောက်ပြီး ညာအစွန်လူ ထရန့်ကိုပါ ကွင်းလယ်ထဲ ဝင်ကစားခိုင်းဖို့ကလည်း ရွေးချယ်လို့ ရသေးတာကြောင့် ကလော့ပ်အတွက်က ဒါဟာ ပြဿနာကြီးတော့ ဟုတ်ဖွယ် မရှိပါဘူး။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က မနက္ျဖန္မွာ ယွဥ္ျပိဳင္ကစားရမယ့္ အက္စတြန္ဗီလာနဲ႔ပြဲမွာ ဖာဘင္ညိဳကို ခ်န္ထားရမလား ထည့္သြင္းရမလားဆိုတာ အတည္ျပဳရျခင္း မရွိိေသးေၾကာင္း ေျဖဆိုေပးမႈနဲ႔အတူ ဒဏ္ရာျပႆနာေတြအတြက္ စကားေျပာလာခဲ့ပါတယ္။

ပထမဆံုးအေနနဲ႔ ကာရာေဘာင္းပြဲမွာ ဒဏ္ရာရခဲ့တဲ့ ကီတာနဲ႔ မပါႏုိင္ခဲ့တဲ့ မာတစ္တို႔ ၾကံ႕ခိုင္မႈ အေျခအေနကို “ နာဘီရဲ႕ အေျခအေနကေတာ့ အခုခ်ိန္ထိ က်ေနာ္ မသိေသးပါဘူး။ ေစာင့္ၾကည့္ရမွာပါ။ မာတစ္ကေတာ့ ေနာက္အပတ္ အနည္းငယ္အထိ ပါဝင္ကစားႏုိင္မွာ မဟုတ္ပါဘူး ” လို႔ ေဖျဆိုေပးခဲ့တယ္။

ဖာဘင္ညိဳဟာ ဒီရာသီမွာ အဝါကဒ္ ၄ ၾကိမ္ထိ ရထားခဲ့ျပီျဖစ္လို႔ အက္စတြန္ဗီလာနဲ႔ပြဲ ပါဝင္ကစားျပီး အဝါထိခဲ့ရင္ မန္စီးတီးနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္။ ယာဂင္ကေလာ့ပ္က သူလည္း ဒီအေျခအေနကို သိထားပါတယ္လို႔ ေျပာဆိုခဲ့ေပမယ့္ ဘရာဇီးသား ကြင္းလယ္လူကို ထည့္သံုးရမလား အနားေပးရမလား မဆံုးျဖတ္ရေသးဘူးလို႔ ေျပာပါတယ္။ ဖာဘင္ညိဳဟာ ဒီရာသီ လီဗာပူးရဲ႕ အေရးပါဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး ပြဲတိုင္း တည္ျငိမ္တဲ့ ေျခစြမ္း ျပသေနတာပါ။

ကေလာ့ပ္က ” အခုခ်ိန္ထိေတာ့ မသိေသးပါဘူး။ သူ႔ကို ထည့္စဥ္းစားရမလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။ သူ အဝါတကဒ္ထိရင္ ပြဲပပယ္ရမွာျဖစ္ျပီး စိန္ေခၚမႈေတြ လုပ္လို႔ မရဘူးဆိုတာ က်ေနာ္သိတယ္။ က်ေနာ္ ေျပာသလိုပဲ အက္စတြန္ဗီလာနဲ႔ပြဲမွာ စိန္ေခၚမႈေတြ မရွိဖို႔ဆိုတာက မျဖစ္ႏုိင္သေလာက္ပါပဲ။ ကစားသမားေတြ အားလံုးလည္း သိၾကတယ္၊ က်ေနာ္လည္း သိတယ္။ ဒီေတာ့ က်ေနာ္ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ကိုေတာ့ မလုပ္ရေသးပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ အေနနဲ႔ ဖာဘင္ညိဳကို မသံုးရင္ေတာ့ ဟန္ဒိုနဲ႔ ဝိုက္နယ္ဒမ္ကို တြဲဘက္ျပီး ကြင္းလယ္အထိုင္အျဖစ္ ကစားေစႏုိင္သလို မီလ္နာနဲ႔ ခ်ိန္ဘာလိန္တို႔ကိုလည္း ေရႊးခ်ယ္ဖို႔ ရွိေနေသးတာျဖစ္တယ္။ ေနာက္ျပီး ညာအစြန္လူ ထရန္႔ကိုပါ ကြင္းလယ္ထဲ ဝင္ကစားခုိင္းဖို႔ကလည္း ေရြးခ်ယ္လို႔ ရေသးတာေၾကာင့္ ကေလာ့ပ္အတြက္က ဒါဟာ ျပႆနာၾကီးေတာ့ ဟုတ္ဖြယ္ မရွိပါဘူး။