ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄မှာ ချယ်ဆီးဟာ ဝုလ်ဗ်ကို ၅-၂ နဲ့ အနိုင်ရခဲ့ပြီးနောက် လမ်းပတ် ရဲ့ လူငယ်ကစားသမား တွေက နာမည်ကြီး လာခဲ့ပါတယ်။ အဲ့ဒီ့ ဂိုးအားလုံးကို အကယ်ဒမီထွက် ကစားသမားတွေ သွင်းယူခဲ့တာကဟာ တကယ်ကို အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ တန်မီအေဗရာဟမ် ရဲ့ ဟက်ထရစ်၊ မေဆန်မောင့် နဲ့ တိုမီုရီ တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြတာပါ။ ဒါပေမယ့်လဲ ပွဲအပြီးမှာ ဂန္တဝင် ကွင်းလယ်လူ နည်းပြ လမ်းပတ်က သူတို့ကိူ ချီးကျုးဖို့ ဝန်လေးနေခဲ့ပြီး အဲ့ဒီ့အစား အသင်းရဲ့ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်အပေါ် အာရုံစိုက်စေဖို့ ကြိုးစားခဲ့ပါတယ်။

“ဒီနေ့မှာ ဝီလီယံ က ပေါ်လွင်ခဲ့တယ်။ ဘောလုံးမရှိတဲ့အချိန်မှာတောင် သူ့ရဲ့ အလုပ်ကြိုးစားမှုက ချီးကျုးစစရာပါ။ တောင်ပံကစားသမားတွေကို သူတို့ဆီက မင်း ဘာလိုချင်တယ်ဆိုတာ ပြောချင်ရင် ဒီနေ့ပွဲက ဝီလီယံရဲ့ အရည်အသွေး၊ ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ကစားနေတဲ့ ဗီဒီယိုကို ပြလို့ရတယ်။ ကျနော် ဒီကို ရောက်ပြီးနောက်ပိူင်း သူက ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ဒါက လွန်ခဲ့တဲ့ ၆ပတ်က ပြောခဲ့တာဖြစ်ပြီး အခုချိန်မှာလဲ မှန်ကန်နေပါတယ်။ အိုဒွိုင်း နဲ့ ပူလီဆစ် တို့ဟာ အနာဂတ်ရဲ့ စူပါစတားတွေ ဖြစ်ပေမယ့် ဝီလီယံကလဲ လက်ရှိ ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ ဟာဇက်ရဲ့ နံပါတ်၁၀ကို ရယူလိုက်တာက ဘရာဇီးသားကို ဝန်ပိ စေနိုင်ပါတယ်။ ဒါပေမယ့် အဲ့အစား သူက အပိုတာဝန်တွေကို သဘောကျနေပြီး ပိုပြီးတော့ လွတ်လွတ်လပ်လပ် ရှိနေပါတယ်။ လမ်းပတ်က သူ့ကစားသမား တွေ အားလုံးအပေါ် ကြီးမားတဲ့ ယုံကြည်မှု ထားရှိခဲ့ပေမယ့် ဝီလီယံကိုတော့ အယုံကြည်ဆုံးပါ။ ဝီလီယံက ညာတောင်ပံမှာ ပွဲထွက်ရပြီး ကိုယ့်ဧရိယာအတွင်းမှာ အချိန်ကိုက် ဖြတ်ထုတ်မှု နဲ့ အရေးပါတဲ့ ရှင်းထုတ်မှု တွေလုပ်ဖို့ မကြာခဏ ပေါ်လာတတ်ပါတယ်။

ဒါပေမယ့် ချယ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ရထားတဲ့ အခါ သူက နေရာပြောင်းတာ ဒါမှမဟုတ် ကွင်းလယ်ကို ပိုဝင်ကစားသွားတာမျိုး လုပ်လို့ရပါတယ်။ ဒါဟာ ခံစစ်တွေနောက်မှာ ပြေးရတာကို ပိုသဘောကျတဲ့ မောင့်၊ ပူလီဆစ်နဲ့ အိုဒွိုင်း တို့ရဲ့ တိုက်စစ်ကို အကောင်းဆုံး ကူညီပေးပါတယ်။ လမ်းပတ်က ဝီလီယံရဲ့ အားထုတ်မှုနဲ့ ထူးချွန်မှုကို ပိုပြီး သိတဲ့သူပါ။ သူဟာ ၂၀၁၃-၂၀၁၄ ရာသီ စတန်းဖို့ဒ်ဘရစ်ချ် မှာ နောက်ဆုံးရာသီအတွင်း ဘရာဇီးသားနဲ့အတူ ၂၈ပွဲ တွဲကစားခဲ့ဖူးပါတယ်။ ဝီလီယံ ဘာလုပ်ပေးနိူင်တယ်ဆိုတာ သူ ကောင်းကောင်း သိပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်အောင် လုပ်ပေးဖို့ ဆန္ဒရှိခဲ့တာပါ။

သူ့ရဲ့ ယုံကြည်မှု အတွက် ဝီလီယံက နောက်ဆုံး ကိူးပွဲမှာ သူံးဂိုး၊ ဖန်တီးမှု နှစ်ကြိမ်နဲ့ ပြန်ပေးဆပ်ခဲ့ပါတယ်။ ဒါကြောင့် သူက နေရာတစ်နေရာ ပုံမှန်ရပြီး နောက်တနေရာအတွက် ပူလီဆစ်၊ အိုဒွိုင်း နဲ့ ပက်ဒရိုတို့က ပြိုင်ဆိုင်နေရတာပါ။ ဆာရီလက်အောက်မှာ ဝီလီယံ က ပထမဦးစားပေး ကစားသမား အမြဲ မဖြစ်ခဲ့ဘူးဆိုတာကို ပြောင်းလဲပြလိုက်တာ ဖြစ်ပါတယ်။ ရှက်တာဒိုးနတ် ကစားသမားဟောင်း ဟာ မနှစ်က ပြိုင်ပွဲစုံ ဖန်တီးမှု ၁၃ကြိမ် ရှိခဲ့ပြီး ဟာဇက် တစ်ယောက်သာ သူ့ထက် ပိုများခဲ့တာပါ။ ဒီနှစ်မှာ သူက အသင်းလူစားရင်းရဲ့ ပထမဦးစားပေး ကစားသမား တစ်ယောက် ဖြစ်လာတာကြောင့် ပိုပြီးတော့တောင် ဖန်တီးနိုင်မယ့် အနေအထား ရှိပါတယ်။

လမ်းပတ်က ဂိုးနဲ့ဖန်တီးမှုတွေအတွက် မစိုးရိမ်းပဲ ဝီလီယံရဲ့ စွယ်စုံရစွမ်းရည်နဲ့ လုပ်အားနှုန်းကို အတော် သဘောကျတာ ဖြစ်ပါတယ်။ ခံစစ် ပိုင်းက သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ dribbling စွမ်းရည်နဲ့အတူ အသင်းကို ဖိအားလျော့စေတဲ့ တစ်ကိုယ်ကောင်း မဆန်တဲ့သူ တစ်ယောက် အဖြစ် လမ်းပတ်က မြင်နေတာပါ။ ဝီလီယံရဲ့ အရည်အသွေးကို နိုင်ငံအသင်းကလဲ သတိမပြုမိပဲ မနေပါဘူး။ ကိုပါအမေရိက အပြီး ချစ်ကြည်ရေး လေးပွဲမှာ ချန်လှပ်ခံခဲ့ရပြီးနောက် အခုချိန်မှာ အာဂျင်တီးနား ၊ တောင်ကိုရီးယားတို့နဲ့ ပွဲတွေအတွက် ပြန်လည်ခေါ်ယူခြင်းခံခဲ့ရပါတယ်။

ဝီလီယံမှာ ကလပ်ရော နိုင်ငံအဆင့်မှာပါ စွမ်းဆောင်ပြနိူင်နေဆဲဖြစ်ပြီး သူ့ရဲ့ အကျိုးပြုနိုင်မှုကို အထင်သေးလို့ မရပါဘူး။ သူက စီနီယာ အနေနဲ့ သူ့နေရာကို သဘောကျနေပြီး သူတတ်နိုင်တဲ့နည်းနဲ့ လူငယ်တွေကို ကူညီနေတာပါ။ အိုဒွိုင်း နဲ့လဲ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ လိုင်လီကို နိူင်ပွဲနဲ့ ပွဲ၃၀၀ ပြည့်ခဲ့ပြီးနောက် သူက လမ်းပတ် ကစားခဲ့တဲ့ အချိန်နဲ့ မျိုးဆက်သစ် ကစားသမားတွေကြား ချိတ်ဆက်မှု ရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကြောင့်ပဲ ချယ်ဆီး အတွက် ခက်ခဲတဲ့ အပြောင်းအလဲ ကာလကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

Zawgyi

ျပီးခဲ့တဲ့ စက္တင္ဘာ ၁၄မွာ ခ်ယ္ဆီးဟာ ဝုလ္ဗ္ကို ၅-၂ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ လမ္းပတ္ ရဲ႕ လူငယ္ကစားသမား ေတြက နာမည္ႀကီး လာခဲ့ပါတယ္။ အဲ့ဒီ့ ဂိုးအားလုံးကို အကယ္ဒမီထြက္ ကစားသမားေတြ သြင္းယူခဲ့တာကဟာ တကယ္ကို အံ့အားသင့္စရာ ျဖစ္ခဲ့ပါတယ္။ တန္မီေအဗရာဟမ္ ရဲ႕ ဟက္ထရစ္၊ ေမဆန္ေမာင့္ နဲ႔ တိုမီုရီ တို႔က တစ္ဂိုးစီ သြင္းယူခဲ့ၾကတာပါ။ ဒါေပမယ့္လဲ ပြဲအၿပီးမွာ ဂႏၲဝင္ ကြင္းလယ္လူ နည္းျပ လမ္းပတ္က သူတို႔ကိူ ခ်ီးက်ဳးဖို႔ ဝန္ေလးေနခဲ့ၿပီး အဲ့ဒီ့အစား အသင္းရဲ႕ ဝါရင့္ပုဂၢိဳလ္တစ္ေယာက္အေပၚ အာ႐ုံစိုက္ေစဖို႔ ႀကိဳးစားခဲ့ပါတယ္။

“ဒီေန႔မွာ ဝီလီယံ က ေပၚလြင္ခဲ့တယ္။ ေဘာလုံးမရွိတဲ့အခ်ိန္မွာေတာင္ သူ႔ရဲ႕ အလုပ္ႀကိဳးစားမႈက ခ်ီးက်ဳးစစရာပါ။ ေတာင္ပံကစားသမားေတြကို သူတို႔ဆီက မင္း ဘာလိုခ်င္တယ္ဆိုတာ ေျပာခ်င္ရင္ ဒီေန႔ပြဲက ဝီလီယံရဲ႕ အရည္အေသြး၊ ျပင္းထန္တဲ့ အရွိန္အဟုန္နဲ႔ ကစားေနတဲ့ ဗီဒီယိုကို ျပလို႔ရတယ္။ က်ေနာ္ ဒီကို ေရာက္ၿပီးေနာက္ပိူင္း သူက က်ေနာ္တို႔ရဲ႕ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့တယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ဒါက လြန္ခဲ့တဲ့ ၆ပတ္က ေျပာခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာလဲ မွန္ကန္ေနပါတယ္။ အိုဒြိဳင္း နဲ႔ ပူလီဆစ္ တို႔ဟာ အနာဂတ္ရဲ႕ စူပါစတားေတြ ျဖစ္ေပမယ့္ ဝီလီယံကလဲ လက္ရွိ ေခါင္းေဆာင္ တစ္ေယာက္ ျဖစ္ပါတယ္။ ဟာဇက္ရဲ႕ နံပါတ္၁၀ကို ရယူလိုက္တာက ဘရာဇီးသားကို ဝန္ပိ ေစႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့အစား သူက အပိုတာဝန္ေတြကို သေဘာက်ေနၿပီး ပိုၿပီးေတာ့ လြတ္လြတ္လပ္လပ္ ရွိေနပါတယ္။ လမ္းပတ္က သူ႔ကစားသမား ေတြ အားလုံးအေပၚ ႀကီးမားတဲ့ ယုံၾကည္မႈ ထားရွိခဲ့ေပမယ့္ ဝီလီယံကိုေတာ့ အယုံၾကည္ဆုံးပါ။ ဝီလီယံက ညာေတာင္ပံမွာ ပြဲထြက္ရၿပီး ကိုယ့္ဧရိယာအတြင္းမွာ အခ်ိန္ကိုက္ ျဖတ္ထုတ္မႈ နဲ႔ အေရးပါတဲ့ ရွင္းထုတ္မႈ ေတြလုပ္ဖို႔ မၾကာခဏ ေပၚလာတတ္ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးက ေဘာလုံးပိုင္ဆိုင္မႈ ရထားတဲ့ အခါ သူက ေနရာေျပာင္းတာ ဒါမွမဟုတ္ ကြင္းလယ္ကို ပို၀င္ကစားသြားတာမ်ိဳး လုပ္လို႔ရပါတယ္။ ဒါဟာ ခံစစ္ေတြေနာက္မွာ ေျပးရတာကို ပိုသေဘာက်တဲ့ ေမာင့္၊ ပူလီဆစ္နဲ႔ အိုဒြိဳင္း တို႔ရဲ႕ တိုက္စစ္ကို အေကာင္းဆုံး ကူညီေပးပါတယ္။ လမ္းပတ္က ဝီလီယံရဲ႕ အားထုတ္မႈနဲ႔ ထူးခြၽန္မႈကို ပိုၿပီး သိတဲ့သူပါ။ သူဟာ ၂၀၁၃-၂၀၁၄ ရာသီ စတန္းဖို႔ဒ္ဘရစ္ခ်္ မွာ ေနာက္ဆုံးရာသီအတြင္း ဘရာဇီးသားနဲ႔အတူ ၂၈ပြဲ တြဲကစားခဲ့ဖူးပါတယ္။ ဝီလီယံ ဘာလုပ္ေပးႏိူင္တယ္ဆိုတာ သူ ေကာင္းေကာင္း သိၿပီး အသင္းရဲ႕ အဓိက ကစားသမား တစ္ေယာက္ ျဖစ္ေအာင္ လုပ္ေပးဖို႔ ဆႏၵရွိခဲ့တာပါ။

သူ႔ရဲ႕ ယုံၾကည္မႈ အတြက္ ဝီလီယံက ေနာက္ဆုံး ကိူးပြဲမွာ သူံးဂိုး၊ ဖန္တီးမႈ ႏွစ္ႀကိမ္နဲ႔ ျပန္ေပးဆပ္ခဲ့ပါတယ္။ ဒါေၾကာင့္ သူက ေနရာတစ္ေနရာ ပုံမွန္ရၿပီး ေနာက္တေနရာအတြက္ ပူလီဆစ္၊ အိုဒြိဳင္း နဲ႔ ပက္ဒ႐ိုတို႔က ၿပိဳင္ဆိုင္ေနရတာပါ။ ဆာရီလက္ေအာက္မွာ ဝီလီယံ က ပထမဦးစားေပး ကစားသမား အၿမဲ မျဖစ္ခဲ့ဘူးဆိုတာကို ေျပာင္းလဲျပလိုက္တာ ျဖစ္ပါတယ္။ ရွက္တာဒိုးနတ္ ကစားသမားေဟာင္း ဟာ မႏွစ္က ၿပိဳင္ပြဲစုံ ဖန္တီးမႈ ၁၃ႀကိမ္ ရွိခဲ့ၿပီး ဟာဇက္ တစ္ေယာက္သာ သူ႔ထက္ ပိုမ်ားခဲ့တာပါ။ ဒီႏွစ္မွာ သူက အသင္းလူစားရင္းရဲ႕ ပထမဦးစားေပး ကစားသမား တစ္ေယာက္ ျဖစ္လာတာေၾကာင့္ ပိုၿပီးေတာ့ေတာင္ ဖန္တီးႏိုင္မယ့္ အေနအထား ရွိပါတယ္။

လမ္းပတ္က ဂိုးနဲ႔ဖန္တီးမႈေတြအတြက္ မစိုးရိမ္းပဲ ဝီလီယံရဲ႕ စြယ္စုံရစြမ္းရည္နဲ႔ လုပ္အားႏႈန္းကို အေတာ္ သေဘာက်တာ ျဖစ္ပါတယ္။ ခံစစ္ ပိုင္းက သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈ၊ dribbling စြမ္းရည္နဲ႔အတူ အသင္းကို ဖိအားေလ်ာ့ေစတဲ့ တစ္ကိုယ္ေကာင္း မဆန္တဲ့သူ တစ္ေယာက္ အျဖစ္ လမ္းပတ္က ျမင္ေနတာပါ။ ဝီလီယံရဲ႕ အရည္အေသြးကို ႏိုင္ငံအသင္းကလဲ သတိမျပဳမိပဲ မေနပါဘူး။ ကိုပါအေမရိက အၿပီး ခ်စ္ၾကည္ေရး ေလးပြဲမွာ ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ အခုခ်ိန္မွာ အာဂ်င္တီးနား ၊ ေတာင္ကိုရီးယားတို႔နဲ႔ ပြဲေတြအတြက္ ျပန္လည္ေခၚယူျခင္းခံခဲ့ရပါတယ္။

ဝီလီယံမွာ ကလပ္ေရာ ႏိုင္ငံအဆင့္မွာပါ စြမ္းေဆာင္ျပႏိူင္ေနဆဲျဖစ္ၿပီး သူ႔ရဲ႕ အက်ိဳးျပဳႏိုင္မႈကို အထင္ေသးလို႔ မရပါဘူး။ သူက စီနီယာ အေနနဲ႔ သူ႔ေနရာကို သေဘာက်ေနၿပီး သူတတ္ႏိုင္တဲ့နည္းနဲ႔ လူငယ္ေတြကို ကူညီေနတာပါ။ အိုဒြိဳင္း နဲ႔လဲ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိပါတယ္။ လိုင္လီကို ႏိူင္ပြဲနဲ႔ ပြဲ၃၀၀ ျပည့္ခဲ့ၿပီးေနာက္ သူက လမ္းပတ္ ကစားခဲ့တဲ့ အခ်ိန္နဲ႔ မ်ိဳးဆက္သစ္ ကစားသမားေတြၾကား ခ်ိတ္ဆက္မႈ ရွိတဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ေၾကာင့္ပဲ ခ်ယ္ဆီး အတြက္ ခက္ခဲတဲ့ အေျပာင္းအလဲ ကာလကို အဆင္ေျပေျပ ျဖတ္ေက်ာ္ႏိုင္ခဲ့ပါတယ္။