လီဗာပူးမန်နျော ယာဂင်ကလေ့ပ်က ဆာလက်ဟာ စိတ်ရှုပ်စရာ ဒဏ်ရာပြဿနာ ရှိနေဆဲဖြစ်ပြီး ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲ မတိုင်ခင် နောက်ဆုံး ပြုလုပ်မယ့် ကလပ်အသင်းနဲ့ လေ့ကျင့်ရေးတော့ ပါဝင်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

လက်စတာနဲ့ပွဲပြီးတဲ့နောက် အရှင်းမပျောက်သေးတဲ့ ခြေကျင်းဝတ် ဒဏ်ရာဟာ သူ့မှာ ရှိနေဆဲဖြစ်ကာ ကလော့ပ်ကတော့ ဗီလာနဲ့ပွဲမှာ ဆာလက်ကို အသုံးပြုနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်။ လက်စတာကစားသမား Hamza Choudrey ရဲ့ အန္တရာယ်များတဲ့ ဖြတ်ထုတ်မှုကြောင့် ဆာလက်ဟာ ယူနိုက်တက်နဲ့ပွဲကို လွဲချော်ခဲ့ပြီး စပါးနဲ့ပွဲမှာတော့ ပါဝင်နိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် စပါးနဲ့ပွဲအပြီးမှာ ခြေကျင်းဝတ်ကို ရေခဲအုပ်ထားတဲ့ အနေအထားကြောင့် သူ့ရဲ့ ဒဏ်ရာက အရှင်းမပျောက်သေးဘူးလို့ ယူဆမှုတွေ ရှိခဲ့တာပါ။ အီဂျစ်တိုက်စစ်သမားရဲ့ ဒဏ်ရာပြဿနာနဲ့ ပက်သက်လို့ ယာဂင်ကလော့ပ်က အခုလို ပြောပါတယ်။

” ဆာလက် အဆင်ပြေနေသင့်ပါတယ်။ သူ့ရဲ့ တစ်ဦးချင်း ကြံ့ခိုင်မှုအတွက် ဝန်ထမ်းလမ်းရှိပြီး သောကြာနေ့ လေ့ကျင့်ရေးမှာတော့ သူပါမှာပါ။ သူ့ရဲ့ ဒဏ်ရာက စိတ်ညစ်စရာကောင်းပါတယ်။ ကျနော်အတွက် မဟုတ်ဘူးနော် သူ့အတွက် စိတ်ညစ်စရာကောင်းမယ် ပြောတာပါ။ ဒဏ်ရာပြဿနာက ပုံသေသက်မှတ်လို့ မရဘူးလေး။ သူ ဒီပြဿနာကို ဖြေရှင်းနိုင်သင့်ပါတယ်။ ကျနော်တို့ သက်သာအောင် လုပ်ပေးပေမယ့် ပြန်ဖြစ်လာတယ် အဲ့လိုအနေအထားဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာက အရမ်းကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဆေးအဖွဲ့ကလည်း အဲ့လို ပြောတာကိုတော့ ကျနော် ကြားသိထားရတယ်။ ဒီတော့ သူ အဆင်ပြေနေသင့်ပါတယ် ” လို့ ကလော့ပ်က မီဒီယာတွေ့ဆုံမှုကနေ ပြောဆိုခဲ့တာဖြစ်တယ်။

အက်စတွန်ဗီလာနဲ့ပွဲဟာ လီဗာပူးအတွက် ခက်ခဲတဲ့ပွဲ မဟုတ်နိုင်ပေမယ့် စိန်ခေါ်မှုတွေ ရှိနေမယ့် ပွဲတစ်ပွဲဖြစ်တယ်။ လီဗာပူးက ဒီပွဲမှာ အမှားမခံဖို့ လိုအပ်တဲ့ အကြောင်းရင်းက နောက်အပတ်မှာ မန်စီးတီးနဲ့ အမှတ်ပေးပွဲ ကစားရဖို့ ရှိနေတာကြောင့်ဖြစ်တယ်။ အက်စတွန်ဗီလာကို အနိုင်ရပြီး မန်စီးတီးကို အနိုင်ထပ်ယူနိုင်ခဲ့ရင် လီဗာပူးက ၉ မှတ်ထိ အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေန်ာ ယာဂင္ကေလ့ပ္က ဆာလက္ဟာ စိတ္ရႈပ္စရာ ဒဏ္ရာျပႆနာ ရွိေနဆဲျဖစ္ျပီး ဒီအပတ္ အက္စတြန္ဗီလာနဲ႔ပြဲ မတိုင္ခင္ ေနာက္ဆံုး ျပဳလုပ္မယ့္ ကလပ္အသင္းနဲ႔ ေလ့က်င့္ေရးေတာ့ ပါဝင္သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

လက္စတာနဲ႔ပြဲျပီးတဲ့ေနာက္ အရွင္းမေပ်ာက္ေသးတဲ့ ေျခက်င္းဝတ္ ဒဏ္ရာဟာ သူ႔မွာ ရွိေနဆဲျဖစ္ကာ ကေလာ့ပ္ကေတာ့ ဗီလာနဲ႔ပြဲမွာ ဆာလက္ကို အသံုးျပဳႏုိင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္တယ္။ လက္စတာကစားသမား Hamza Choudrey ရဲ႕ အႏၱရာယ္မ်ားတဲ့ ျဖတ္ထုတ္မႈေၾကာင့္ ဆာလက္ဟာ ယူႏုိက္တက္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ျပီး စပါးနဲ႔ပြဲမွာေတာ့ ပါဝင္ႏုိင္ခဲ့ပါေသးတယ္။

ဒါေပမယ့္ စပါးနဲ႔ပြဲအျပီးမွာ ေျခက်င္းဝတ္ကို ေရခဲအုပ္ထားတဲ့ အေနအထားေၾကာင့္ သူ႔ရဲ႕ ဒဏ္ရာက အရွင္းမေပ်ာက္ေသးဘူးလို႔ ယူဆမႈေတြ ရွိခဲ့တာပါ။ အီဂ်စ္တိုက္စစ္သမားရဲ႕ ဒဏ္ရာျပႆနာနဲ႔ ပက္သက္လို႔ ယာဂင္ကေလာ့ပ္က အခုလို ေျပာပါတယ္။

” ဆာလက္ အဆင္ေျပေနသင့္ပါတယ္။ သူ႔ရဲ႕ တစ္ဦးခ်င္း ၾကံ႕ခိုင္မႈအတြက္ ဝန္ထမ္းလမ္းရွိျပီး ေသာၾကာေန႔ ေလ့က်င့္ေရးမွာေတာ့ သူပါမွာပါ။ သူ႔ရဲ႕ ဒဏ္ရာက စိတ္ညစ္စရာေကာင္းပါတယ္။ က်ေနာ္အတြက္ မဟုတ္ဘူးေနာ္ သူ႔အတြက္ စိတ္ညစ္စရာေကာင္းမယ္ ေျပာတာပါ။ ဒဏ္ရာျပႆနာက ပံုေသသက္မွတ္လို႔ မရဘူးေလး။ သူ ဒီျပႆနာကို ေျဖရွင္းႏုိင္သင့္ပါတယ္။ က်ေနာ္တို႔ သက္သာေအာင္ လုပ္ေပးေပမယ့္ ျပန္ျဖစ္လာတယ္ အဲ့လိုအေနအထားျဖစ္ပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ ဒဏ္ရာက အရမ္းၾကီးမားတဲ့ ျပႆနာေတာ့ မဟုတ္ပါဘူး။ ေဆးအဖြဲ႔ကလည္း အဲ့လို ေျပာတာကိုေတာ့ က်ေနာ္ ၾကားသိထားရတယ္။ ဒီေတာ့ သူ အဆင္ေျပေနသင့္ပါတယ္ ” လို႔ ကေလာ့ပ္က မီဒီယာေတြ႔ဆံုမႈကေန ေျပာဆိုခဲ့တာျဖစ္တယ္။

အက္စတြန္ဗီလာနဲ႔ပြဲဟာ လီဗာပူးအတြက္ ခက္ခဲတဲ့ပြဲ မဟုတ္ႏုိင္ေပမယ့္ စိန္ေခၚမႈေတြ ရွိေနမယ့္ ပြဲတစ္ပြဲျဖစ္တယ္။ လီဗာပူးက ဒီပြဲမွာ အမွားမခံဖို႔ လိုအပ္တဲ့ အေၾကာင္းရင္းက ေနာက္အပတ္မွာ မန္စီးတီးနဲ႔ အမွတ္ေပးပြဲ ကစားရဖို႔ ရွိေနတာေၾကာင့္ျဖစ္တယ္။ အက္စတြန္ဗီလာကို အႏုိင္ရျပီး မန္စီးတီးကို အႏုိင္ထပ္ယူႏုိင္ခဲ့ရင္ လီဗာပူးက ၉ မွတ္ထိ အမွတ္ျဖတ္ႏုိင္မယ့္ အခြင့္အေရး ရွိေနတာ ျဖစ္ပါတယ္။